(၄) လပြည့်သွားခဲ့ပြီဖြစ်ပြီး တစ်နေ့တစ်ခြား မေမေဝမ်းနဲ့ တစ်ထေရာတည်းတူလာတဲ့ R ဇာနည်ရဲ့သမီးလေး မစ်မစ်တုန်

ပရိသတ်ကြီးရေ အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် အာဇာနည်ကတော့ သာယာတဲ့မိသားစုဘဝလေး တစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့အနုပညာရှင်တစ်ယောက်ပါ ။ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန် ဆိုတဲ့ သားလေး နှစ်ယောက်နဲ့ မစ်မစ်တုန် ဆိုတဲ့ သမီးလေးတစ်ယောက် ရှိပြီး လူတိုင်းအားကျရတဲ့ မိသားစုဘဝလေးကို ရရှိထားတာပါ ။

ဒီနေ့ စက်တင်ဘာလ (၁၄) ရက်နေ့ကတော့ သမီးအငယ်ဆုံးလေး မစ်မစ်ရဲ့ (၄) လပြည့်မွေးနေ့လေးဖြစ်ပြီး ချစ်တဲ့သမီးလေး ဒီကမ္ဘာကြီးပေါ် ရောက်လာတာ လေးလပြည့်တဲ့နေ့ အမှတ်တရလေးပေါ့ ဒီအချိန်မှာ လူအများမပျော်ရွှင်နိုင်မှန်းသိပါတယ် တစ်ချိန် သမီးလေးကြီးလာရင် ပြန်ကြည့်လို့ရအောင် အမှတ်တရပုံလေးတွေ ရိုက်ဖြစ်တယ် ဆိုတဲ့စာသားလေးနဲ့အတူ အာဇာနည်က သမီးလေးရဲ့ မွေးနေ့ အမှတ်တရ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ပရိသတ်တွေကလည်း မစ်မစ်လေးအတွက် မွေးနေ့ ဆုတောင်းလေးတွေ အများကြီးပေးခဲ့ကြပါတယ် ။

အများနဲ့အတူ ကပ်ဆိုးကြီးကိုရင်ဆိုင်ကျော်လွှားနေရတဲ့ထဲမှာ အပြစ်မသိတေးတဲ့ ကလေးငယ်တွေကို ပိုလို့သနားမိတယ် ဒီကမ္ဘာမြေကြီးအမြန်ကျန်းမာပြီး သာယာလှပနိုင်ပါစေ ကမ္ဘာသူကမ္ဘာသား အားလုံးနဲ့အတူ သတ္တဝါအားလုံး ကျန်းမာပျော်ရွှင်မိုင်ကြပါစေ လို့လည်း အာဇာနည်က ဆုမွန်ကောင်းတောင်းရေးသားထားပါသေးတယ် ။ သမီးလေး မစ်မစ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ အသက်ရှည်ကျန်းမာပါစေလို့ ဆယ်လီကမ္ဘာကလည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Zarni MyoNyut
credit – Cele Gabar

Zawgyi

ပရိသတ္ႀကီးေရ အသံပါဝါအားေကာင္းေကာင္းနဲ႔ ပရိသတ္အားေပးမႈ အခိုင္အမာရရွိထားတဲ့ အဆိုေတာ္ အာဇာနည္ကေတာ့ သာယာတဲ့မိသားစုဘဝေလး တစ္ခုကို ပိုင္ဆိုင္ခြင့္ရရွိထားတဲ့အႏုပညာရွင္တစ္ေယာက္ပါ ။ ဖစ္ဖစ္တုန္နဲ႔ ခ်စ္ခ်စ္တုန္ ဆိုတဲ့ သားေလး ႏွစ္ေယာက္နဲ႔ မစ္မစ္တုန္ ဆိုတဲ့ သမီးေလးတစ္ေယာက္ ရွိၿပီး လူတိုင္းအားက်ရတဲ့ မိသားစုဘဝေလးကို ရရွိထားတာပါ ။

ဒီေန႔ စက္တင္ဘာလ (၁၄) ရက္ေန႔ကေတာ့ သမီးအငယ္ဆုံးေလး မစ္မစ္ရဲ႕ (၄) လျပည့္ေမြးေန႔ေလးျဖစ္ၿပီး ခ်စ္တဲ့သမီးေလး ဒီကမာၻႀကီးေပၚ ေရာက္လာတာ ေလးလျပည့္တဲ့ေန႔ အမွတ္တရေလးေပါ့ ဒီအခ်ိန္မွာ လူအမ်ားမေပ်ာ္႐ႊင္ႏိုင္မွန္းသိပါတယ္ တစ္ခ်ိန္ သမီးေလးႀကီးလာရင္ ျပန္ၾကည့္လို႔ရေအာင္ အမွတ္တရပုံေလးေတြ ႐ိုက္ျဖစ္တယ္ ဆိုတဲ့စာသားေလးနဲ႔အတူ အာဇာနည္က သမီးေလးရဲ႕ ေမြးေန႔ အမွတ္တရ ပုံရိပ္ေလးေတြကို လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ပရိသတ္ေတြကို မွ်ေဝေပးလာခဲ့ပါတယ္ ။ ပရိသတ္ေတြကလည္း မစ္မစ္ေလးအတြက္ ေမြးေန႔ ဆုေတာင္းေလးေတြ အမ်ားႀကီးေပးခဲ့ၾကပါတယ္ ။

အမ်ားနဲ႔အတူ ကပ္ဆိုးႀကီးကိုရင္ဆိုင္ေက်ာ္လႊားေနရတဲ့ထဲမွာ အျပစ္မသိေတးတဲ့ ကေလးငယ္ေတြကို ပိုလို႔သနားမိတယ္ ဒီကမာၻေျမႀကီးအျမန္က်န္းမာၿပီး သာယာလွပႏိုင္ပါေစ ကမာၻသူကမာၻသား အားလုံးနဲ႔အတူ သတၱဝါအားလုံး က်န္းမာေပ်ာ္႐ႊင္မိုင္ၾကပါေစ လို႔လည္း အာဇာနည္က ဆုမြန္ေကာင္းေတာင္းေရးသားထားပါေသးတယ္ ။ သမီးေလး မစ္မစ္ေမြးေန႔မွသည္ ေနာင္ႏွစ္ေပါင္းမ်ားစြာထိ အသက္ရွည္က်န္းမာပါေစလို႔ ဆယ္လီကမာၻကလည္းဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္ ။

Source : Zarni MyoNyut
credit – Cele Gabar