ကိုဗစ် ၁၉ Positive ဖြစ်နေခဲ့လို့ Q ဝင်ရတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ…( ပိုးတွေ့လူနာတစ်ဦးရဲ့ ကိုယ်တွေ့ အတွေ့အကြုံနဲ့ အကြံပြုချက်များ )

မြန်မာနိုင်ငံမှာ တစ်နေ့ထက်တစ်နေ့ ပိုးတွေ့လူနာတွေ များပြားလာနေပါပြီ။ ဈေးတွေ၊ စားသောက်ဆိုင်တွေ၊ လူနေရပ်ကွက်တွေ Lockdown ချနေပေမယ့် မပိတ်ခင်တည်းက ကူးစက်ထားတဲ့လူနာတွေက အခုမှ တစ်ပြုံတစ်မကြီး စုဝေးထွက်ပေါ်လာသလိုပါပဲ။ ဒါကြောင့် မိမိမှာ လက်ရှိအချိန်ထိ ကိုဗစ်ပိုးကိုမတွေ့ရှိသေးတာနဲ့ စိတ်အေးလို့လည်း မရသေးပါဘူး။ မိမိအပါအဝင် မိသားစုဝင်တစ်ဦးဦးမှာ ဖြစ်လာခဲ့ရင်ဆိုတဲ့အတွေးနဲ့ ကြိုတင်ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ပိုးတွေ့လူနာတွေထဲက လူနာအမှတ် ၁၂၁၃ က မျှဝေပေးထားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ အတွေ့အကြုံတွေ၊ အားပေးစကားလေးတွေကို Yangon Life ပရိသတ်ကြီးအတွက် လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါတယ်။

ပိုးတွေ့ခြင်းအစ

လူနာအမှတ်- ၁၂၃၁ ဟာ သူ့ဆီမှာ အနံ့အရသာအာရုံမရတော့တာနဲ့ Fever Clinic ကို အရင်ဆုံးသွားပြခဲ့ပါတယ်။ သူဟာသူ့ဆီမှာ ဒီလိုတွေခံစားရလာတာနဲ့ ဘယ်ဆိုဘယ်မှမသွားတော့ဘဲ အိမ်မှာပဲနေခဲ့ပါတယ်။ Fever Clinic ရောက်တော့ ဆရာဝန်တွေကသေချာမေးမြန်းစမ်းသပ်ပြီး သံသယရှိတာကြောင့် Fever Clinic က သီးသန့်ခန်းလေးထဲမှာခဏစောင့်ခိုင်းပါတယ် Swab ယူမယ် ထင်တာ မဟုတ်ဘဲနဲ့ လူနာတင်ကားခေါ်ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ခဲ့ရပါတယ်။ ရုတ်တရက်ဆေးရုံကို လိုက်သွားခဲ့ရတာကြောင့် အိမ်ကလူတွေဆီ လိုအပ်တာတွေ လှမ်းမှာရပါတော့တယ်။

ဆေးရုံတက်ရတော့မယ်ဆိုရင်

Photo Credit- – လူနာအမှတ် ၁၂၃၁ –

၁။ သွားတိုက်ဆေး/သွားတိုက်တံ/ရေခွက်/ရေချိုးဆပ်ပြာ
၂။ Hand gel (အရာဝတ္ထုကိုင်ပြီးတိုင်း သုံးတယ်)
၃။ အရက်ပြန်
၄။ ဂွမ်း (အရက်ပြန်နဲ့ စိမ်ပြီး ကုတင်နား လိုက်သုတ်ဖို့)
၅။ Spray ဘူး (ကိုယ်က ကိုယ့်အနားကို လိုက်ဖြန်းမှ စိတ်သန့်လို့)
၆။ ရေသန့်ဘူးကဒ်လိုက်ယူသွားပါ (အလိုအပ်ဆုံး)
၇။ မုန့်
၈။ ထမင်းဘူးက အိမ်ကလာပို့ရတာပါ
၉။ အပြင်ကနေမှာစားလို့ရပါတယ် (ကိုယ်ကတော့ မမှာစားခဲ့ဘူး ကိုယ့်ကိုယ်ကို သံသယက ရှိလာပြီမို့ အိမ်က ထမင်းလာပို့တာဘဲ စားခဲ့တယ်)
၁၀။ ဖုန်းအားသွင်းကြိုး
၁၁။ လက်အိတ် (သားရေ)
၁၂။ Wet tissue /tissue (လိုအပ်တာတွေအိမ်ကိုလာပို့ခိုင်းလို့ရပါတယ် လူနာစောင့်နေလို့မရပါ။)

ဒါတွေကတော့ သူ့ရဲ့အတွေ့အကြုံတွေပါ။ ကိုယ်နဲ့ချိန်ကိုက်ပြီး စဉ်းစားပြင်ဆင်ဖို့ လိုပါတယ်။
တစ်ခုသိရမှာက အများနဲ့ နေရတဲ့နေရာမို့ တချို့နေရာကျ စောင့်ပြီး သုံးရတာ ရှိတယ် (အိမ်သာ ၁လုံးထဲ ရေချိုးခန်းမရှိ) ။ ရေသန့်နဲ့ မျက်နှာသစ်တယ်၊ ရေပတ်တိုက်တယ် ရေများများ သုံးတတ်ရင် ရေသန့်ပိုဆောင်ထားပါ။

Swab ယူတဲ့အခါ

Swab လာစစ်တဲ့အခါ( နှာခေါင်းကို စစ်တော့ မျက်ရည် ဝိုင်းတက်လာတယ်။ ရေမွန်းသလို ခံစားရတယ်။ အာခေါင်ကျတော့ သွားတိုက်ရင် လျှာကို သွားပွတ်တံနဲ့ တိုက်လိုက်သလို အော့အော့အန်အန်ဖြစ်သွားတယ်။ ခံရတာ အရမ်းမဆိုးပါဘူး (ပြောချင်တာ မရုံးလိုက်ပါနဲ့) လို့ သူမကပြောပါတယ်။ ဆေးကတော့ Vitacee မနက်၁လုံး ည၁လုံးပဲ သောက်ခိုင်းပါတယ်။ (အိမ်ကလူကိုမှာရပါတယ်။ ဆေး ပုံလေးပါ တင်ထားပေးတယ်)

Photo Credit- – လူနာအမှတ် ၁၂၃၁ –

အဲဒီနောက် အဖြေစောင့်တာ တစ်ရက်ကြာပါတယ်။ ရန်ကုန်တိုင်းကျန်းမာရေးက အဖြေကိုဖုန်းဆက်ပြီး လှမ်းပြောပါတယ်။ အဲဒီနောက် အိမ်ကလူတွေရော၊ အလုပ်ကလူတွေပါ အကုန်လုံး Q ဝင်ရပါတော့တယ်။ Q ဝင်တာကတော့ ကိုယ့်စားရိတ်တတ်နိုင်ရင် ဟိုတယ်မှာဝင်လို့ရပါတယ်။ မဟုတ်လည်း ကျန်းမာရေးဌာနကချပေးတဲ့နေရာမှာ Free ဝင်ရပါတယ်။

ဖောင်ကြီးရောက်ပြီ

Photo Credit- – လူနာအမှတ် ၁၂၃၁ –

အဲဒီကနေမှ ဖောင်ကြီးကိုပို့ပါတယ်။ ဖောင်ကြီးမှာ ထမင်းဗူးလေးတွေ Hand gel Mask အမှိုက်အိတ် ဆပ်ပြာမှုန့်ထုပ်၊ ရေသန့်ဘူးတွေ ရှေ့မှာထားပေးထားပါတယ်။ အခန်းထဲမှာလဲ ပစ္စည်းအစုံထားပေးထားတယ် (ပုံလေးနဲ့ပြထားပေးတယ်)။ ဖောင်ကြီးမှာ တစ်ယောက်တစ်ခန်းစီနေရပြီး အစစအရာရာ အဆင်ပြေပါတယ်။ ဆရာမတွေကလည်း စိတ်ရှည်ပြီး လူနာမည်ခေါ်ရင် ကိုယ်က သွေးပေါင်ချိန် အပူချိန်တိုင်းပြရပါတယ်။

အားပေးစကား

Positive ဆိုပြီး စိတ်ဓာတ်မကျပါနဲ့။ စိတ်ကိုအကောင်းဆုံးပြင်ဆင်ပြီး ကျန်းမာအောင်ကြိုးစားနေရင်း ဆေးကုသမှုခံယူရင်း ဆက်လက်ရှင်သန်နိုင်ကြပါစေ။ မလိုအပ်ရင် အပြင်မထွက်ကြပါနဲ့ ။ Mask တပ်ပါ။ Handgel သုံးပါ။ ဆိုင်မှာလူစုထိုင်တာလျှော့ပါ)
အားလုံးကျန်းမာဘေးကင်းကြပါစေနော်။

– လူနာအမှတ် ၁၂၃၁ –

Zawgyi

ျမန္မာႏိုင္ငံမွာ တစ္ေန႔ထက္တစ္ေန႔ ပိုးေတြ႕လူနာေတြ မ်ားျပားလာေနပါၿပီ။ ေဈးေတြ၊ စားေသာက္ဆိုင္ေတြ၊ လူေနရပ္ကြက္ေတြ Lockdown ခ်ေနေပမယ့္ မပိတ္ခင္တည္းက ကူးစက္ထားတဲ့လူနာေတြက အခုမွ တစ္ၿပဳံတစ္မႀကီး စုေဝးထြက္ေပၚလာသလိုပါပဲ။ ဒါေၾကာင့္ မိမိမွာ လက္ရွိအခ်ိန္ထိ ကိုဗစ္ပိုးကိုမေတြ႕ရွိေသးတာနဲ႔ စိတ္ေအးလို႔လည္း မရေသးပါဘူး။ မိမိအပါအဝင္ မိသားစုဝင္တစ္ဦးဦးမွာ ျဖစ္လာခဲ့ရင္ဆိုတဲ့အေတြးနဲ႔ ႀကိဳတင္ျပင္ဆင္စရာရွိတာေတြကို ျပင္ဆင္ထားတာ အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။

ဒါေၾကာင့္ ပိုးေတြ႕လူနာေတြထဲက လူနာအမွတ္ ၁၂၁၃ က မွ်ေဝေပးထားတဲ့ ေဆာင္ရန္၊ ေရွာင္ရန္ေတြနဲ႔ အေတြ႕အႀကဳံေတြ၊ အားေပးစကားေလးေတြကို Yangon Life ပရိသတ္ႀကီးအတြက္ လက္ဆင့္ကမ္း မွ်ေဝေပးလိုက္ပါတယ္။

ပိုးေတြ႕ျခင္းအစ

လူနာအမွတ္- ၁၂၃၁ ဟာ သူ႔ဆီမွာ အနံ႔အရသာအာ႐ုံမရေတာ့တာနဲ႔ Fever Clinic ကို အရင္ဆုံးသြားျပခဲ့ပါတယ္။ သူဟာသူ႔ဆီမွာ ဒီလိုေတြခံစားရလာတာနဲ႔ ဘယ္ဆိုဘယ္မွမသြားေတာ့ဘဲ အိမ္မွာပဲေနခဲ့ပါတယ္။ Fever Clinic ေရာက္ေတာ့ ဆရာဝန္ေတြကေသခ်ာေမးျမန္းစမ္းသပ္ၿပီး သံသယရွိတာေၾကာင့္ Fever Clinic က သီးသန႔္ခန္းေလးထဲမွာခဏေစာင့္ခိုင္းပါတယ္ Swab ယူမယ္ ထင္တာ မဟုတ္ဘဲနဲ႔ လူနာတင္ကားေခၚၿပီး ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚဌာနကို ေရာက္ခဲ့ရပါတယ္။ ႐ုတ္တရက္ေဆး႐ုံကို လိုက္သြားခဲ့ရတာေၾကာင့္ အိမ္ကလူေတြဆီ လိုအပ္တာေတြ လွမ္းမွာရပါေတာ့တယ္။

ေဆး႐ုံတက္ရေတာ့မယ္ဆိုရင္

Photo Credit- – လူနာအမွတ္ ၁၂၃၁ –

၁။ သြားတိုက္ေဆး/သြားတိုက္တံ/ေရခြက္/ေရခ်ိဳးဆပ္ျပာ
၂။ Hand gel (အရာဝတၳဳကိုင္ၿပီးတိုင္း သုံးတယ္)
၃။ အရက္ျပန္
၄။ ဂြမ္း (အရက္ျပန္နဲ႔ စိမ္ၿပီး ကုတင္နား လိုက္သုတ္ဖို႔)
၅။ Spray ဘူး (ကိုယ္က ကိုယ့္အနားကို လိုက္ျဖန္းမွ စိတ္သန႔္လို႔)
၆။ ေရသန႔္ဘူးကဒ္လိုက္ယူသြားပါ (အလိုအပ္ဆုံး)
၇။ မုန႔္
၈။ ထမင္းဘူးက အိမ္ကလာပို႔ရတာပါ
၉။ အျပင္ကေနမွာစားလို႔ရပါတယ္ (ကိုယ္ကေတာ့ မမွာစားခဲ့ဘူး ကိုယ့္ကိုယ္ကို သံသယက ရွိလာၿပီမို႔ အိမ္က ထမင္းလာပို႔တာဘဲ စားခဲ့တယ္)
၁၀။ ဖုန္းအားသြင္းႀကိဳး
၁၁။ လက္အိတ္ (သားေရ)
၁၂။ Wet tissue /tissue (လိုအပ္တာေတြအိမ္ကိုလာပို႔ခိုင္းလို႔ရပါတယ္ လူနာေစာင့္ေနလို႔မရပါ။)

ဒါေတြကေတာ့ သူ႔ရဲ႕အေတြ႕အႀကဳံေတြပါ။ ကိုယ္နဲ႔ခ်ိန္ကိုက္ၿပီး စဥ္းစားျပင္ဆင္ဖို႔ လိုပါတယ္။
တစ္ခုသိရမွာက အမ်ားနဲ႔ ေနရတဲ့ေနရာမို႔ တခ်ိဳ႕ေနရာက် ေစာင့္ၿပီး သုံးရတာ ရွိတယ္ (အိမ္သာ ၁လုံးထဲ ေရခ်ိဳးခန္းမရွိ) ။ ေရသန႔္နဲ႔ မ်က္ႏွာသစ္တယ္၊ ေရပတ္တိုက္တယ္ ေရမ်ားမ်ား သုံးတတ္ရင္ ေရသန႔္ပိုေဆာင္ထားပါ။

Swab ယူတဲ့အခါ

Swab လာစစ္တဲ့အခါ( ႏွာေခါင္းကို စစ္ေတာ့ မ်က္ရည္ ဝိုင္းတက္လာတယ္။ ေရမြန္းသလို ခံစားရတယ္။ အာေခါင္က်ေတာ့ သြားတိုက္ရင္ လွ်ာကို သြားပြတ္တံနဲ႔ တိုက္လိုက္သလို ေအာ့ေအာ့အန္အန္ျဖစ္သြားတယ္။ ခံရတာ အရမ္းမဆိုးပါဘူး (ေျပာခ်င္တာ မ႐ုံးလိုက္ပါနဲ႔) လို႔ သူမကေျပာပါတယ္။ ေဆးကေတာ့ Vitacee မနက္၁လုံး ည၁လုံးပဲ ေသာက္ခိုင္းပါတယ္။ (အိမ္ကလူကိုမွာရပါတယ္။ ေဆး ပုံေလးပါ တင္ထားေပးတယ္)

Photo Credit- – လူနာအမွတ္ ၁၂၃၁ –

အဲဒီေနာက္ အေျဖေစာင့္တာ တစ္ရက္ၾကာပါတယ္။ ရန္ကုန္တိုင္းက်န္းမာေရးက အေျဖကိုဖုန္းဆက္ၿပီး လွမ္းေျပာပါတယ္။ အဲဒီေနာက္ အိမ္ကလူေတြေရာ၊ အလုပ္ကလူေတြပါ အကုန္လုံး Q ဝင္ရပါေတာ့တယ္။ Q ဝင္တာကေတာ့ ကိုယ့္စားရိတ္တတ္ႏိုင္ရင္ ဟိုတယ္မွာဝင္လို႔ရပါတယ္။ မဟုတ္လည္း က်န္းမာေရးဌာနကခ်ေပးတဲ့ေနရာမွာ Free ဝင္ရပါတယ္။

ေဖာင္ႀကီးေရာက္ၿပီ

Photo Credit- – လူနာအမွတ္ ၁၂၃၁ –

အဲဒီကေနမွ ေဖာင္ႀကီးကိုပို႔ပါတယ္။ ေဖာင္ႀကီးမွာ ထမင္းဗူးေလးေတြ Hand gel Mask အမႈိက္အိတ္ ဆပ္ျပာမႈန႔္ထုပ္၊ ေရသန႔္ဘူးေတြ ေရွ႕မွာထားေပးထားပါတယ္။ အခန္းထဲမွာလဲ ပစၥည္းအစုံထားေပးထားတယ္ (ပုံေလးနဲ႔ျပထားေပးတယ္)။ ေဖာင္ႀကီးမွာ တစ္ေယာက္တစ္ခန္းစီေနရၿပီး အစစအရာရာ အဆင္ေျပပါတယ္။ ဆရာမေတြကလည္း စိတ္ရွည္ၿပီး လူနာမည္ေခၚရင္ ကိုယ္က ေသြးေပါင္ခ်ိန္ အပူခ်ိန္တိုင္းျပရပါတယ္။

အားေပးစကား

Positive ဆိုၿပီး စိတ္ဓာတ္မက်ပါနဲ႔။ စိတ္ကိုအေကာင္းဆုံးျပင္ဆင္ၿပီး က်န္းမာေအာင္ႀကိဳးစားေနရင္း ေဆးကုသမႈခံယူရင္း ဆက္လက္ရွင္သန္ႏိုင္ၾကပါေစ။ မလိုအပ္ရင္ အျပင္မထြက္ၾကပါနဲ႔ ။ Mask တပ္ပါ။ Handgel သုံးပါ။ ဆိုင္မွာလူစုထိုင္တာေလွ်ာ့ပါ)
အားလုံးက်န္းမာေဘးကင္းၾကပါေစေနာ္။

– လူနာအမွတ္ ၁၂၃၁ –