ဆရာမက အညှိုးတကြီးနဲ့ ရိုက်နှက်ဆုံးမခဲ့လို့ အသက်ဆုံးခဲ့ရတဲ့ ကျောင်းသူလေး

တရုတ်နိုင်ငံမှာ (၁၀)နှစ်အရွယ်သာရှိသေးတဲ့ ကျောင်းသူလေးတစ်ယောက်ကို ဆရာမက သေသည်အထိ ရိုက်နှက်ဆုံးမခဲ့တဲ့အတွက် အခုဆိုရင် အဲဒီသတင်းဟာ လူမှုကကွန်ရက်မှာ အုံကြွမှု ဖြစ်နေပါတယ်။ ကျောင်းသူလေးဟာ မနက်ခင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းကို လာခဲ့ပေမယ့်၊ ကျောင်းကိုသွားတဲ့လမ်းဟာ သူမရဲ့ မပြန်လမ်းဆိုတာ မရိပ်မခဲ့ရှာပါဘူး။

ကျောင်းသူလေးအမည်ကတော့ Ning Ning လို့် သိရပါတယ်။ ဆီချွမ်ပြည်နယ်အတွင်းက မူလတန်းကျောင်းမှာ ကျောင်းတက်နေသူပါ။ သူမဟာ စက်တင်ဘာလ(၁၀)ရက် ‘တရုတ်ဆရာများနေ့”မှာ ဆရာမရဲ့ လူမဆန်စွာ ရိုက်နှက်ခံရခြင်းကြောင့် သေဆုံးခဲ့ရပါတယ်။ ကျောင်းသားမိဘတွေကလည်း ဒီကိစ္စကို အလွန်မကျေမနပ်ဖြစ်နေပြီး၊ သက်ဆိုင်ရာကို ဖြေရှင်းချက် အမြန်ပေးဖို့ တောင်းဆိုထားပါတယ်။

မျက်မြင်သက်သေ ကျောင်းသား/သူတွေရဲ့ အပြောအရ Ning Ning ဟာ သင်္ချာပုစ္ဆာနှစ်ခုကို အဖြေမှားယွင်း ဖြေကြားခဲ့တဲ့အတွက်၊ ဆရာမက အတန်းရှေ့ကို ခါ်ကာ ဒူးထောက်ထိုင်ခိုင်းကြောင်း၊ ယင်းနောက် တုတ်နဲ့ လက်တွေကို အရင်ဆုံး ရိုက်နှက်ခဲ့ကြောင်း၊ Ning Ning က သည်းထန်စွာ ငိုကျွေးတော့ ဆရာမက ခေါင်းကို တုတ်နဲ့ အချက်ပေါင်းများစွာ ရိုက်သလို၊ လက်သီးနဲ့ထိုးခြင်း ကန်ကျောက်ခြင်းတွေ လုပ်ခဲ့ကြောင်း-

ယင်းနောက် Ning Ning ဟာ ကြမ်းပြင်မှာ ခွေလဲကျသွားခဲ့ပြီး၊ ဆရာမက ကျောကိုလည်း နှစ်ချက်သုံးချက် ဆင့်ကန်ခဲ့ကြောင်း၊ အဲဒီနောက် အခန်းထဲကနေ ဒေါသတကြီး ထွက်သွားခဲ့ကြောင်း ဆိုပါတယ်။ Ning Ning ကို အတန်းဖော်တွေက ဝိုင်းဝန်းထူမပြီး ပြုစုကြပေမယ့် Ning မှာ မျက်လုံးပင် မဖွင့်တော့ဘဲ အသက်ရှူသံလည်း မကြားရတော့ဘူးလို့ ပြောပါတယ်။

အဲဒီနောက် အတန်းဖော်တွေက ဆရာတွေကို အရဲစွန့်သွားရောက် တိုင်ကြားခဲ့ရာ၊ ဆရာတချို့ လာရောက်စစ်ဆေးခဲ့ပြီး၊ Ning Ning ရဲ့အဖွားကို ဖုန်းနဲ့ဆက်ခေါ်ကာ မြေးဖြစ်သူမှာ အတော်လေး နေမကောင်းဖြစ်နေလို့ အိမ်ပြန်ခေါ်ဖို့အကြောင်း ပြောခဲ့ပါသတဲ့။ အဖွားဖြစ်သူလည်း ကျောင်းကို အမြန်ရောက်လာပြီး ဆေးရုံပို့ပေးခဲ့ပေမယ့် အခါနှောင်းသွားခဲ့ပါပြီ။ ကျောင်းသူလေးဟာ ဆေးရုံမှာပဲ ဆုံးပါးသွားခဲ့ပါတယ်။

ဒီကိစ္စဖြစ်နေစဉ် အတန်းထဲမှာ Ning Ning နဲ့ အမြွှာညီအစ်မဖြစ်သူလည်း ရှိနေပြီး၊ ဖြစ်သမျှကို သိသလောက် ပြန်ပြောတာမျိုးတွေ ရှိနေပါတယ်။ ကျောင်းသားမိဘတချို့ကတော့ ကလေးတွေကို တခြားကျောင်း ပြောင်းထားမယ်လို့ ဆိုပါတယ်။ အဲဒီဆရာမအချိန်ဆိုရင် ကျောင်းသားတွေက မတက်ချင်ကြပါဘူးတဲ့။ အရိုက်အလွန်ကြမ်းပြီး လက်နက်စုံသုံးပြီး ရိုက်ပါသတဲ့။ အခုကိစ္စမှာ ကာယကံရှင်တွေက အမှုဖွင့်ထားသလား မသိရပါဘူး။

သတင်းထောက်တွေက ကျောင်းတာဝန်ရှိသူတွေထံ ဖုန်းအကြိမ်ကြိမ် ဆက်ပေမယ့် ဖြေကြားဖို့ ပျက်ကွက်ခဲ့ပါတယ်။ ကျောင်းကို သွားရောက်သတင်းယူသူတွေကိုလည်း ကျောင်းဝင်းထဲ အဝင်မခံဘူးလို့ သိရပါတယ်။ သူတို့အနေနဲ့ သက်ဆိုင်ရာနဲ့ ဒီကိစ္စကို ဖြေရှင်းနေပြီး၊ သတင်းသမားတွေရဲ့ မေးမြန်းမှုကို ဖြေကြားဖို့ မရှိဘူးလို့ ဆရာတစ်ယောက်က ပြောခဲ့သေးတယ်လို့လည်း သိရပါတယ်။

လင်းသူရိန်

Ref ; WorldOfBuzz

Zawgyi

တ႐ုတ္နိုင္ငံမွာ (၁၀)ႏွစ္အရြယ္သာရွိေသးတဲ့ ေက်ာင္းသူေလးတစ္ေယာက္ကို ဆရာမက ေသသည္အထိ ရိုက္ႏွက္ဆုံးမခဲ့တဲ့အတြက္ အခုဆိုရင္ အဲဒီသတင္းဟာ လူမွုကကြန္ရက္မွာ အုံႂကြမွု ျဖစ္ေနပါတယ္။ ေက်ာင္းသူေလးဟာ မနက္ခင္းမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေက်ာင္းကို လာခဲ့ေပမယ့္၊ ေက်ာင္းကိုသြားတဲ့လမ္းဟာ သူမရဲ့ မျပန္လမ္းဆိုတာ မရိပ္မခဲ့ရွာပါဘူး။

ေက်ာင္းသူေလးအမည္ကေတာ့ Ning Ning လို့္ သိရပါတယ္။ ဆီခၽြမ္ျပည္နယ္အတြင္းက မူလတန္းေက်ာင္းမွာ ေက်ာင္းတက္ေနသူပါ။ သူမဟာ စက္တင္ဘာလ(၁၀)ရက္ ‘တ႐ုတ္ဆရာမ်ားေန႔”မွာ ဆရာမရဲ့ လူမဆန္စြာ ရိုက္ႏွက္ခံရျခင္းေၾကာင့္ ေသဆုံးခဲ့ရပါတယ္။ ေက်ာင္းသားမိဘေတြကလည္း ဒီကိစၥကို အလြန္မေက်မနပ္ျဖစ္ေနၿပီး၊ သက္ဆိုင္ရာကို ေျဖရွင္းခ်က္ အျမန္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

မ်က္ျမင္သက္ေသ ေက်ာင္းသား/သူေတြရဲ့ အေျပာအရ Ning Ning ဟာ သခၤ်ာပုစၧာႏွစ္ခုကို အေျဖမွားယြင္း ေျဖၾကားခဲ့တဲ့အတြက္၊ ဆရာမက အတန္းေရွ႕ကို ခၚကာ ဒူးေထာက္ထိုင္ခိုင္းေၾကာင္း၊ ယင္းေနာက္ တုတ္နဲ႔ လက္ေတြကို အရင္ဆုံး ရိုက္ႏွက္ခဲ့ေၾကာင္း၊ Ning Ning က သည္းထန္စြာ ငိုေကၽြးေတာ့ ဆရာမက ေခါင္းကို တုတ္နဲ႔ အခ်က္ေပါင္းမ်ားစြာ ရိုက္သလို၊ လက္သီးနဲ႔ထိုးျခင္း ကန္ေက်ာက္ျခင္းေတြ လုပ္ခဲ့ေၾကာင္း-

ယင္းေနာက္ Ning Ning ဟာ ၾကမ္းျပင္မွာ ေခြလဲက်သြားခဲ့ၿပီး၊ ဆရာမက ေက်ာကိုလည္း ႏွစ္ခ်က္သုံးခ်က္ ဆင့္ကန္ခဲ့ေၾကာင္း၊ အဲဒီေနာက္ အခန္းထဲကေန ေဒါသတႀကီး ထြက္သြားခဲ့ေၾကာင္း ဆိုပါတယ္။ Ning Ning ကို အတန္းေဖာ္ေတြက ဝိုင္းဝန္းထူမၿပီး ျပဳစုၾကေပမယ့္ Ning မွာ မ်က္လုံးပင္ မဖြင့္ေတာ့ဘဲ အသက္ရွူသံလည္း မၾကားရေတာ့ဘူးလို႔ ေျပာပါတယ္။

အဲဒီေနာက္ အတန္းေဖာ္ေတြက ဆရာေတြကို အရဲစြန္႔သြားေရာက္ တိုင္ၾကားခဲ့ရာ၊ ဆရာတခ်ိဳ႕ လာေရာက္စစ္ေဆးခဲ့ၿပီး၊ Ning Ning ရဲ့အဖြားကို ဖုန္းနဲ႔ဆက္ေခၚကာ ေျမးျဖစ္သူမွာ အေတာ္ေလး ေနမေကာင္းျဖစ္ေနလို႔ အိမ္ျပန္ေခၚဖို႔အေၾကာင္း ေျပာခဲ့ပါသတဲ့။ အဖြားျဖစ္သူလည္း ေက်ာင္းကို အျမန္ေရာက္လာၿပီး ေဆး႐ုံပို႔ေပးခဲ့ေပမယ့္ အခါေႏွာင္းသြားခဲ့ပါၿပီ။ ေက်ာင္းသူေလးဟာ ေဆး႐ုံမွာပဲ ဆုံးပါးသြားခဲ့ပါတယ္။

ဒီကိစၥျဖစ္ေနစဥ္ အတန္းထဲမွာ Ning Ning နဲ႔ အႁမႊာညီအစ္မျဖစ္သူလည္း ရွိေနၿပီး၊ ျဖစ္သမၽွကို သိသေလာက္ ျပန္ေျပာတာမ်ိဳးေတြ ရွိေနပါတယ္။ ေက်ာင္းသားမိဘတခ်ိဳ႕ကေတာ့ ကေလးေတြကို တျခားေက်ာင္း ေျပာင္းထားမယ္လို႔ ဆိုပါတယ္။ အဲဒီဆရာမအခ်ိန္ဆိုရင္ ေက်ာင္းသားေတြက မတက္ခ်င္ၾကပါဘူးတဲ့။ အရိုက္အလြန္ၾကမ္းၿပီး လက္နက္စုံသုံးၿပီး ရိုက္ပါသတဲ့။ အခုကိစၥမွာ ကာယကံရွင္ေတြက အမွုဖြင့္ထားသလား မသိရပါဘူး။

သတင္းေထာက္ေတြက ေက်ာင္းတာဝန္ရွိသူေတြထံ ဖုန္းအႀကိမ္ႀကိမ္ ဆက္ေပမယ့္ ေျဖၾကားဖို႔ ပ်က္ကြက္ခဲ့ပါတယ္။ ေက်ာင္းကို သြားေရာက္သတင္းယူသူေတြကိုလည္း ေက်ာင္းဝင္းထဲ အဝင္မခံဘူးလို႔ သိရပါတယ္။ သူတို႔အေနနဲ႔ သက္ဆိုင္ရာနဲ႔ ဒီကိစၥကို ေျဖရွင္းေနၿပီး၊ သတင္းသမားေတြရဲ့ ေမးျမန္းမွုကို ေျဖၾကားဖို႔ မရွိဘူးလို႔ ဆရာတစ္ေယာက္က ေျပာခဲ့ေသးတယ္လို႔လည္း သိရပါတယ္။

လင္းသူရိန္

Ref ; WorldOfBuzz