ပေါ့ဘာ ကိုရိုနာကူးစက်ခံရမှု နောက်ဆုံးရအခြေအနေ

ယူနိုက်တက်ကစားသမားတွေရဲ့ အားလပ်ရက်ကာလတွေအတွင်း ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ကိုရိုနာ ရောဂါကူးစပ်ခံခဲ့ရပြီးတော့ စက်တင်ဘာ (၂)ရက်နေ့တုန်းကစတင်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကိုလည်းလွဲချော့်ခဲပါတယ်။ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ပေါ့ဘာဟာကိုရိုနာရောဂါကနေပြန်လည်သက်သာလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ပေါ့ဘာအနေနဲ့ မကြာမီအချိန်အတွင်း ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပြန်လည်ပြီးတော့ ပါဝင်လာနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ သတင်းတွေအရ ပေါ့ဘာဟာမနက်ဖြန်ည (၃)နာရီခွဲအချိန်မှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ ခြေစမ်းပွဲမတိုင်မီ ယူနိုက်တက်ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်လာမှာဖြစ်တယ်လို့ဆိုပါတယ်။

ပေါ့ဘာအနေနဲ့ ကိုရိုနာ ကူးစက်ခံရမှုကြောင့်နေရှင်လိဂ်ပြိုင်ပွဲအတွက်ပြင်သစ်အသင်းလူစာရင်းကနေ လည်းနုတ်ထွက်သွားခဲ့ရပါတယ်။ပြီးခဲ့တဲ့ တစ်ပတ်လောက်ကလည်း ပေါ့ဘာရဲ့ ဇနီးဖြစ်သူက အင်စတာဂရမ်မှာ ကိုရိုနာကူးစက်ခံရမှုှုနဲပ ပတ်သက်ပြီးတော့ အခုလိုရေးတင်ထားခဲ့တာပါ။ ” ဗီတာမင် ဒီသောက်သုံးပြီးတော့ ကျွန်မတို့ အိမ်မှာပဲနေနေပါတယ်၊ အခုတော့ ကျွန်မတို့ပိုပြီးတော့ကောင်းလာတယ်လို့ခံစားရပါတယ် ” လို့ပြောကြားသွားခဲ့တာပါ။

ပေါ့ဘာအနေနဲ့ ကျန်းမားရေးပြန်လည်ကောင်းမွန်လာခဲ့ပြီး လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မှာဖြစ်ပေမဲ့ မနက်ဖြန်(၃)နာရီခွဲအချိန်မှာ ကစားမယ့် ယူနိုက်တက်နဲ့ ဗီလာတို့ရဲ့ ခြေစမ်းပွဲစဉ်မှာတော့ ပါဝင်ကစားသွားမလားဆိုတာစောင့်ကြည့်သွားရဦးမှာပဲဖြစ်ပါတယ်။ တစ်ဆက်ထဲမှာပဲ မနက်ဖြန်(၃)နာရီခွဲအချိန်မှာ ကစားမယ့် ခြေစမ်းပွဲစဉ်မှာ ဘယ်နောက်ခံလူလုခ်ရှောပါဝင်ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Nalka

Zawgyi

ယူႏုိက္တက္ကစားသမားေတြရဲ႕ အားလပ္ရက္ကာလေတြအတြင္း ယူႏုိက္တက္ရဲ႕ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ကိုရိုနာ ေရာဂါကူးစပ္ခံခ့ဲရျပီးေတာ့ စက္တင္ဘာ (၂)ရက္ေန႔တုန္းကစတင္ခ့ဲတ့ဲ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြကိုလည္းလြဲေခ်ာ့္ခဲပါတယ္။ဒါေပမ့ဲ လက္ရွိအခ်ိန္မွာေတာ့ ေပါ့ဘာဟာကိုရိုနာေရာဂါကေနျပန္လည္သက္သာလာခ့ဲျပီျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့ေၾကာင့္ ေပါ့ဘာအေနနဲ႔ မၾကာမီအခ်ိန္အတြင္း ယူႏုိက္တက္ရဲ႕ ေလ့က်င့္ခန္း အစီအစဥ္ေတြမွာ ျပန္လည္ျပီးေတာ့ ပါ၀င္လာႏုိင္ေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။ သတင္းေတြအရ ေပါ့ဘာဟာမနက္ျဖန္ည (၃)နာရီခြဲအခ်ိန္မွာ ကစားမယ့္ အက္စတြန္ဗီလာနဲ႔ ေျခစမ္းပြဲမတိုင္မီ ယူႏုိက္တက္ရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ပါ၀င္လာမွာျဖစ္တယ္လို႔ဆိုပါတယ္။

ေပါ့ဘာအေနနဲ႔ ကိုရိုနာ ကူးစက္ခံရမႈေၾကာင့္ေနရွင္လိဂ္ျပိဳင္ပြဲအတြက္ျပင္သစ္အသင္းလူစာရင္းကေန လည္းႏုတ္ထြက္သြားခဲ့ရပါတယ္။ျပီးခ့ဲတ့ဲ တစ္ပတ္ေလာက္ကလည္း ေပါ့ဘာရဲ႕ ဇနီးျဖစ္သူက အင္စတာဂရမ္မွာ ကိုရိုနာကူးစက္ခံရမႈႈနဲပ ပတ္သက္ျပီးေတာ့ အခုလိုေရးတင္ထားခ့ဲတာပါ။ ” ဗီတာမင္ ဒီေသာက္သံုးျပီးေတာ့ ကၽြန္မတို႔ အိမ္မွာပဲေနေနပါတယ္၊ အခုေတာ့ ကၽြန္မတို႔ပိုျပီးေတာ့ေကာင္းလာတယ္လို႔ခံစားရပါတယ္ ” လို႔ေျပာၾကားသြားခ့ဲတာပါ။

ေပါ့ဘာအေနနဲ႔ က်န္းမားေရးျပန္လည္ေကာင္းမြန္လာခ့ဲျပီး ေလ့က်င့္ခန္းျပန္ဆင္းႏုိင္ေတာ့မွာျဖစ္ေပမ့ဲ မနက္ျဖန္(၃)နာရီခြဲအခ်ိန္မွာ ကစားမယ့္ ယူႏုိက္တက္နဲ႔ ဗီလာတို႔ရဲ႕ ေျခစမ္းပြဲစဥ္မွာေတာ့ ပါ၀င္ကစားသြားမလားဆိုတာေစာင့္ၾကည့္သြားရဦးမွာပဲျဖစ္ပါတယ္။ တစ္ဆက္ထဲမွာပဲ မနက္ျဖန္(၃)နာရီခြဲအခ်ိန္မွာ ကစားမယ့္ ေျခစမ္းပြဲစဥ္မွာ ဘယ္ေနာက္ခံလူလုခ္ေရွာပါ၀င္ကစားသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Nalka