အကြမ်းတမ်းဆုံး ကစားသမား (၅) ယောက်

သင်္ကေတ အားကစားပရိသတ်တို့ မင်္ဂလာပါ။ ဘောလုံးအားကစားကို လှပတဲ့ ကစားနည်းတစ်ခုအဖြစ် လူအများစုက မှတ်ယူထားကြပါတယ်။ ဒါပေမယ့်လည်း ဘောလုံးအားကစားရဲ့ အခြားတစ်ဘက်မှာလည်း ရုပ်ဆိုးအကျည်းတန်တာတွေ ရှိနေတတ်ပြီး ကွင်းအတွင်းမှာ အရမ်းကြမ်းတမ်းတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ အကြမ်းတန်းဆုံး ကစားသမား ၅ ယောက်ကို ဖော်ပြပေးသွားပါမယ်။ ဘယ်ကစားသမားက အကြမ်းတမ်းဆုံးလဲဆိုတာကိုလည်း ကွန်းမန့်မှာ ပြောသွားကြပါအုံး။

(၅) ဆာဂျီယို ရာမို့စ်

ရီးရဲမတ်ဒရစ် နောက်ခံလူ ရာမို့စ်ဟာဆိုရင် သူ့ရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုတွေနဲ့ လူချကစားတတ်တဲ့ ကစားဟန်တွေနဲ့ ပတ်သတ်ပြီး နာမည်ကြီးပါတယ်။ တမင် လူချကစားတတ်တယ်လို့ လူအများကပြောကြတဲ့ ရာမို့စ်က ချန်ပီယံလိပ်စ်ဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီပါပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ လီပါပူးတိုက်စစ်မှူး ဆာလာကို တမင်တကာ လူချတယ်ဆိုပြီး လူအများရဲ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။ သူ့ကစားသမား သတ်တမ်းတစ်လျောက်မှာ အနီကတ်စုစုပေါင်း ၂၆ ကတ်ကို ပြခံထားရပြီး ချန်ပီယံလိပ်စ်၊ စပိန်၊ လာလီဂါ နဲ့ ရီးရဲမတ်ဒရစ် မှာ ကတ်အများဆုံးပြခံထားရတဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဘယ်လောက်ပဲ ကြမ်းတမ်းတယ်ပြောပါစေ… ရာမိုစ့်ရဲ့ ကောင်းမွန်လှတဲ့ ဖြတ်ထုတ်မှုတွေနဲ့ ခေါင်းဆောင်ပီသမှုတွေအကြောင့် ကိုယ့်အသင်းမှာဆိုရင် ရှိစေချင်တဲ့ ကစားသမားတစ်ယောက်ဆိုတာကတော့ ငြင်းလို့ မရပါဘူး။ ၂၀၀၅ ခုနှစ်မှာ ဆီဗီလာကနေ ရီးရဲမတ်ဒရစ်အသင်းကို ပြောင်းရွေ့လာတဲ့ ရာမိုစ့်က ပြိုင်ဘက်ဂိုးဧရိယာထဲမှာလည်း ကြောက်စရာအကောင်းဆုံး ခေါင်းတိုက်သွင်းနိုင်သူ တစ်ဦးဖြစ်ပြီး အရမ်းအရေးကြီးတဲ့ ပွဲတွေမှာ သူ့ရဲ့ ခေါင်းတိုက်ဂိုးတွေကို ခဏခဏ တွေ့မြင်ကြဖူးမှာပါ။ ရီးရဲမတ်ဒရစ်အသင်းနဲ့ ချန်ပီယံလိပ်စ် ၄ ကြိမ်ရယူထားတဲ့အပြင် ကမ္ဘာ့ဖလားနဲ့ ယူရိုဖလားတွေကိုပါ ရယူထားတဲ့ ရာမို့စ်ကတော့ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေက တစ်ယောက်ဖြစ်တယ်ဆိုတာကတော့ ငြင်းလို့ မရပါဘူး။

(၄) ဂတ်တူဆို

ဂတ်တူဆိုက အရင်တချိန်တစ်ခါတုန်းက အေစီမီလန်မှာ တော်တော်လေးကြမ်းတဲ့ ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့ ခက်ထန်ကြမ်းတမ်းလှတဲ့ ကစားဟန်ကြောင့် သူ့ကို ကြံတစ်ကောင်လို့တောင် အမည်ပေးထားကြပါတယ်။ တချို့တွေကြတော့လည်း ဂတ်တူဆိုက ကြမ်တမ်းတာမဟုတ်ပဲ အသင်းအတွက် အသက်ပေး ကစားသွားမယ့် ကစားသမားမျိုးပါလို့ ပြောဆိုကြပါတယ်။ တစ်ခါကလည်း စပါးလက်ထောက်နည်းပြရဲ့ လည်ပင်းကို ညစ်ပြီး ခေါင်းနဲ့တိုက်ခဲ့ပါသေးတယ်။ ဒါကြောင့် ဂတ်တူဆိုက ကွင်းတွင်းမှာ ကြမ်းတမ်းလှတဲ့ အပြုအမူတွေနဲ့ ပတ်သတ်ပြီး နာမည်ကြီးလှပါတယ်။ အီတလီနိုင်ငံအသင်းနဲ့ ကမ္ဘာ့ဖလား တစ်ကြိမ်၊ အေစီမီလန်အသင်းနဲ့ ချန်ပီယံလိပ်စ် ၂ ကြိမ် ရယူထားတဲ့ ဂတ်တူဆိုကတော့ တစ်ချိန်တစ်ခါက ကွင်းလယ်မှာ ကြီးဆိုးခဲ့တဲ့ ကစားသမားကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

(၃) ရွိုင်ကိန်း

အိုင်ယာလန်နိုင်ငံသား ရွိုင်ကိန်းကတော့ ကွင်းလယ်ကစားသမားကောင်းတစ်ယောက်လည်းဖြစ်သလို အဖြတ်ကြမ်းတဲ့ ကစားသမားအဖြစ်လည်း နာမည်ကြီးပါတယ်။ သူက စိတ်အရမ်းကြီးသူဖြစ်ပြီး သူ့ကစားသမား သတ်တမ်းတစ်လျှောက်မှာ အနီကတ် ၁၁ ကြိမ် ထိရယူထားပါတယ်။ တစ်ချိန်က မန်ယူနဲ့ အာဆင်နယ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့စဉ်က ရွိုင်ကိန်းနဲ့ ဗီအဲယာ တို့နှစ်ယောက်ရဲ့ အားပြိုင်မှုက ပိုလို့တောင် ပြင်းထန်ခဲ့ပြီး ကြည့်ကောင်းခဲ့ပါတယ်။ တစ်ခါကလည်း မန်စီးတီးကစားသမား ဟာလန်းကို ခြေကျိုးသွားအောင် တမင်တကာ လူချခဲ့တဲ့ လုပ်ရပ်ဟာ ဘောလုံးအားကစားမှာ ပြောလို့ မဆုံဖြစ်ခဲ့ရပါတယ်။ အဲ့လုပ်ရပ်အတွက် ရွိုင်ကိန်းကို ဒေါ်လာ ၈၀၀၀ ဒဏ်ရိုက်ခဲ့ပြီး ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရွိုင်ကိန်းကိုယ်တိုင်က လက်စားခြေချင်လို့ တမင်လုပ်ခဲ့တာပါလို့ ဝန်ခံပြီးနောက်ပိုင်းမှာတော့ FA က သူ့ကို ဒေါ်လာ တစ်သိန်းရှစ်သောင်း လေးထောင် ထပ်မံ ဒဏ်ရိုက်ခဲ့ပြီး နောက်ထပ် ၅ ပွဲ ပယ်ခဲ့ပါတယ်။ ခြေကျိုးသွားတဲ့ ဟာလန်းအနေနဲ့လည်း ဒဏ်ရာပြင်းထန်တာကြောင့် ၂၀၀၃ ခုနှစ်မှာ ဘောလုံးလောကကနေ အနားယူသွားခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ရွိုင်ကိန်းက ဖာဂူဆန်ရဲ့ တစ်ချိန်က မန်ယူအသင်းမှာ အသင်းခေါင်ဆောင်အဖြစ် တာဝန်ယူပြီး ပရီးမီးယားလိပ်စ်ဖလား ၇ ကြိမ်တိုင်တိုင် ရယူပေးထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

(၂) ဂျိုအီ ဘာတန်

နယူးကာဆယ် နဲ့ QPR အသင်းတို့မှာ ကစားခဲ့တဲ့ ကစားခဲ့တဲ့ ဂျိုအီဘာတန်ကိုတော့ ပရိသတ်တို့ အကုန်သိကြမယ်ထင်ပါတယ်။ သူကတော့ ကွင်းထဲမှာ ပြိုင်ဘက်ကစားသမာတွေနဲ့ ရန်ခဏခဏဖြစ်လေ့ရှိသူဖြစ်ပြီး သူ့ကစားသမား သတ်တမ်းတစ်လျှောက်မှာ အဝါကတ် ၇၈ ကတ်နဲ့ အနီကတ် ၆ ကတ် ပြခံထားရပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း သူ့အသင်းဖော်မျက်လုံးထဲကို ဆေးလိပ်မီးနဲ့ ထိုးခဲ့တဲ့အထိ လုပ်ခဲ့ဖူးပါတယ်။ ၂၀၁၂ တုန်းကလည်း မန်စီးတီးတာဝန်ရှိသူတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်မိခဲ့လို့ ၁၂ ပွဲပြစ်ဒဏ်အထိတောင် ချမှတ်ခံခဲ့ရပါတယ်။ ဒါကြောင့် သူ့ရဲ့ ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကို ဖော်ပြရမယ်ဆိုရင် ဖော်ပြလို့တောင် ကုန်မှာ မဟုတ်ပါဘူး။ သူကစားပေးခဲ့တဲ့ အသင်းတွေမှာလည်း ဂိုးဖန်တီးမှုကောင်းတွေပြုလုပ်ပြီး ကစားပေးနိုင်ပေမယ့်လည်း သူ့ရဲ့ ကွင်းတွင်းအပြုအမူတွေကြောင့် သူ့ကို သူ့အသင်းဖော်တွေကတောင် စိုးရိမ်နေရပါတယ်။

(၁) ဂျာရာတို ဘတ်ဒိုရာ

အကြမ်းတမ်းဆုံးကစားသမားတွေကို ပြောပြတဲ့အချိန်မှာ ခုကစားသမားကို ချန်ထားလို့ လုံးဝမရပါဘူး။ သူကတော့ ဘောလုံးလောကမှာ အနီကတ်အများဆုံး ပြခံထားရသူအဖြစ် စံချိန်တင်ထားပြီး ကစားသမား သတ်တမ်း နှစ် ၂၀ အတွင်းမှာ အနီကတ် စုစုပေါင်း ၄၆ ကတ်ထိ ပြခံထားရပါတယ်။ သူ့ကိုတော့ လူသိမများကြပေမယ့် သူကတော့ တောင်အမေရိကမှာ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုတွေနဲ့ နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ခါကလည်း ပြိုင်ဘက်ကစားသမားကို တံတောင်နဲ့ တွတ်ပြီး ခြေထောက်နဲ့ ကန်ခဲ့တဲ့အတွက် ၁၅ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါသေးတယ်။ ဒါကြောင့် ဘတ်ဒိုရာကတော့ ဂရင်းနစ်စံချိန်တင်ရလောက်အောင် အနီကတ်အများဆုံးပြခံထားရတဲ့ အကြမ်းတမ်းဆုံး ကစားသမားလို့ ဆိုလို့ရနိုင်ပါတယ်။ သူက ကိုလံဘီယာနိုင်ငံအသင်းအတွက် ၄၉ ပွဲကစားပေးပြီး ၂၀၀၁ ခုနှစ်မှာ ကိုလံဘီယာအသင်းအတွက် ကိုပါ အမေရိက ဖလားကို ရယူးပေးနိုင်ခဲ့ပါတယ်။

အခြား ဖော်ပြဖို့ ကျန်သေးတဲ့ ကစားသမားတွေကတော့ ဒီဂျောင်၊ ပီပီ၊ ဗင်နီ ဂျုန်း ၊ မာတာရာဇီ၊ ပေါ်စကိုး နဲ့ ဖီလစ်ပီ မယ်လို တို့ပဲဖြစ်ပါတယ်။ ခုပြောပြသွားတာတွေကတော့ ဘောလုံးလောကမှာ အကြမ်းတမ်းဆုံး ကစားသမားတွေပဲဖြစ်ပါတယ်။ ဘယ်တစ်ယောက်က အကြမ်းတမ်းဆုံးလို့ ထင်ပါသလဲ။

Zawgyi

သေကၤတ အားကစားပရိသတ္တို႔ မဂၤလာပါ။ ေဘာလုံးအားကစားကို လွပတဲ့ ကစားနည္းတစ္ခုအျဖစ္ လူအမ်ားစုက မွတ္ယူထားၾကပါတယ္။ ဒါေပမယ့္လည္း ေဘာလုံးအားကစားရဲ႕ အျခားတစ္ဘက္မွာလည္း ႐ုပ္ဆိုးအက်ည္းတန္တာေတြ ရွိေနတတ္ၿပီး ကြင္းအတြင္းမွာ အရမ္းၾကမ္းတမ္းတဲ့ ကစားသမားေတြလည္း ရွိေနပါတယ္။ ဒါေၾကာင့္ ဒီကေန႔မွာေတာ့ အၾကမ္းတန္းဆုံး ကစားသမား ၅ ေယာက္ကို ေဖာ္ျပေပးသြားပါမယ္။ ဘယ္ကစားသမားက အၾကမ္းတမ္းဆုံးလဲဆိုတာကိုလည္း ကြန္းမန႔္မွာ ေျပာသြားၾကပါအုံး။

(၅) ဆာဂ်ီယို ရာမို႔စ္

ရီးရဲမတ္ဒရစ္ ေနာက္ခံလူ ရာမို႔စ္ဟာဆိုရင္ သူ႔ရဲ႕ ၾကမ္းတမ္းတဲ့ ျဖတ္ထုတ္မႈေတြနဲ႔ လူခ်ကစားတတ္တဲ့ ကစားဟန္ေတြနဲ႔ ပတ္သတ္ၿပီး နာမည္ႀကီးပါတယ္။ တမင္ လူခ်ကစားတတ္တယ္လို႔ လူအမ်ားကေျပာၾကတဲ့ ရာမို႔စ္က ခ်န္ပီယံလိပ္စ္ဖိုင္နယ္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ လီပါပူးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ လီပါပူးတိုက္စစ္မႉး ဆာလာကို တမင္တကာ လူခ်တယ္ဆိုၿပီး လူအမ်ားရဲ ျပစ္တင္ေဝဖန္ျခင္းကို ခံခဲ့ရပါတယ္။ သူ႔ကစားသမား သတ္တမ္းတစ္ေလ်ာက္မွာ အနီကတ္စုစုေပါင္း ၂၆ ကတ္ကို ျပခံထားရၿပီး ခ်န္ပီယံလိပ္စ္၊ စပိန္၊ လာလီဂါ နဲ႔ ရီးရဲမတ္ဒရစ္ မွာ ကတ္အမ်ားဆုံးျပခံထားရတဲ့ ကစားသမားအျဖစ္ မွတ္တမ္းတင္ထားခဲ့ပါတယ္။ ဘယ္ေလာက္ပဲ ၾကမ္းတမ္းတယ္ေျပာပါေစ… ရာမိုစ့္ရဲ႕ ေကာင္းမြန္လွတဲ့ ျဖတ္ထုတ္မႈေတြနဲ႔ ေခါင္းေဆာင္ပီသမႈေတြအေၾကာင့္ ကိုယ့္အသင္းမွာဆိုရင္ ရွိေစခ်င္တဲ့ ကစားသမားတစ္ေယာက္ဆိုတာကေတာ့ ျငင္းလို႔ မရပါဘူး။ ၂၀၀၅ ခုႏွစ္မွာ ဆီဗီလာကေန ရီးရဲမတ္ဒရစ္အသင္းကို ေျပာင္းေ႐ြ႕လာတဲ့ ရာမိုစ့္က ၿပိဳင္ဘက္ဂိုးဧရိယာထဲမွာလည္း ေၾကာက္စရာအေကာင္းဆုံး ေခါင္းတိုက္သြင္းႏိုင္သူ တစ္ဦးျဖစ္ၿပီး အရမ္းအေရးႀကီးတဲ့ ပြဲေတြမွာ သူ႔ရဲ႕ ေခါင္းတိုက္ဂိုးေတြကို ခဏခဏ ေတြ႕ျမင္ၾကဖူးမွာပါ။ ရီးရဲမတ္ဒရစ္အသင္းနဲ႔ ခ်န္ပီယံလိပ္စ္ ၄ ႀကိမ္ရယူထားတဲ့အျပင္ ကမာၻ႔ဖလားနဲ႔ ယူ႐ိုဖလားေတြကိုပါ ရယူထားတဲ့ ရာမို႔စ္ကေတာ့ ကမာၻ႔အေကာင္းဆုံး ေနာက္ခံလူေတြက တစ္ေယာက္ျဖစ္တယ္ဆိုတာကေတာ့ ျငင္းလို႔ မရပါဘူး။

(၄) ဂတ္တူဆို

ဂတ္တူဆိုက အရင္တခ်ိန္တစ္ခါတုန္းက ေအစီမီလန္မွာ ေတာ္ေတာ္ေလးၾကမ္းတဲ့ ကစားသမားတစ္ေယာက္ပါ။ သူ႔ရဲ႕ ခက္ထန္ၾကမ္းတမ္းလွတဲ့ ကစားဟန္ေၾကာင့္ သူ႔ကို ႀကံတစ္ေကာင္လို႔ေတာင္ အမည္ေပးထားၾကပါတယ္။ တခ်ိဳ႕ေတြၾကေတာ့လည္း ဂတ္တူဆိုက ၾကမ္တမ္းတာမဟုတ္ပဲ အသင္းအတြက္ အသက္ေပး ကစားသြားမယ့္ ကစားသမားမ်ိဳးပါလို႔ ေျပာဆိုၾကပါတယ္။ တစ္ခါကလည္း စပါးလက္ေထာက္နည္းျပရဲ႕ လည္ပင္းကို ညစ္ၿပီး ေခါင္းနဲ႔တိုက္ခဲ့ပါေသးတယ္။ ဒါေၾကာင့္ ဂတ္တူဆိုက ကြင္းတြင္းမွာ ၾကမ္းတမ္းလွတဲ့ အျပဳအမူေတြနဲ႔ ပတ္သတ္ၿပီး နာမည္ႀကီးလွပါတယ္။ အီတလီႏိုင္ငံအသင္းနဲ႔ ကမာၻ႔ဖလား တစ္ႀကိမ္၊ ေအစီမီလန္အသင္းနဲ႔ ခ်န္ပီယံလိပ္စ္ ၂ ႀကိမ္ ရယူထားတဲ့ ဂတ္တူဆိုကေတာ့ တစ္ခ်ိန္တစ္ခါက ကြင္းလယ္မွာ ႀကီးဆိုးခဲ့တဲ့ ကစားသမားေကာင္းတစ္ေယာက္လည္းျဖစ္ပါတယ္။

(၃) ႐ြိဳင္ကိန္း

အိုင္ယာလန္ႏိုင္ငံသား ႐ြိဳင္ကိန္းကေတာ့ ကြင္းလယ္ကစားသမားေကာင္းတစ္ေယာက္လည္းျဖစ္သလို အျဖတ္ၾကမ္းတဲ့ ကစားသမားအျဖစ္လည္း နာမည္ႀကီးပါတယ္။ သူက စိတ္အရမ္းႀကီးသူျဖစ္ၿပီး သူ႔ကစားသမား သတ္တမ္းတစ္ေလွ်ာက္မွာ အနီကတ္ ၁၁ ႀကိမ္ ထိရယူထားပါတယ္။ တစ္ခ်ိန္က မန္ယူနဲ႔ အာဆင္နယ္အသင္းတို႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့စဥ္က ႐ြိဳင္ကိန္းနဲ႔ ဗီအဲယာ တို႔ႏွစ္ေယာက္ရဲ႕ အားၿပိဳင္မႈက ပိုလို႔ေတာင္ ျပင္းထန္ခဲ့ၿပီး ၾကည့္ေကာင္းခဲ့ပါတယ္။ တစ္ခါကလည္း မန္စီးတီးကစားသမား ဟာလန္းကို ေျခက်ိဳးသြားေအာင္ တမင္တကာ လူခ်ခဲ့တဲ့ လုပ္ရပ္ဟာ ေဘာလုံးအားကစားမွာ ေျပာလို႔ မဆုံျဖစ္ခဲ့ရပါတယ္။ အဲ့လုပ္ရပ္အတြက္ ႐ြိဳင္ကိန္းကို ေဒၚလာ ၈၀၀၀ ဒဏ္႐ိုက္ခဲ့ၿပီး ၃ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ႐ြိဳင္ကိန္းကိုယ္တိုင္က လက္စားေျခခ်င္လို႔ တမင္လုပ္ခဲ့တာပါလို႔ ဝန္ခံၿပီးေနာက္ပိုင္းမွာေတာ့ FA က သူ႔ကို ေဒၚလာ တစ္သိန္းရွစ္ေသာင္း ေလးေထာင္ ထပ္မံ ဒဏ္႐ိုက္ခဲ့ၿပီး ေနာက္ထပ္ ၅ ပြဲ ပယ္ခဲ့ပါတယ္။ ေျခက်ိဳးသြားတဲ့ ဟာလန္းအေနနဲ႔လည္း ဒဏ္ရာျပင္းထန္တာေၾကာင့္ ၂၀၀၃ ခုႏွစ္မွာ ေဘာလုံးေလာကကေန အနားယူသြားခဲ့ရတယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ႐ြိဳင္ကိန္းက ဖာဂူဆန္ရဲ႕ တစ္ခ်ိန္က မန္ယူအသင္းမွာ အသင္းေခါင္ေဆာင္အျဖစ္ တာဝန္ယူၿပီး ပရီးမီးယားလိပ္စ္ဖလား ၇ ႀကိမ္တိုင္တိုင္ ရယူေပးထားႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

(၂) ဂ်ိဳအီ ဘာတန္

နယူးကာဆယ္ နဲ႔ QPR အသင္းတို႔မွာ ကစားခဲ့တဲ့ ကစားခဲ့တဲ့ ဂ်ိဳအီဘာတန္ကိုေတာ့ ပရိသတ္တို႔ အကုန္သိၾကမယ္ထင္ပါတယ္။ သူကေတာ့ ကြင္းထဲမွာ ၿပိဳင္ဘက္ကစားသမာေတြနဲ႔ ရန္ခဏခဏျဖစ္ေလ့ရွိသူျဖစ္ၿပီး သူ႔ကစားသမား သတ္တမ္းတစ္ေလွ်ာက္မွာ အဝါကတ္ ၇၈ ကတ္နဲ႔ အနီကတ္ ၆ ကတ္ ျပခံထားရပါတယ္။ ေလ့က်င့္ေရးကြင္းမွာလည္း သူ႔အသင္းေဖာ္မ်က္လုံးထဲကို ေဆးလိပ္မီးနဲ႔ ထိုးခဲ့တဲ့အထိ လုပ္ခဲ့ဖူးပါတယ္။ ၂၀၁၂ တုန္းကလည္း မန္စီးတီးတာဝန္ရွိသူတစ္ဦးကို ကိုယ္ထိလက္ေရာက္ က်ဴးလြန္မိခဲ့လို႔ ၁၂ ပြဲျပစ္ဒဏ္အထိေတာင္ ခ်မွတ္ခံခဲ့ရပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ ၾကမ္းတမ္းတဲ့ လုပ္ရပ္ေတြကို ေဖာ္ျပရမယ္ဆိုရင္ ေဖာ္ျပလို႔ေတာင္ ကုန္မွာ မဟုတ္ပါဘူး။ သူကစားေပးခဲ့တဲ့ အသင္းေတြမွာလည္း ဂိုးဖန္တီးမႈေကာင္းေတြျပဳလုပ္ၿပီး ကစားေပးႏိုင္ေပမယ့္လည္း သူ႔ရဲ႕ ကြင္းတြင္းအျပဳအမူေတြေၾကာင့္ သူ႔ကို သူ႔အသင္းေဖာ္ေတြကေတာင္ စိုးရိမ္ေနရပါတယ္။

(၁) ဂ်ာရာတို ဘတ္ဒိုရာ

အၾကမ္းတမ္းဆုံးကစားသမားေတြကို ေျပာျပတဲ့အခ်ိန္မွာ ခုကစားသမားကို ခ်န္ထားလို႔ လုံးဝမရပါဘူး။ သူကေတာ့ ေဘာလုံးေလာကမွာ အနီကတ္အမ်ားဆုံး ျပခံထားရသူအျဖစ္ စံခ်ိန္တင္ထားၿပီး ကစားသမား သတ္တမ္း ႏွစ္ ၂၀ အတြင္းမွာ အနီကတ္ စုစုေပါင္း ၄၆ ကတ္ထိ ျပခံထားရပါတယ္။ သူ႔ကိုေတာ့ လူသိမမ်ားၾကေပမယ့္ သူကေတာ့ ေတာင္အေမရိကမွာ ၾကမ္းတမ္းတဲ့ ျဖတ္ထုတ္မႈေတြနဲ႔ နာမည္ႀကီးသူတစ္ေယာက္ျဖစ္ပါတယ္။ တစ္ခါကလည္း ၿပိဳင္ဘက္ကစားသမားကို တံေတာင္နဲ႔ တြတ္ၿပီး ေျခေထာက္နဲ႔ ကန္ခဲ့တဲ့အတြက္ ၁၅ ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါေသးတယ္။ ဒါေၾကာင့္ ဘတ္ဒိုရာကေတာ့ ဂရင္းနစ္စံခ်ိန္တင္ရေလာက္ေအာင္ အနီကတ္အမ်ားဆုံးျပခံထားရတဲ့ အၾကမ္းတမ္းဆုံး ကစားသမားလို႔ ဆိုလို႔ရႏိုင္ပါတယ္။ သူက ကိုလံဘီယာႏိုင္ငံအသင္းအတြက္ ၄၉ ပြဲကစားေပးၿပီး ၂၀၀၁ ခုႏွစ္မွာ ကိုလံဘီယာအသင္းအတြက္ ကိုပါ အေမရိက ဖလားကို ရယူးေပးႏိုင္ခဲ့ပါတယ္။

အျခား ေဖာ္ျပဖို႔ က်န္ေသးတဲ့ ကစားသမားေတြကေတာ့ ဒီေဂ်ာင္၊ ပီပီ၊ ဗင္နီ ဂ်ဳန္း ၊ မာတာရာဇီ၊ ေပၚစကိုး နဲ႔ ဖီလစ္ပီ မယ္လို တို႔ပဲျဖစ္ပါတယ္။ ခုေျပာျပသြားတာေတြကေတာ့ ေဘာလုံးေလာကမွာ အၾကမ္းတမ္းဆုံး ကစားသမားေတြပဲျဖစ္ပါတယ္။ ဘယ္တစ္ေယာက္က အၾကမ္းတမ္းဆုံးလို႔ ထင္ပါသလဲ။