နေပြည်တော်၊ တပ်ကုန်း၌ ထူးဆန်းစွာ မွးဖွားသည့် ဦးခေါင်းနှစ်လုံးနှင့် ကလေးငယ်

နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀)တွင် ဦးခေါင်းနှစ်လုံးနှင့် ကလေးငယ် တစ်ဦး စက်တင်ဘာ (၁၆) ရက် ညပိုင်းတွင်

အောင်မြင်စွာမွေးဖွားခဲ့ပြီး၊ စက်တင်ဘာ ၁၇ ရက်တွင် နေပြည်တော် ဥတ္တရသီရိဆေးရုံခုတင် ၅၀၀ သို့ ပို့ဆောင်ကာ အထူးကြပ်မတ်၍ လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိကြောင်း နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့ ဆေးရုံကြီး ခုတင် (၁၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းထွန်း က ဆင်ဟွာသို့ စက်တင်ဘာ ၁၈ ရက် တွင်ပြောသည်။

“ကလေးက မွေးဖွားတဲ့အချိန် ပုံမှန်မဟုတ်တာက လွဲလို့ ကျန်းမာရေးကမဆိုးပါဘူး။ကောင်းမွန်ပါတယ်။သက်ဆိုင်ရာ ဆရာဝန်ကြီးတွေက အထူးကြပ်မတ်ပြီးလိုအပ်တာတွေ ကိုဆောင်ရွက်ပေးနေပါတယ်။ အခြေအနေတည်ငြိမ်ပါတယ်’’ ဟုဒေါက်တာထွန်းထွန်းက ပြောကြားခဲ့သည်။

ရွှေမြို့တိုက်နယ်ကျန်းမာရေးဌာန၊ ဆင်သေကျေး လက်ကျန်းမာရေးဌာနခွဲ အောက်တွင်ရှိသည့် တောင်ရွေးစုကျေးရွာနေ အသက် (၂၉) နှစ်ရှိ

ကိုယ်ဝန်ဆောင်မိခင် မအေးစန္ဒာမြင့်သည် ကိုယ်ဝန်ဆောင်ကာလ (၃၇) ပတ်ကျော်ရှိပြီး စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ် (၁)နာရီ ကျော်တွင် ဗိုက်နာခဲ့သဖြင့် ည(၈) နာရီခန့်တွင် တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀) သို့ရောက်ရှိလာခဲ့ကြောင်း၊ ကလေးမှာ တင်ပဆုံနှင့် ဦးတိုက်အနေအထားရှိနေပြီး ရိုးရိုးမွေးဖွားရန် ခက်ခဲသည့်အတွက် ည(၉)နာရီ (၂၇) မိနစ်တွင် ခွဲစိတ်မွေးဖွားခဲ့ရာ ဦခေါင်းနှစ်လုံးဖြစ်နေကြောင်းသိရသည်။

လက်ရှိအချိန်တွင် ကလေးမိခင်သည် နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀) တွင် ကျန်းမာရေးစောင့် ရှောက်မှုခံယူလျက်ရှိနေပြီး ကလေးငယ်သည် မွေးရာပါချို့ယွင်းချ

က်ဖြစ်ကြောင်း၊ ဦးခေါင်းနှစ်လုံးပါ၊ ကိုယ်အလေးချိန် (၂ ဒသမ ၅) ကီလိုဂရမ်၊ ငါးပေါင်ခန့်ရှိနေပြီး မွေးကင်းစအထူးစောင့်ရှောက်မှုပေးရန် လိုအပ်သည့် အတွက် နေပြည်တော် ဥတ္တရသီရိဆေးရုံ ခုတင်(၅၀၀)ကလေးအထူးကုဌာနတွင် ကလေးအထူးကုဆရာဝန် များ၏ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိနေကြောင်း သိရသည်။

ယခုလက်ရှိတွင် ကလေး၏ ကျန်းမာ ရေးအခြေအနေသည် တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း၊ ပြီးခဲ့သည်တစ်နှစ်အတွင်းက နေပြည်တော် တပ်ကုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀) တွင် လမစေ့သည့် ရင်ချင်း ဆက်အမွှာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာ န ၏ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

ဦးခေါင်းနှစ်လုံး

ေနျပည္ေတာ္၊ တပ္ကုန္းၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီး ခုတင္(၁၀၀)တြင္ ဦးေခါင္းႏွစ္လုံးႏွင့္ ကေလးငယ္ တစ္ဦး စက္တင္ဘာ (၁၆) ရက္ ညပိုင္းတြင္

ေအာင္ျမင္စြာေမြးဖြားခဲ့ၿပီး၊ စက္တင္ဘာ ၁၇ ရက္တြင္ ေနျပည္ေတာ္ ဥတၱရသီရိေဆး႐ုံခုတင္ ၅၀၀ သို႔ ပို႔ေဆာင္ကာ အထူးၾကပ္မတ္၍ လိုအပ္သည္မ်ားေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္ ျပည္သူ႔ ေဆး႐ုံႀကီး ခုတင္ (၁၀၀)မွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာထြန္းထြန္း က ဆင္ဟြာသို႔ စက္တင္ဘာ ၁၈ ရက္ တြင္ေျပာသည္။

“ကေလးက ေမြးဖြားတဲ့အခ်ိန္ ပုံမွန္မဟုတ္တာက လြဲလို႔ က်န္းမာေရးကမဆိုးပါဘူး။ေကာင္းမြန္ပါတယ္။သက္ဆိုင္ရာ ဆရာဝန္ႀကီးေတြက အထူးၾကပ္မတ္ၿပီးလိုအပ္တာေတြ ကိုေဆာင္႐ြက္ေပးေနပါတယ္။ အေျခအေနတည္ၿငိမ္ပါတယ္’’ ဟုေဒါက္တာထြန္းထြန္းက ေျပာၾကားခဲ့သည္။

ေ႐ႊၿမိဳ႕တိုက္နယ္က်န္းမာေရးဌာန၊ ဆင္ေသေက်း လက္က်န္းမာေရးဌာနခြဲ ေအာက္တြင္ရွိသည့္ ေတာင္ေ႐ြးစုေက်း႐ြာေန အသက္ (၂၉) ႏွစ္ရွိ

ကိုယ္ဝန္ေဆာင္မိခင္ မေအးစႏၵာျမင့္သည္ ကိုယ္ဝန္ေဆာင္ကာလ (၃၇) ပတ္ေက်ာ္ရွိၿပီး စက္တင္ဘာ ၁၆ ရက္ေန႔ ေန႔လယ္ (၁)နာရီ ေက်ာ္တြင္ ဗိုက္နာခဲ့သျဖင့္ ည(၈) နာရီခန္႔တြင္ တပ္ကုန္းၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီး ခုတင္(၁၀၀) သို႔ေရာက္ရွိလာခဲ့ေၾကာင္း၊ ကေလးမွာ တင္ပဆုံႏွင့္ ဦးတိုက္အေနအထားရွိေနၿပီး ႐ိုး႐ိုးေမြးဖြားရန္ ခက္ခဲသည့္အတြက္ ည(၉)နာရီ (၂၇) မိနစ္တြင္ ခြဲစိတ္ေမြးဖြားခဲ့ရာ ဦေခါင္းႏွစ္လုံးျဖစ္ေနေၾကာင္းသိရသည္။

လက္ရွိအခ်ိန္တြင္ ကေလးမိခင္သည္ ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီး ခုတင္(၁၀၀) တြင္ က်န္းမာေရးေစာင့္ ေရွာက္မႈခံယူလ်က္ရွိေနၿပီး ကေလးငယ္သည္ ေမြးရာပါခ်ိဳ႕ယြင္းခ်

က္ျဖစ္ေၾကာင္း၊ ဦးေခါင္းႏွစ္လုံးပါ၊ ကိုယ္အေလးခ်ိန္ (၂ ဒသမ ၅) ကီလိုဂရမ္၊ ငါးေပါင္ခန္႔ရွိေနၿပီး ေမြးကင္းစအထူးေစာင့္ေရွာက္မႈေပးရန္ လိုအပ္သည့္ အတြက္ ေနျပည္ေတာ္ ဥတၱရသီရိေဆး႐ုံ ခုတင္(၅၀၀)ကေလးအထူးကုဌာနတြင္ ကေလးအထူးကုဆရာဝန္ မ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူလ်က္ရွိေနေၾကာင္း သိရသည္။

ယခုလက္ရွိတြင္ ကေလး၏ က်န္းမာ ေရးအေျခအေနသည္ တည္ၿငိမ္ေကာင္းမြန္လ်က္ရွိေၾကာင္း၊ ၿပီးခဲ့သည္တစ္ႏွစ္အတြင္းက ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီး ခုတင္(၁၀၀) တြင္ လမေစ့သည့္ ရင္ခ်င္း ဆက္အမႊာ ခြဲစိတ္ေမြးဖြားေပးႏိုင္ခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာ န ၏ သတင္းေဖာ္ျပခ်က္အရ သိရသည္။ (Xinhua)

ဦးေခါင္းႏွစ္လုံး