ဖိအားတွေအောက်မှာ ရုန်းကန်နေရတဲ့ သားဖြစ်သူကို အားပေးစကားပြောခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့မိခင်

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲမှာ ဆားဘီးယားအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မယ့်အခွင့်အရေးဆုံးရှုံးသွားပြီဖြစ်ပြီး ဒါက နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့တဲ့အတွက် မိခင်ဖြစ်သူဒါလောရက်စ်အဗယ်ရိုက သားဖြစ်သူကို နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ အိမ်ကွင်းမှာ သရေတစ်မှတ်ရရုံနဲ့ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပေမယ့် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် အုပ်စုဒုတိယအဖြစ် Play-offs ဆက်ကစားရမှာဖြစ်ပြီး ပွဲအပြီးမှာ စီရော်နယ်လ်ဒိုဟာ စိတ်ပျက်လက်နဲ့ငိုကြွေးခဲ့သလို ရှုံးပွဲအတွက်မကျေမနပ်ဖြစ်တာကနေ နည်းပြဖာနန်ဆန်းတို့စ်နဲ့ အပြန်အလှန်စကားများခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဒါလောရက်စ်ကတော့ သားဖြစ်သူကို အပြည့်အဝယုံကြည်ထားပြီး ပေါ်တူဂီအသင်းနဲ့အတူ (၅)ကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ဆင်နွှဲခွင့်ရမယ်လို့ မျှော်လင့်ထားဆဲဖြစ်ပါတယ်။

ဆားဘီးယားနဲ့ပွဲအပြီးမှာ ဒါလောရက်စ်က စီရော်နယ်လ်ဒိုနဲ့အတူရိုက်ထားတဲ့ဓာတ်ပုံနဲ့ ‘သားရဲ့အရည်အချင်းကို အမေ လုံးဝယုံကြည်ထားပြီးသားပါ’လို့ စာရေးသားပြီးတော့ Instagram မှာ Post တင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တာကြောင့် စီရော်နယ်လ်ဒိုရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၅)ကြိမ်ဆက်ပါဝင်ကစားခွင့်ရရေးမျှော်လင့်ချက်ကလည်း စိုးရိမ်စရာဖြစ်နေပါပြီ။

စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာပါဝင်ကစားခဲ့ပြီး တကယ်လို့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ်ဆိုရင်တော့ ပြိုင်ပွဲသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား(၅)ကြိမ်ဆက်ကစားခဲ့တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာမှာပါ။

စီရော်နယ်လ်ဒိုမတိုင်ခင်က ဂျာမနီဂန္ထဝင်ကစားသမားလိုသာမားသီးယက်စ်၊ မက္ကဆီကိုဂန္ထဝင်တွေဖြစ်တဲ့ အန်တိုနီယိုကာဗာဟယ်လ်၊ ရာဖေးလ်မားကွက်ဇ်တို့က ကမ္ဘာ့ဖလား(၅)ကြိမ်ဆက်ကစားခဲ့သူတွေအဖြစ် ရပ်တည်နေပြီး ဒီကစားသမားတွေလိုစွမ်းဆောင်နိုင်ဖို့ ပေါ်တူဂီအသင်းအတွက် စီရော်နယ်လ်ဒို Play-offs မှာ ရလဒ်ကောင်းရယူပေးဖို့လိုအပ်နေပါပြီ။

Zawgyi