ဒီအချိန် ဒါလေးတွေ လုပ်ပေးရင် အသက် ၅၀ မှာ ပျော်နေလိမ့်မယ်
အခုချိန်မှာ သင့်အသက်က ဘယ်လောက်လဲ။ အသက် ၂၀ လား ၂၅ နှစ်လား။ ဒါတွေ ခဏထားလိုက်ပါ။ သင်အဖိုးကြီးဖြစ်ချိန်မှာ စိတ်ချမ်းသာစေမယ့် နည်းလမ်းလေးတွေ မျှဝေချင်လို့ပါ။
(၁) ဆေးလိပ်မသောက်နဲ့ ။ Junk Food ရှောင်ပါ
ဆေးလိပ်သောက်ခြင်းဟာ တွက်ခြေမကိုက်တဲ့ အလုပ်ပါ။ ကျန်းမာရေးအတွက် ဆိုးကျိုးတွေပဲ ပေးပါတယ်။ အသက် ၅၀ မှာ ကင်ဆာမဖြစ်ချင်ရင် ဆေးလိပ်ဖြတ်ပါ။ Junk Food တွေ မစားပါနဲ့။
(၂) မိသားစုနဲ့ ချစ်ချစ်ခင်ခင်နေပါ
အသက် ၅၀ ဆိုရင် သင်လည်း ကိုယ့်မိသားစုနဲ့ကိုယ့်အသိုက်အမြုံနဲ့ ဖြစ်နေပါပြီ။ သင့်မိဘမောင်ဘွားတွေနဲ့ အတော်ကြီး ဝေးသွားတဲ့ အခြေအနေဖြစ်ပါတယ်။ ဘဝက တိုပါတယ်။ သင်နဲ့ အတူရှိခဲ့တဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို ပစ်မထားလိုက်ပါနဲ့။
(၃) ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
အသက် ၂၀-၂၅ မှာ ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန် လုပ်တဲ့သူဟာ ဖျတ်လတ်ပေါ့ပါးပြီး ကျန်းမာရွှင်လန်းတဲ့ အဖိုးကြီးအဖြစ် နေနိုင်ဖို့ အခွင့်အလမ်းများပါတယ်။
ကိုယ်အလေးချိန်ကလည်း ကျန်းမာရေးနဲ့ညီညွတ်နေမယ်။ လူကလည်း နုပျိုလန်းဆန်းနေပါလိမ့်မယ်။
(၄) နည်းနည်းလေးပဲ ဖြစ်ပါစေ ငွေစုပါ
ငွေစုခြင်းဟာ အမျှော်အမြင်ရှိတာပါပဲ။ အလုပ်လုပ်နိုင်တုန်း ၊ ရှာနိုင်ဖွေနိုင်တုန်း ပိုက်ဆံကို အကျိုးမဲ့ မဖြုန်းတီးဘဲ အနာဂါတ်အတွက် ချန်လှပ်စုဆောင်းမှုလုပ်သင့်ပါတယ်။
ဒီလို ငွေစုတဲ့ အကျိုးကျေးဇူးကို အသက်ကြီးလာလေလေ ပိုပြီး သိလာလေလေ ဖြစ်ပါလိမ့်မယ်။
(၅) ဘဝရည်မှန်းချက်လေးတွေ လုပ်ဖြစ်အောင် လုပ်ပါ
လူတွေဟာ တစ်လျှောက်လုံး ငွေချည်းပဲ စု ၊ အလုပ်ချည်းပဲ သွားနဲ့ ဘဝကို ဖြတ်ကျော်နေကြတာ မဟုတ်ပါဘူး။ ကိုယ့်ဘဝမှာ ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတစ်ချို့ ၊ ရချင်ရောက်ချင်ခဲ့တဲ့ ပန်းတိုင်လေးတွေ နောက်လည်း လိုက်ဖို့ လုပ်ရပါတယ်။ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ချင်သလား။
ဖြစ်အောင် လုပ်ပါ။ စာတစ်အုပ်ရေးခဲ့ချင်သလား ။ ချသာရေးပါ။ နောက်ထပ် ဘွဲ့လွန်တစ်ခုခု တက်ချင်သလား။ ဆက်ပြီးသာ တက်လိုက်ပါ။ ဒီနေ့က စပါ။ ကိုယ့်ဘဝကို ပိုပြီး အဓိပ္ပါယ်ရှိစေမယ့်အရာတွေကို လုပ်ဖို့ နောက်မတွန့်လိုက်ပါနဲ့။
Zawgyi
(၁) ဆေးလိပ်မသောက်နဲ့ ။ Junk Food ရှောင်ပါ