ကူးစက်မှုမြင့်တက်နေသော ကိုဗစ်ဗိုင်းရပ်စ်ပိုးအကြောင်းကို ပြောပြလာတဲ့ ဒေါက်တာခင်ခင်ကြီး

လက်ရှိအချိန်မှာ သေဆုံးသူ စုစုပေါင်း ၂၀ ဦးရှိလာပါပြီ သေဆုံးသူတွေရဲ့ အသက်အရွယ်ကို ပိုင်းခြားကြည့်လျှင် ၆၀ နှစ်အောက်က ၆ ယောက်ပဲရှိပြီး ၆၀ အထက်က ၁၄ ယောက် (၇၀ %) ရှိနေပါတယ်။ ပထမလှိုင်း ၆ ယောက်သေဆုံးတာမှာ ၆၀ အောက်က ၁ ယောက်ပဲရှိပြီး ၆၀ အထက် ၅ ယောက် (၈၃ %) ရှိပါတယ်။ ဒုတိယလှိုင်းမှာ လက်ရှိအချိန်အထိ သေဆုံးသူ ၁၄ ယောက်ရှိပြီဖြစ်ပြီး ၆၀ နှစ်အောက် ၆ ယောက်နဲ့ ၆၀ နှစ်အထက် ၈ ယောက် (၅၇ %) ရှိတာကို တွေ့ရမှာဖြစ်ပါတယ် ဒီနေရာမှာ ဘာသတိပြုမိလဲ။

၆၀ နှစ်အထက် သေဆုံးမှုက အမြဲတမ်းများနေတာကို တွေ့ရမှာပါ သို့သော်လည်း ဒုတိယလှိုင်း သေဆုံးမှုကို ကြည့်ရင် တဖြည်းဖြည်းနဲ့ ၆၀ အောက်တွေလဲ များလာတာ တွေ့ရှိရမှာပါ။(ယနေ့သတင်းထုတ်ပြန်တဲ့ ၄ ယောက်လုံးဟာ ၆၀ အထက်ဖြစ်နေလို့သာ ၅၇ % ဖြစ်တာကို သတိပြုမိကြမယ်ထင်ပါတယ်)။ ဒါ့ကြောင့်မို့ ရောဂါဖြစ်ရင်ပိုဆိုးနိုင်တဲ့ ပိုပြီးဂရုစိုက်ရမဲ့ အခြေအနေတွေကို US CDC က Sep 11, 2020 မှာ ထုတ်ပြန်ထားပါတယ်။ မိမိနဲ့ မိမိမိသားစုမှာ ဒီလိုမျိုးအခြေအနေရှိတဲ့သူတွေ ရှိနေမယ်ဆိုရင် ပိုပြီးဂရုစိုက်ပေးဖို့ လိုမယ်ဖြစ်ပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ အောက်ပါအချက်များရှိသူတွေမှာ ကိုဗစ်ကြောင့် သေဆုံးမှုများနေတာမို့ ဒီလိုအခြေအနေရှိရင် ပိုဂရုစိုက်ဖို့ ထုတ်ပြန်ထားပါတယ်။ ဘယ်လိုအခြေအနေတွေလဲ။ ၁ အသက်ကြီးသူများ ၂ ဒီလိုနောက်ခံရောဂါရှိသူများ။

ကင်ဆာဝေဒနာခံစားနေရသူများ -နာတာရှည်ကျောက်ကပ်ခံစားရသူ – အဆုတ်ကောင်းစွာအလုပ်မလုပ်နိုင်သူများ -ကိုယ်ခံအားကျဆင်းနေသူများ -အဝလွန်သူများ (BMI 30 နှင့်အထက်) – နှလုံးရောဂါရှိသူများ နှလုံးသွေးကြောကျဉ်းရှိသူများ – သွေးရောဂါရှိသူများ -ဆီးချိုအမျိုးအစား ၂ ရှိသူများ ဖြစ်ကြပါတယ်။

ဟာဒါဆို စိုးရိမ်စရာပေါ့ ဘယ်လိုလုပ်ကြမတုံး။ နည်းလမ်းကရှိပြီးသားပါ။ ⁃ လူများနှင့်ထိတွေ့မှု နည်းနိုင်သမျှနည်းအောင် ကန့်သတ်ထားပါ ⁃ လက်ကို မကြာခဏဆေးပါ ⁃ နေမကောင်းသူတွေနဲ့ ဝေးဝေးနေပါ (အနည်းဆုံး ၆ ပေ) ⁃ ထိတွေ့မှုများသော မျက်နှာပြင်တွေကို ဆေးကြောပါ ပိုးသန့်စင်အောင်လုပ်ပါ ⁃ မလိုအပ်ပဲ ဘာခရီးမှ မသွားပါနဲ့ (အထူးသဖြင့် လေယာဉ်မစီးပါနှင့်)။

Source – Dr Khin Khin Gyi

Zawgyi

လက္ရွိအခ်ိန္မွာ ေသဆုံးသူ စုစုေပါင္း ၂၀ ဦးရွိလာပါၿပီ ေသဆုံးသူေတြရဲ႕ အသက္အ႐ြယ္ကို ပိုင္းျခားၾကည့္လွ်င္ ၆၀ ႏွစ္ေအာက္က ၆ ေယာက္ပဲရွိၿပီး ၆၀ အထက္က ၁၄ ေယာက္ (၇၀ %) ရွိေနပါတယ္။ ပထမလႈိင္း ၆ ေယာက္ေသဆုံးတာမွာ ၆၀ ေအာက္က ၁ ေယာက္ပဲရွိၿပီး ၆၀ အထက္ ၅ ေယာက္ (၈၃ %) ရွိပါတယ္။ ဒုတိယလႈိင္းမွာ လက္ရွိအခ်ိန္အထိ ေသဆုံးသူ ၁၄ ေယာက္ရွိၿပီျဖစ္ၿပီး ၆၀ ႏွစ္ေအာက္ ၆ ေယာက္နဲ႔ ၆၀ ႏွစ္အထက္ ၈ ေယာက္ (၅၇ %) ရွိတာကို ေတြ႕ရမွာျဖစ္ပါတယ္ ဒီေနရာမွာ ဘာသတိျပဳမိလဲ။

၆၀ ႏွစ္အထက္ ေသဆုံးမႈက အၿမဲတမ္းမ်ားေနတာကို ေတြ႕ရမွာပါ သို႔ေသာ္လည္း ဒုတိယလႈိင္း ေသဆုံးမႈကို ၾကည့္ရင္ တျဖည္းျဖည္းနဲ႔ ၆၀ ေအာက္ေတြလဲ မ်ားလာတာ ေတြ႕ရွိရမွာပါ။(ယေန႔သတင္းထုတ္ျပန္တဲ့ ၄ ေယာက္လုံးဟာ ၆၀ အထက္ျဖစ္ေနလို႔သာ ၅၇ % ျဖစ္တာကို သတိျပဳမိၾကမယ္ထင္ပါတယ္)။ ဒါ့ေၾကာင့္မို႔ ေရာဂါျဖစ္ရင္ပိုဆိုးႏိုင္တဲ့ ပိုၿပီးဂ႐ုစိုက္ရမဲ့ အေျခအေနေတြကို US CDC က Sep 11, 2020 မွာ ထုတ္ျပန္ထားပါတယ္။ မိမိနဲ႔ မိမိမိသားစုမွာ ဒီလိုမ်ိဳးအေျခအေနရွိတဲ့သူေတြ ရွိေနမယ္ဆိုရင္ ပိုၿပီးဂ႐ုစိုက္ေပးဖို႔ လိုမယ္ျဖစ္ပါတယ္။

အဆိုပါထုတ္ျပန္ခ်က္အရ ေအာက္ပါအခ်က္မ်ားရွိသူေတြမွာ ကိုဗစ္ေၾကာင့္ ေသဆုံးမႈမ်ားေနတာမို႔ ဒီလိုအေျခအေနရွိရင္ ပိုဂ႐ုစိုက္ဖို႔ ထုတ္ျပန္ထားပါတယ္။ ဘယ္လိုအေျခအေနေတြလဲ။ ၁ အသက္ႀကီးသူမ်ား ၂ ဒီလိုေနာက္ခံေရာဂါရွိသူမ်ား။

ကင္ဆာေဝဒနာခံစားေနရသူမ်ား -နာတာရွည္ေက်ာက္ကပ္ခံစားရသူ – အဆုတ္ေကာင္းစြာအလုပ္မလုပ္ႏိုင္သူမ်ား -ကိုယ္ခံအားက်ဆင္းေနသူမ်ား -အဝလြန္သူမ်ား (BMI 30 ႏွင့္အထက္) – ႏွလုံးေရာဂါရွိသူမ်ား ႏွလုံးေသြးေၾကာက်ဥ္းရွိသူမ်ား – ေသြးေရာဂါရွိသူမ်ား -ဆီးခ်ိဳအမ်ိဳးအစား ၂ ရွိသူမ်ား ျဖစ္ၾကပါတယ္။

ဟာဒါဆို စိုးရိမ္စရာေပါ့ ဘယ္လိုလုပ္ၾကမတုံး။ နည္းလမ္းကရွိၿပီးသားပါ။ ⁃ လူမ်ားႏွင့္ထိေတြ႕မႈ နည္းႏိုင္သမွ်နည္းေအာင္ ကန္႔သတ္ထားပါ ⁃ လက္ကို မၾကာခဏေဆးပါ ⁃ ေနမေကာင္းသူေတြနဲ႔ ေဝးေဝးေနပါ (အနည္းဆုံး ၆ ေပ) ⁃ ထိေတြ႕မႈမ်ားေသာ မ်က္ႏွာျပင္ေတြကို ေဆးေၾကာပါ ပိုးသန္႔စင္ေအာင္လုပ္ပါ ⁃ မလိုအပ္ပဲ ဘာခရီးမွ မသြားပါနဲ႔ (အထူးသျဖင့္ ေလယာဥ္မစီးပါႏွင့္)။

Source – Dr Khin Khin Gyi