မြန်မာ လူမျိုးတွေကို ကိုဗစ်ထက် ပိုပြီး ဒုက္ခပေးနေတဲ့ ရောဂါများ

အခုကိုဗစ်သတင်းတွေ မှာ သေသူကြည့်လိုက်ရင် အသက် ၄၀-၅၀ နဲ့ ဆီးချို သွေးတိုးအခံရှိသူ ဆိုတာများတယ်။ ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ထင်လဲ။ ကိုဗစ်ကိုပြောတာမဟုတ်ဘူးနော်။ ငယ်ငယ်လေးတွေနဲ့ ဆီးချိုသွေးတိုးဖြစ်တာပြောတာ။အရင်က လူတစ်ယောက်ဟာ ၆၀ ကျော် မှာ အဖြစ် များရာက အခုနောက်ပိုင်း ၃၀ ကျော်လေးတွေမှာ လာဖြစ်တာ သတိထားမိလာတယ်။ ကိုယ့်သူငယ်ချင်းတွေမှာပါ ဖြစ်လို့ သိလာတာ။ ကံဆိုးလို့ပါကွာတို့ သူ့အလိုလိုဖြစ်လာတာတို့ လာမပြောနဲ့။ လုံးဝ လုံးဝမဟုတ်ဘူး။အဆိုးဆုံးပြဿနာက အစားအသောက်ပဲ။ အခုခေတ် ကောင်းတယ် ဆိုပြီး ညွှန်းကြတဲ့ အစားအစာတွေ ဆိုင်တွေကြည့်လိုက် သကြားတွေ မတရားထည့်လို့ ချိုရဲနေတာရယ် အချိုမှုန့်တွေစွတ်ထည့်လို့ စားကောင်းနေတာရယ်

ငရုတ်သီးမှုန့် နိုင်းချင်းနဲ့ စပ်ဖြဲနေတာရယ် ဒါမျိုးမှ ဒီဆိုင်က ကောင်းတာဆိုပြီးညွှန်းတာ။ မယုံရင် အစားအသောက်ဂရုတွေထဲသွားကြည့်အပြင်မှာနာမည်ကြီးပြီး ဆိုင်ခွဲတွေ စွတ်ခွဲနေတာကြည့်လိုက်အုံး။ ချိုရဲနေလို့ အရမ်းကောင်းတာပဲဆိုတဲ့ မြန်မာမုန့်ရယ်၊ အချိုမှုန့်မတရားထည့်ပြီး ကောင်းတယ်ဆိုတဲ့ကြေးအိုးရယ်၊ ရေလုံပြုတ်စားရတဲ့ဟော့ပေါ့ကို အရသာကောင်းအောင် အချိုမှုန့်တွေ ငရုတ်သီးတွေစွတ်ထည့်လို့ ကြိုက်ကြ ရောင်းကောင်းကြတဲ့ ဟော့ပေါ့တွေရယ် စပ်ဖြဲနေတဲ့ မာလာရှမ်းကောနဲ့ အစပ်တကာ့ အစပ်ဆုံးဆိုင်တွေရယ်ကျန်းမာရေးကောင်းတယ်ဆိုတဲ့ အစားအစာမျိုးကျ အရသာမရှိဘူး၊ ပေါ့တယ်၊ မစားဘူးဆိုတာ လာတာ။

ဒီတော့လဲ သွေးတိုး၊ ဆီးချို၊ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာဆိုတာ မဆန်းတော့ဘူး။ တကယ့်ကို ငယ်ငယ်လေးတွေဖြစ်ကြတာ။ဒုတိယပြဿနာကတော့ ကိုယ်လက်လှုပ်ရှားနည်းလာတာ။ ပိုက်ဆံ ရှိကြတယ် ချမ်းသာကြတယ်လေ။ ဒီတော့ ငါစားနိုင်တာပဲဆိုပြီး တမြို့လုံး တနိုင်ငံလုံးလှည့်ပတ်စား၊ ပြီးရင် လမ်းကမလျှောက် ကားပေါ်ကတက် ကားပေါ်ကဆင်း။ ကိုယ်သွားမဲ့နေရာ တည့်တည့်မှ ကားမရပ်ရရင် ရန်က ဖြစ်ရသေးတာ၊ တခြားလမ်းသွားရပ်ပြီး လမ်းလျှောက်ပေါ့ဗျာ မဟုတ်ဘူး တည့်တည့်မှ တည့်တည့်၊ နည်းနည်းလေးများ လျှောက်ရပြီဆို ပတ်ပြီး ကွိုင်ရှာတော့တာ။ တိုက်ပေါ်ဆိုတော့လဲ အထပ်မြင့်ရင်တောင် ဓါတ်လှေကားလေးနဲ့မှ။

လှေကားနဲ့များ ၄-၅ ထပ်ဆို လျှာက တတောင်လောက် ထွက်ချင်နေပြီ။ လေ့ကျင့်ခန်းလုပ်ဖို့လား၊ မောပါတယ်ဆိုမှ လှည့်ကိုမကြည့်တာ။ ဒီတော့ အဝလွန်လာမယ်၊ နှလုံး သွေးတိုး ဆီးချိုဖြစ်လာမယ်။တတိယပြဿနာကတော့ အရက် ဆေးလိပ်ပေါ့ဗျာ။ အများကြီး မပြောတော့ဘူး၊ သိပြီးသားကိုး။ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း သောက်သုံးသူ ဘယ်လောက်တိုးလာတယ် လူတိုင်းသိတယ်။စတုတ္ထအချက်က သောက်ချင်သလိုသောက်နေတဲ့ တိုင်းရင်းဆေးနဲ့ နိုင်ငံခြား အားဆေးတွေ၊ ဟိုဟာကောင်းဆေးတွေ။ ကြော်ငြာကောင်းတိုင်း စွတ်မလုပ်နဲ့၊ ဆေးဆိုတာ သဘာဝမဟုတ်လို့ ဘယ်ဟာမှ မလိုဘဲ မသောက်ရဘူး။ ဆရာဝန်တွေကအစ စွတ်ညွှန်းနေတာခက်တယ်။

ပဉ္စမအချက်ကတော့ စိုက်ပျိုးရေးမှာ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ မွေးမြူရေး မှာ ဟော်မုန်းတွေ ဆေးတွေ လှိုင်လှိုင်သုံးလာခြင်းပဲ။ အထွက်တိုးတယ်။ လူကိုလဲ ထိတယ်။နောက်ဆုံးတစ်ချက်ကတော့ အသင့်စား အစားအစာတွေ မတရားစားလာကြတာပဲ။ ခေါက်ဆွဲ ထုတ် ဝက်အူချောင်း အသားလုံး အသားပြားတွေ၊ စတိုးဆိုင်ပေါ်က အသင့်စား လေပေါင်းထုတ်တွေ ဟင်းတွေ၊ အချိုရည်တွေ၊ နိုင်ငံခြားက ကောင်းလှတယ်ဆိုတဲ့မုန့်တွေ၊ နို့မှုန့်တွေ။ လတ်ဆတ်တဲ့ အသားငါးဝယ်လို့လွယ်တာတောင် ငါပိုက်ဆံရှိလို့စားနိုင်တာဆိုပြီး နိုင်ငံခြားက လာတာမှ ကြိတ်တာမျိုး။ စားလို့သောက်လို့တော့ကောင်းတာပေါ့။ ပြီးရင်တော့ အသက်ငယ်ငယ်နဲ့ ကင်ဆာကြပေါ့။

အခုပြောနေတာ ခြောက်တယ်မထင်နဲ့။ မြန်မာနိုင်ငံမှာ တကယ်ကြီး ဖြစ်နေတာ ပြောနေတာ။ ကြိုက်တဲ့ဆရာဝန်မေး၊ ငယ်ငယ်လေးနဲ့အဖြစ်များလာတာ ဆရာဝန်တိုင်းသိတယ်။ဘယ်လောက်ထိန်းထားထိန်းထား ငယ်ငယ်လေးဖြစ်ရင် စောစောသေဖို့ များတယ်။ နာတာရှည်ရောဂါဆိုတာ ခန္ဓာကိုယ်ကို တဖြည်းဖြည်းဆိုးလာစေတယ်၊ သွေးကြောတွေမာလာမယ် ကလီစာတွေပျက်ဆီးလာမယ်၊ နှလုံးသွေးကြောနဲ့ ဦးနှောက်သွေးကြောတွေ ကျဉ်းလာမယ်၊ အဲ့လိုဖြစ်နေတာ မျက်စိနဲ့မြင်နေရတာ မဟုတ်တော့ မကြောက်ကြဘူး။ ဒါပေမယ့် တစ်ချက် လွတ်တာ၊ မှားတာနဲ့ သေမှာပဲ။အမှန်က ကိုဗစ်မှမဟုတ်ဘူး၊ သေမှာကြောက်ကြတာ။

ဒါပေမယ့် မျှင်းသတ်တာကို မကြောက် သလို အရသာ ချိုချိုလေးနဲ့ သတ်တာကိုလဲ မသိကြဘူး။ အပျင်းရောဂါက သတ်နေတာလဲ မသိကြဘူး။ ထိန်းနိုင်တဲ့သူက ရေရှည်မှာ ကျန်းမာမယ်၊ လက်မထောင်နိုင်မယ်။ မထိန်းတဲ့သူကတော့ သူများတွေ သာယာနေချိန်မှာ ဆေးရုံကုတင်နဲ့ နှစ်ပါးသွားရမှာပဲ။ အခုလို ကိုဗစ်လိုမျိုးလာလဲ ကြောက်ပြီး တုန်နေရမှာပဲ။ ဆင်တုတ်ကွေးဝင်လဲ လှိမ့်နေမှာပဲ။ကိုယ့်ဦးနှောက်နဲ့ ကိုယ့်ထိန်းချုပ်မှုကပဲ ရေရှည်မှာ ကိုယ့်ကို ကယ်နိုင်မှာ။ တကယ်ချစ်ရင် ပညာနဲ့ယှဉ်ဖို့ လိုတယ်။

Zawgyi

အခုကိုဗစ္သတင္းေတြ မွာ ေသသူၾကည့္လိုက္ရင္ အသက္ ၄၀-၅၀ နဲ႔ ဆီးခ်ိဳ ေသြးတိုးအခံရွိသူ ဆိုတာမ်ားတယ္။ ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းတယ္ထင္လဲ။ ကိုဗစ္ကိုေျပာတာမဟုတ္ဘူးေနာ္။ ငယ္ငယ္ေလးေတြနဲ႔ ဆီးခ်ိဳေသြးတိုးျဖစ္တာေျပာတာ။အရင္က လူတစ္ေယာက္ဟာ ၆၀ ေက်ာ္ မွာ အျဖစ္ မ်ားရာက အခုေနာက္ပိုင္း ၃၀ ေက်ာ္ေလးေတြမွာ လာျဖစ္တာ သတိထားမိလာတယ္။ ကိုယ့္သူငယ္ခ်င္းေတြမွာပါ ျဖစ္လို႔ သိလာတာ။ ကံဆိုးလို႔ပါကြာတို႔ သူ႔အလိုလိုျဖစ္လာတာတို႔ လာမေျပာနဲ႔။ လုံးဝ လုံးဝမဟုတ္ဘူး။အဆိုးဆုံးျပႆနာက အစားအေသာက္ပဲ။ အခုေခတ္ ေကာင္းတယ္ ဆိုၿပီး ၫႊန္းၾကတဲ့ အစားအစာေတြ ဆိုင္ေတြၾကည့္လိုက္ သၾကားေတြ မတရားထည့္လို႔ ခ်ိဳရဲေနတာရယ္ အခ်ိဳမႈန္႔ေတြစြတ္ထည့္လို႔ စားေကာင္းေနတာရယ္

င႐ုတ္သီးမႈန္႔ ႏိုင္းခ်င္းနဲ႔ စပ္ၿဖဲေနတာရယ္ ဒါမ်ိဳးမွ ဒီဆိုင္က ေကာင္းတာဆိုၿပီးၫႊန္းတာ။ မယုံရင္ အစားအေသာက္ဂ႐ုေတြထဲသြားၾကည့္အျပင္မွာနာမည္ႀကီးၿပီး ဆိုင္ခြဲေတြ စြတ္ခြဲေနတာၾကည့္လိုက္အုံး။ ခ်ိဳရဲေနလို႔ အရမ္းေကာင္းတာပဲဆိုတဲ့ ျမန္မာမုန္႔ရယ္၊ အခ်ိဳမႈန္႔မတရားထည့္ၿပီး ေကာင္းတယ္ဆိုတဲ့ေၾကးအိုးရယ္၊ ေရလုံျပဳတ္စားရတဲ့ေဟာ့ေပါ့ကို အရသာေကာင္းေအာင္ အခ်ိဳမႈန္႔ေတြ င႐ုတ္သီးေတြစြတ္ထည့္လို႔ ႀကိဳက္ၾက ေရာင္းေကာင္းၾကတဲ့ ေဟာ့ေပါ့ေတြရယ္ စပ္ၿဖဲေနတဲ့ မာလာရွမ္းေကာနဲ႔ အစပ္တကာ့ အစပ္ဆုံးဆိုင္ေတြရယ္က်န္းမာေရးေကာင္းတယ္ဆိုတဲ့ အစားအစာမ်ိဳးက် အရသာမရွိဘူး၊ ေပါ့တယ္၊ မစားဘူးဆိုတာ လာတာ။

ဒီေတာ့လဲ ေသြးတိုး၊ ဆီးခ်ိဳ၊ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကင္ဆာဆိုတာ မဆန္းေတာ့ဘူး။ တကယ့္ကို ငယ္ငယ္ေလးေတြျဖစ္ၾကတာ။ဒုတိယျပႆနာကေတာ့ ကိုယ္လက္လႈပ္ရွားနည္းလာတာ။ ပိုက္ဆံ ရွိၾကတယ္ ခ်မ္းသာၾကတယ္ေလ။ ဒီေတာ့ ငါစားႏိုင္တာပဲဆိုၿပီး တၿမိဳ႕လုံး တႏိုင္ငံလုံးလွည့္ပတ္စား၊ ၿပီးရင္ လမ္းကမေလွ်ာက္ ကားေပၚကတက္ ကားေပၚကဆင္း။ ကိုယ္သြားမဲ့ေနရာ တည့္တည့္မွ ကားမရပ္ရရင္ ရန္က ျဖစ္ရေသးတာ၊ တျခားလမ္းသြားရပ္ၿပီး လမ္းေလွ်ာက္ေပါ့ဗ်ာ မဟုတ္ဘူး တည့္တည့္မွ တည့္တည့္၊ နည္းနည္းေလးမ်ား ေလွ်ာက္ရၿပီဆို ပတ္ၿပီး ကြိဳင္ရွာေတာ့တာ။ တိုက္ေပၚဆိုေတာ့လဲ အထပ္ျမင့္ရင္ေတာင္ ဓါတ္ေလွကားေလးနဲ႔မွ။

ေလွကားနဲ႔မ်ား ၄-၅ ထပ္ဆို လွ်ာက တေတာင္ေလာက္ ထြက္ခ်င္ေနၿပီ။ ေလ့က်င့္ခန္းလုပ္ဖို႔လား၊ ေမာပါတယ္ဆိုမွ လွည့္ကိုမၾကည့္တာ။ ဒီေတာ့ အဝလြန္လာမယ္၊ ႏွလုံး ေသြးတိုး ဆီးခ်ိဳျဖစ္လာမယ္။တတိယျပႆနာကေတာ့ အရက္ ေဆးလိပ္ေပါ့ဗ်ာ။ အမ်ားႀကီး မေျပာေတာ့ဘူး၊ သိၿပီးသားကိုး။ လြန္ခဲ့တဲ့ ႏွစ္ ၃၀ အတြင္း ေသာက္သုံးသူ ဘယ္ေလာက္တိုးလာတယ္ လူတိုင္းသိတယ္။စတုတၳအခ်က္က ေသာက္ခ်င္သလိုေသာက္ေနတဲ့ တိုင္းရင္းေဆးနဲ႔ ႏိုင္ငံျခား အားေဆးေတြ၊ ဟိုဟာေကာင္းေဆးေတြ။ ေၾကာ္ျငာေကာင္းတိုင္း စြတ္မလုပ္နဲ႔၊ ေဆးဆိုတာ သဘာဝမဟုတ္လို႔ ဘယ္ဟာမွ မလိုဘဲ မေသာက္ရဘူး။ ဆရာဝန္ေတြကအစ စြတ္ၫႊန္းေနတာခက္တယ္။

ပၪၥမအခ်က္ကေတာ့ စိုက္ပ်ိဳးေရးမွာ ဓာတ္ေျမၾသဇာ၊ ပိုးသတ္ေဆးနဲ႔ ေမြးျမဴေရး မွာ ေဟာ္မုန္းေတြ ေဆးေတြ လႈိင္လႈိင္သုံးလာျခင္းပဲ။ အထြက္တိုးတယ္။ လူကိုလဲ ထိတယ္။ေနာက္ဆုံးတစ္ခ်က္ကေတာ့ အသင့္စား အစားအစာေတြ မတရားစားလာၾကတာပဲ။ ေခါက္ဆြဲ ထုတ္ ဝက္အူေခ်ာင္း အသားလုံး အသားျပားေတြ၊ စတိုးဆိုင္ေပၚက အသင့္စား ေလေပါင္းထုတ္ေတြ ဟင္းေတြ၊ အခ်ိဳရည္ေတြ၊ ႏိုင္ငံျခားက ေကာင္းလွတယ္ဆိုတဲ့မုန္႔ေတြ၊ ႏို႔မႈန္႔ေတြ။ လတ္ဆတ္တဲ့ အသားငါးဝယ္လို႔လြယ္တာေတာင္ ငါပိုက္ဆံရွိလို႔စားႏိုင္တာဆိုၿပီး ႏိုင္ငံျခားက လာတာမွ ႀကိတ္တာမ်ိဳး။ စားလို႔ေသာက္လို႔ေတာ့ေကာင္းတာေပါ့။ ၿပီးရင္ေတာ့ အသက္ငယ္ငယ္နဲ႔ ကင္ဆာၾကေပါ့။

အခုေျပာေနတာ ေျခာက္တယ္မထင္နဲ႔။ ျမန္မာႏိုင္ငံမွာ တကယ္ႀကီး ျဖစ္ေနတာ ေျပာေနတာ။ ႀကိဳက္တဲ့ဆရာဝန္ေမး၊ ငယ္ငယ္ေလးနဲ႔အျဖစ္မ်ားလာတာ ဆရာဝန္တိုင္းသိတယ္။ဘယ္ေလာက္ထိန္းထားထိန္းထား ငယ္ငယ္ေလးျဖစ္ရင္ ေစာေစာေသဖို႔ မ်ားတယ္။ နာတာရွည္ေရာဂါဆိုတာ ခႏၶာကိုယ္ကို တျဖည္းျဖည္းဆိုးလာေစတယ္၊ ေသြးေၾကာေတြမာလာမယ္ ကလီစာေတြပ်က္ဆီးလာမယ္၊ ႏွလုံးေသြးေၾကာနဲ႔ ဦးေႏွာက္ေသြးေၾကာေတြ က်ဥ္းလာမယ္၊ အဲ့လိုျဖစ္ေနတာ မ်က္စိနဲ႔ျမင္ေနရတာ မဟုတ္ေတာ့ မေၾကာက္ၾကဘူး။ ဒါေပမယ့္ တစ္ခ်က္ လြတ္တာ၊ မွားတာနဲ႔ ေသမွာပဲ။အမွန္က ကိုဗစ္မွမဟုတ္ဘူး၊ ေသမွာေၾကာက္ၾကတာ။

ဒါေပမယ့္ မွ်င္းသတ္တာကို မေၾကာက္ သလို အရသာ ခ်ိဳခ်ိဳေလးနဲ႔ သတ္တာကိုလဲ မသိၾကဘူး။ အပ်င္းေရာဂါက သတ္ေနတာလဲ မသိၾကဘူး။ ထိန္းႏိုင္တဲ့သူက ေရရွည္မွာ က်န္းမာမယ္၊ လက္မေထာင္ႏိုင္မယ္။ မထိန္းတဲ့သူကေတာ့ သူမ်ားေတြ သာယာေနခ်ိန္မွာ ေဆး႐ုံကုတင္နဲ႔ ႏွစ္ပါးသြားရမွာပဲ။ အခုလို ကိုဗစ္လိုမ်ိဳးလာလဲ ေၾကာက္ၿပီး တုန္ေနရမွာပဲ။ ဆင္တုတ္ေကြးဝင္လဲ လွိမ့္ေနမွာပဲ။ကိုယ့္ဦးေႏွာက္နဲ႔ ကိုယ့္ထိန္းခ်ဳပ္မႈကပဲ ေရရွည္မွာ ကိုယ့္ကို ကယ္ႏိုင္မွာ။ တကယ္ခ်စ္ရင္ ပညာနဲ႔ယွဥ္ဖို႔ လိုတယ္။