မန်ယူနှင့်မန်စီးတီးကို ပေါင်းစပ်ပြီး စူပါကလပ်တစ်ခုအဖြစ် ပြောင်းလဲရန် စီစဉ်ခဲ့ဖူးတဲ့ မန်စီးတီးအသင်းရဲ့ ဒုဥက္ကဌ

၁၉၆၀ခုနှစ်များတုန်းကမန်ချက်စတာယူနိုက်တက်နှင့်မန်ချက်စတာစီးတီးတို့ကိုပေါင်းစပ်ပြီး ထိပ်သီးကလပ်တစ်ခုအဖြစ် တည်ထောင်ရန်စီစဉ်ခဲ့ကြဖူးပါတယ်။

ထိုစဉ်ကကလပ်နှစ်ခုလုံး အခုလိုတစောင်းစေနှင့်မျက်ချေးမဟုတ်ကြသေးဘဲ တစ်သင်းနှင့်တစ်သင်းအလွန်ကောင်းတဲ့ဆက်ဆံရေးများရှိပါတယ်။ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာမန်စီးတီးဟာမန်ယူကိုအိုးထရက်ဖို့ဒ်ပျက်စီးမှုကြောင့်သူတို့ရဲ့အိမ်ကွင်းပွဲကို Maine Road မှာကစားခွင့်ပေးခဲ့ပါတယ်။

၁၉၆၄ခုနှစ်တုန်းကမန်စီးတီးအသင်းဒုဥက္ကဌကဖရန့်ဂျွန်ဆင်ဖြစ်ပါတယ်။သူဟာမန်ချက်စတာကလပ်နှစ်ခုကိုပေါင်းပြီးစူပါကလပ်အဖြစ်အသွင်ပြောင်းရန်ဆန္ဒပြင်းပြခဲ့ပါတယ်။

ထိုစဉ်ကမန်စီးတီးဟာဒုတိယမှာကစားနေပါတယ်။ဒါပေမယ့်မန်ယူကအဆင့်မြင့်တန်းမှာဒုတိယနေရာကိုရယူထားနိုင်မှုနဲ့အတူကလပ်နှစ်ခုကိုပေါင်းစည်းပြီးစူပါကလပ်အဖြစ်တည်ထောင်ရေးစိတ်ကူးကမဖြစ်နိုင်ခဲ့ပါဘူး။

ဆွေးနွေးမှုများစွာရှိခဲ့ကြပေမယ့်လည်းကလပ်နှစ်ခုလုံးကလူတွေကသဘောတူညီမှုမရရှိမှုနဲ့အတူမဖြစ်မြောက်ခဲ့ပါဘူး။

မန်ချက်စတာဘောလုံးသမိုင်းဆရာဂယ်ရီဂျိမ်းစ်က “ဒီစိတ်ကူးကိုပြည်သူလူထုကြားထဲမှာမရောက်ခင်မှာဘဲကလပ်နှစ်ခုလုံးကအဆုံးသတ်လိုက်တာပါ။အဲဒီတုန်းကဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်တဲ့အဲရစ်အလက်ဇန္ဒားနဲ့စကားပြောခဲ့ပါတယ်။

သူကဖရန့်ဂျွန်ဆင်ရဲ့စိတ်ကူးလို့ပြောပါတယ်။နောက်ထပ်သူ့အစီအစဉ်ကမြောက်နဲ့တောင်မှာဘဲထားဖို့ပါ။ဒါပေမယ့်အဲဒီတုန်းကစီးတီးကအဆင့်နိမ့်လိဂ်မှာပါ”လို့ပြောကြားသွားပါတယ်။

ယင်းနောက်ပိုင်းတွင်မန်စီးတီးသို့နည်းပြဂျိုးမာဆာရောက်လာပါတယ်။သူဟာတန်းတက်ရအောင်စွမ်းဆောင်ရုံသာမက၁၉၆၈ခုနှစ်မှာအဆင့်မြင့်တန်းဖလားရအောင်လုပ်ဆောင်နိုင်ခဲ့သလိုနောက်တစ်နှစ်မှာအက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

တစ်ဖက်တွင်မန်ယူဟာလည်း၁၉၆၈ခုနှစ်မှာဥရောပဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။၎င်းတို့ဟာဝင်ဘာလေကွင်းမှာဘင်ဖီကာကို၄-၁ဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပြီးဥရောပဖလားဆွတ်ခူးနိုင်တဲ့ပထမဆုံးအင်္ဂလိပ်ကလပ်ဖြစ်လာခဲ့ပါတယ်။

Zawgyi