အချိန်ကြာမြင့်စွာ ဖုန်းသုံးခြင်းရဲ့ နောက်ကွယ်ကဆိုးကျိုးများ

နည်းပညာပစ္စည်းတွေကလူတွေရဲ့နေ့စဉ်ဘဝအတွက် မပါမဖြစ်အရေးပါတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဒီထဲမှာစမတ်ဖုန်းတွေကလည်း ထိပ်ဆုံးကပါ ပါတယ်။ ဖုန်းတွေက နေ့စဉ်ဘဝမှာ ဆက်သွယ်ရေးကဏ္ဍအတွက်သာမက ဖျော်ဖြေရေးနှင့် လေ့လာသင်ယူခြင်းတွေ သတင်းအချက်အရရယူမှုတွေအတွက် အလွန်အသုံးဝင်တဲ့ ပစ္စည်းတစ်ခုပါ။ သို့သော် ဖုန်းတွေကိုအလွန်အကျွံအချိန်ကြာမြင့်စွာသုံးနေတယ်ဆိုရင်တော့ သင့်ရဲ့နေ့စဉ်ဘဝအပေါ်ဆိုးကျိုးတွေ သက်ရောက်စေနိုင်ပါတယ်။

(၁) အိပ်စက်ခြင်းကိုအနှောက်ယှက်ဖြစ်စေတယ်

စမတ်ဖုန်းအပါအဝင် နည်းပညာပစ္စည်းတွေရဲ့ မျက်နှာပြင်ကနေ ထွက်ပေါ်လာတဲ့ ရောင်ခြည်တွေဟာ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ဦးနှောက်ကို နိုးကြားနေစေတာကြောင့် အိပ်ပျော်ရခက်စေပါတယ်။ ဒါကြောင့်အဆိုပါနည်းပညာပစ္စည်းတွေကို အိပ်ရာဝင်ခါနည်းမှာ သုံးတာမျိုးလုံးဝရှောင်ကျဉ်ပေးသင့်ပါတယ်။

(၂) အဝလွန်ရောဂါဖြစ်စေနိုင်တယ်

အချိန်ကြာမြင့်ဖုန်းထိုင်သုံးနေခြင်းက ခန္ဓာကိုယ် ကိုယ်လက်လှုပ်ရှားမှုနည်းစေပြီး အဝလွန်ခြင်းအပါအဝင် နှလုံး သွေးတိုး ဆီးချိုကံ့သို့ နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့တနေ့မှာ ဖုန်းသုံးပြီး အထိုင်များတဲ့အချိန်တွေနည်းသွားစေဖို့ ဖုန်းကိုအချိန်အကန့်အသတ်နဲ့ သုံးတာမျိုး လေ့ကျင့်ခန်းလုပ်ပေးတာမျိုးတွေလုပ်သင့်ပါတယ်။

(၃) မှတ်ဉာဏ်စွမ်းရည်ထိခိုက်ခြင်း

အချိန်ကြာမြင့်စွာ စမတ်ဖုန်းအသုံးပြုခြင်းက ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို များစွာထိခိုက်လာစေပါတယ်။ ဦးနှောက်ရဲ့ အလုပ်လုပ်မှုကို နှောင့်နှေးစေတဲ့အတွက် မကြာခဏ မေ့လျော့တာတွေဖြစ်လာကာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းတွေ ၊ ဖန်တီးနိုင်စွမ်းတွေပါ လျော့ကျလာမှာဖြစ်ပါတယ်။

(၄) စိတ်ဓာတ်ကျစေတယ်

လေ့လာမှုတွေအရ ဖုန်းတွေ ဆိုရှယ်မီဒီယာတွေကို စွဲစွဲလန်းလန်းသုံးသူတွေဟာ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှုတို့ခံစားကြရပြီး စိတ်ဓာတ်ကျခြင်းဝေဒနာတွေခံစားကြရပါတယ်။ ဖုန်းတွေပေါ်မှာပဲ အာရုံစိုက်တဲ့အခါ ပြင်ပလောက လူမှုပတ်ဝန်းကျင်နဲ့ အဆက်ပြတ်ပြီး အထီးကျန်ခြင်းစိတ်ဓာတ်ကျခြင်းတွေဖြစ်စေနိုင်တာဖြစ်ပါတယ်။

Zawgyi

နည္းပညာပစၥည္းေတြကလူေတြရဲ႕ေန႔စဥ္ဘဝအတြက္ မပါမျဖစ္အေရးပါတဲ့ ပစၥည္းေတြျဖစ္ပါတယ္။ ဒီထဲမွာစမတ္ဖုန္းေတြကလည္း ထိပ္ဆုံးကပါ ပါတယ္။ ဖုန္းေတြက ေန႔စဥ္ဘဝမွာ ဆက္သြယ္ေရးက႑အတြက္သာမက ေဖ်ာ္ေျဖေရးႏွင့္ ေလ့လာသင္ယူျခင္းေတြ သတင္းအခ်က္အရရယူမႈေတြအတြက္ အလြန္အသုံးဝင္တဲ့ ပစၥည္းတစ္ခုပါ။ သို႔ေသာ္ ဖုန္းေတြကိုအလြန္အကြၽံအခ်ိန္ၾကာျမင့္စြာသုံးေနတယ္ဆိုရင္ေတာ့ သင့္ရဲ႕ေန႔စဥ္ဘဝအေပၚဆိုးက်ိဳးေတြ သက္ေရာက္ေစႏိုင္ပါတယ္။

(၁) အိပ္စက္ျခင္းကိုအေႏွာက္ယွက္ျဖစ္ေစတယ္

စမတ္ဖုန္းအပါအဝင္ နည္းပညာပစၥည္းေတြရဲ႕ မ်က္ႏွာျပင္ကေန ထြက္ေပၚလာတဲ့ ေရာင္ျခည္ေတြဟာ အိပ္စက္မႈကို အေႏွာင့္အယွက္ျဖစ္ေစၿပီး ဦးေႏွာက္ကို ႏိုးၾကားေနေစတာေၾကာင့္ အိပ္ေပ်ာ္ရခက္ေစပါတယ္။ ဒါေၾကာင့္အဆိုပါနည္းပညာပစၥည္းေတြကို အိပ္ရာဝင္ခါနည္းမွာ သုံးတာမ်ိဳးလုံးဝေရွာင္က်ဥ္ေပးသင့္ပါတယ္။

(၂) အဝလြန္ေရာဂါျဖစ္ေစႏိုင္တယ္

အခ်ိန္ၾကာျမင့္ဖုန္းထိုင္သုံးေနျခင္းက ခႏၶာကိုယ္ ကိုယ္လက္လႈပ္ရွားမႈနည္းေစၿပီး အဝလြန္ျခင္းအပါအဝင္ ႏွလုံး ေသြးတိုး ဆီးခ်ိဳကံ့သို႔ နာတာရွည္ေရာဂါေတြျဖစ္ႏိုင္ေျခပိုမ်ားပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕တေန႔မွာ ဖုန္းသုံးၿပီး အထိုင္မ်ားတဲ့အခ်ိန္ေတြနည္းသြားေစဖို႔ ဖုန္းကိုအခ်ိန္အကန္႔အသတ္နဲ႔ သုံးတာမ်ိဳး ေလ့က်င့္ခန္းလုပ္ေပးတာမ်ိဳးေတြလုပ္သင့္ပါတယ္။

(၃) မွတ္ဉာဏ္စြမ္းရည္ထိခိုက္ျခင္း

အခ်ိန္ၾကာျမင့္စြာ စမတ္ဖုန္းအသုံးျပဳျခင္းက ဦးေႏွာက္နဲ႔ မွတ္ဉာဏ္စြမ္းရည္ကို မ်ားစြာထိခိုက္လာေစပါတယ္။ ဦးေႏွာက္ရဲ႕ အလုပ္လုပ္မႈကို ေႏွာင့္ေႏွးေစတဲ့အတြက္ မၾကာခဏ ေမ့ေလ်ာ့တာေတြျဖစ္လာကာ ကိုယ္ပိုင္ေတြးေခၚႏိုင္စြမ္းေတြ ၊ ဖန္တီးႏိုင္စြမ္းေတြပါ ေလ်ာ့က်လာမွာျဖစ္ပါတယ္။

(၄) စိတ္ဓာတ္က်ေစတယ္

ေလ့လာမႈေတြအရ ဖုန္းေတြ ဆိုရွယ္မီဒီယာေတြကို စြဲစြဲလန္းလန္းသုံးသူေတြဟာ စိတ္ဖိစီးမႈ စိုးရိမ္ပူပန္မႈတို႔ခံစားၾကရၿပီး စိတ္ဓာတ္က်ျခင္းေဝဒနာေတြခံစားၾကရပါတယ္။ ဖုန္းေတြေပၚမွာပဲ အာ႐ုံစိုက္တဲ့အခါ ျပင္ပေလာက လူမႈပတ္ဝန္းက်င္နဲ႔ အဆက္ျပတ္ၿပီး အထီးက်န္ျခင္းစိတ္ဓာတ္က်ျခင္းေတြျဖစ္ေစႏိုင္တာျဖစ္ပါတယ္။