လေလည်ခြင်းကနေ ရရှိမယ်လို့ သင်လုံးဝ မမျှော်လင့်ထားတဲ့ ကောင်းကျိုးများ

Loading...

အမယ် အမယ်.. ခေါင်းစဉ်ဖတ်ပြီး နှာခေါင်းမရှုံ့ပါနဲ့နော်…. တကယ်က လေလည်တယ်ဆိုတာ သင့်ရဲ့ခန္ဓာကိုယ်ကြီး ကျန်းမာနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့… လေမလည်ရင်သာ စိုးရိမ်ရတာပါ.. ဘာလို့လည်းဆိုတော့ လူတွေ စားသောက်သမျှ အာဟာရတွေကို အစာအိမ်နဲ့ အူလမ်းကြောင်းတွေအတွက် စုပ်ယူအပြီးမှာ ဂတ်စ်တွေထွက်လာပြီး ဒါဟာ သဘာဝဖြစ်စဉ်တခုမလို့လည်းဖြစ်ပါတယ်… အဲ.. သူများရဲ့ လေလည်တဲ့အနံရရင်တော့ နှာခေါင်းပိတ်တာ၊ ယပ်ခတ်တာ၊ ထွက်ပြေးတာ တခုခုလုပ်ပေါ့လေ…

(၁) ဗိုက်ကယ်တာကို လျော့ချပေးတယ်

စားကောင်းကောင်းနဲ့ စားပြီး ဘောင်းဘီကျပ်တာမျိုးတွေ၊ ဗိုက်ကြီးကယ်နေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေမှာ ရေဓာတ်ပုံမှန်ထက်ပိုပြီးရသွားချိန်မှာ ဒီလိုမျိုးဖြစ်တတ်ပါတယ်တဲ့။ အဲဒီအချိန်မှာ ဂတ်စ်လေး နဲနဲလောက်ထုတ်ပေးလိုက်နိုင်ရင် နေရထိုင်ရ သက်သောင့်သက်သာဖြစ်သွားမှာပါ။

Loading...

(၂) အူမကြီးကျန်းမာရေးအတွက် ကောင်းတယ်

တချို့တွေဟာ လေလည်ချင်ပေမဲ့ အောင့်ထားတာမျိုး လုပ်ဖူးကြမှာပါ။ တခါတလေ အဲဒီဂတ်စ်တွေက ဒီလိုအောင့်ထားလိုက်ရင် ထွက်မသွားဘဲ ခန္ဓာကိုယ်အတွင်းမှာ ပြဿနာဖြစ်တတ်ပါတယ်။ အထူးသဖြင့် အူမကြီးကို ဒုက္ခပေးတတ်တယ်လို့ ဆေးပညာစာစောင်တွေမှာ ရေးသားထားပါတယ်။

(၃) ကျန်းမာရေးအတွက် ကြိုတင်သတိပေးတယ်

ဟုတ်ပါတယ်။ တခါတလေ အနံနဲ့တင် သင့်ရဲ့ ဝမ်းဗိုက်ကျန်းမာရေး ဘယ်လိုဖြစ်နေသလဲဆိုတာကို သိနိုင်တယ်လေ။ အရှင်းဆုံးဥပမာပေးရရင် ဝမ်းချုပ်နေတဲ့အချိန်နဲ့ ပုံမှန်အချိန် ကွာခြားလွန်းတာမျိုးပေါ့။ ဒါကြောင့် သင့်ရဲ့ လေလည်အနံကိုလိုက်ပြီး သင့်ကျန်းမာရေးကိုလည်း ကြိုတင်သတိပြုမိနိုင်ပါတယ်။

(၄) အနံ့က ကျန်းမာရေးအတွက် ကောင်းတယ်

ခေါင်းစဉ်ကမမှားပါဘူး။ လေလည်တဲ့အနံဖြစ်တဲ့ ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်ဒ် အနံ့က ကျန်းမာရေးအတွက် တကယ်ကောင်းတာပါ။ လေ့လာတွေ့ရှိချက်တွေအရ အဲဒီအနံ့ဟာ ဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး တော်ရုံတန်ရုံ အဖျားတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပါတယ်တဲ့။ ဒါပေမဲ့ တခုပဲ .. ပမာဏနည်းနည်းကပဲ ကာကွယ်နိုင်တာပါနော်။ အများကြီးလိုက်ရှုနေရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါ။

(၅) စိတ်သက်သာရာ ရစေတယ်

ဒါကတော့ လုံးဝ အမှန်အကန်ပါ။ အောင့်ထားရာကနေ လွှတ်လိုက်ချိန်မှာ စိတ်ထဲက သက်သာသွားတာ၊ နေပျော်သလိုဖြစ်သွားတာတွေ ကြုံဖူးကြတယ်မလား။ မလိမ်ကြနဲ့နော်….

Ref : Little Things, Wikipedia

Loading...