ပြည်သူအားလုံးဘေးအန္တရာယ်ကင်းပြီး ပျော်ရွှင်ရမယ့်နေ့လေးအမြန်ရောက်ပါစေလို့ မွေးနေ့တောင်းဆုပြုခဲ့တဲ့ မင်းသမီးချောလေး ရတနာဗိုလ်

ပရိသတ်ကြီးရေ ရတနာဗိုလ်ကတော့ မော်ဒယ်လ်သရုပ်ဆောင် မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့နိုဝင်ဘာလ (၁၅)ရက်နေ့လေးကတော့ ရတနာဗိုလ်ရဲ့မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါ တယ်။

ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးမှာတော့ ရတနာဗိုလ်က မွေးနေ့ဆုမွန်ကောင်းအနေနဲ့ “ပြည်သူအားလုံးစိတ်သောကကင်း ဘေးအန္တရာယ်ကင်းပြီး အားလုံးတူတူပျော်ရွှင်ရမယ့်နေ့လေး အမြန်ဆုံးရောက်ရှိနိုင်ရပါလို၏ “လို့ မွေးနေ့ဆုတောင်းခဲ့ပြီး ဒီမွေးနေ့ဆုတောင်းလေးတစ်ခုတော့ မွေးနေ့ဆုအနေနဲ့ ပြည့်ရပါစေလို့ ဆန္ဒပြုထားခဲ့ပါ တယ်။

ရတနာဗိုလ်ကို ချစ်ခင်တဲ့ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင် မောင်နှမတွေကတော့ ရတနာဗိုလ်အတွက် မွေးနေ့ဆုတောင်းလေးနဲ့အတူ ရတနာဗိုလ်ရဲ့ မွေးနေ့ဆုတောင်းလေးပြည့်စေဖို့ ဝိုင်းဝန်းဆုတောင်းပေးထားကြပါသေးတယ်။ ပရိသတ်ကြီးတွေလည်း ရတနာဗိုလ်ရဲ့ မွေးနေ့ဆုတောင်းလေးပြည့်စေဖို့ ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါဦ းနော်။

Source – Yadanar Bo

Credit: CeleZone