တာဝန်ထမ်းဆောင်ရင်း တစ်မိသားစုလုံး ပိုးကူးစက်ခံရပြီး ခက်ခဲစွာဖြတ်သန်းနေကျော်ဖြတ်နေတဲ့ ဆရာဝန်မလေးရေးလိုက်တဲ့စာ

တာဝန်ထမ်းဆောင်ရင်း တစ်မိသားစုလုံး ပိုးကူးစက်ခံရပြီး ခက်ခဲစွာဖြတ်သန်းနေကျော်ဖြတ်နေတဲ့ ဆရာဝန်မလေးရေးလိုက်တဲ့စာ။ ပြီးခဲ့တဲ့ ၂ ပတ် စနေနေ့က အမေ သလိပ်ကပ်ပါတယ်။ ညနေကျဖျားချင်သလိုလို

တိုင်းကြည့်တော့ 99’F ထူးခြားတာကနုံးပြီး အစားမစားနိုင်။ ချောင်းဆိုးကတည်းက အိမ်မှာပိုးတွေပြန့်သွားမယ်မှန်း သိနေခဲ့ပါပြီ။ ဖျားတာ ၄ ရက်မြောက်မှာ နယ်ကိုပြန်သွားခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ အနံ့မရတော့ပါဘူး။

နယ်ကမြို့နယ်ဆရာဝန်နဲ့ကျွန်မဆက်သွယ် positive ထွက်လောက်တယ်ထင်ထားတော့ ရန်ကုန်ကိုပဲခေါ်ဖို့စီစဉ်ခဲ့ပါတယ်။ မလိုအပ်ဘဲ ဂျာနယ်တွေက interview တွေကို လိုက်ဖြေပြီး ကျွန်မနာမည်မပါရုံတမယ်ဖြစ်ခဲ့ပြီး

attention seeking ဖြစ်တဲ့ ကျွန်မအဖေကြောင့်လည်း အတော်လေးစိတ်ရှပ်ခဲ့ရပါတယ်။ အမေဖျားပြီး ၃ ရက်မြောက်နေ့ ကျွန်မချမ်းလာတယ်။ လည်ချောင်းယားတယ်။ ချောင်းဆိုးတယ်။ အနံ့တော့မပျောက်ခဲ့ပါ။

zoom meeting ကို ဆေးရုံကကျွန်မအခန်းထဲတက်တဲ့အချိန် လုံးဝခေါင်းမထူနိုင်တော့ပါ။ နောက်နေ့အမေ့ကို မြောက်ဥက္ကလာဆေးရုံ isolation ward မှာတင်ပြီး swab ယူပါတယ်။ ကျွန်မလည်းယူလိုက်ပါတယ်။

စဖျားကတည်းက အိပ်ယာထဲမှာပါ ကျွန်မ mask တပ်ပါတယ်။ ဒါပေမယ့် ၁ နှစ်သမီးအငယ်မလေးက ၂ ရက် 102’Fလောက်ဖျား၊ ၄ နှစ်သားအကြီးလေးက 99’F လောက်လေးခဏဖြစ်။ swab အဖြေသိရတော့

နောက်နေ့ည ၁၀ နာရီ။ မြောက်ဥက္ကလာဆေးရုံအုပ်ကြီးရော ဆေးရုံအုပ်တွေရော ချစ်ခင်ရတဲ့ကျွန်မရဲ့Professorအစ်မ မသင်းရော ဝိုင်းစိတ်ပူကြတာ ကလေးတွေဘယ်လိုထားခဲ့မလဲပါ။ ကလေးထိန်းတွေက ၁၇ နှစ်နဲ့ ၁၉နှစ်။

နောက်ဆုံးဟိုဘက်လမ်းက ယောက္ခမအိမ်ကို ကလေးတွေမနိုးမီ အစောကြီးချီပြီးပို့စေခဲ့ပါတယ်။ ဘယ်နှရက်ခွဲရမလဲတော့မသိဝရန်တာ ကလှမ်းကြည့်ပြီး မျက်ရည်ထိန်းနိုင်ခဲ့ပါတယ်။ မြောက်ဥက္ကလာဆေးရုံ iso ward ကို

ကိုယ့်ဖာသာပဲ ကားမောင်းသွားခဲ့ပြီး အဲ့ဒီကတဆင့် ambulanceနဲ့ ဝေဘာဂီဆေးရုံကိုသွားခဲ့ပါတယ်။ အမေကတော့ညတည်ကရောက်နှင့်ပါပြီ။ ခဏနေ ကလေးတွေကျန်ခဲ့တဲ့ရပ်ကွက်က ဥက္ကဌဆိုတဲ့အမျိုးသမီးက

ဖုန်းဆက်လာပါတယ်၊ အစ်မကလေးတွေကို FQ ပို့မှာနော်တဲ့။ အငယ်လေးကနို့မပြတ်သေးတဲ့အပြင် ထမင်းမစားတတ်သေးလို့ သူ့ပေါင်းအိုးနဲ့ ပေါင်းကျွေးရတာပါ၊ ယောက္ခမက ခါးရိုးကျိုးထားတော့ ထိုင်တောင်သေချာမထိုင်နိုင်

FQ မှာ ဘာတွေဖြစ်ကြမလဲမသိ၊ ခင်မင်ရင်းစွဲရှိတဲ့ ရန်ကုန်တိုင်းကျန်းမာက ဆရာဦးနေလင်းကို လှမ်းအကူအညီတောင်းပီး FQmanager ဆရာနဲ့ချိတ်ဆက်ပြီး hotel Q ချိတ်ရပါတယ်၊ လူ ၆ ယောက်မို့ ၇၅ သိန်းလောက်

ကျမယ်ဆိုပေမယ့် ကလေးတွေက အခန်းပေါင်းနေလို့ရတော့ သိန်း ၂၀ကျော်ပဲကျတော့မယ်ဆိုလို့ တော်သွားပါတယ်။ ဘဏ်သွားလို့မရ ချက်ချင်းကလေးတွေဆီ ပိုက်ဆံသွားပို့ကူညီပေးတဲ့ သူငယ်ချင်းဇော်မင်းထွန်းကို

ကျေးဇူးတင်ပါတယ် နောက်ရက် swab ယူတော့ထင်ထားတဲ့အတိုင်း ကလေးတွေနဲ့ကလေးထိန်းတွေပါ positive ထွက်ပါတယ်။ အသက်ကြီးတဲ့ယောက္ခမတွေ negative ဖြစ်လို့တော့ဝမ်းသာရပါတယ်၊ ပူပူပန်ပန်နဲ့ ကလေးတွေ

တခြားဆေးရုံပါမသွားအောင် စီစဉ်ပေးတဲ့ အစ်မ Prof ဒေါ်သင်းသင်းနွဲ့နဲ့ ဆရာကြီး Profဦးဇော်လင်းအောင်တို့ကို ကျေးဇူးအခါခါတင်ရပါတယ်။ အမေကတော့ ဆေးရုံတက်ပြီးနောက်ရက် O2 တွေကျလာလို့ ICU ကိုရွှေ့ရပါတယ်။

စိတ်ပူ စိတ်ရှုပ်ရသောနေ့များပါပဲ။ နောက်ဆုံး ငါကုလိုက်လို့သေခါနီးလူနာတွေပြန်ကော င်းသွားခဲ့ဖူးတယ်။ ကောင်းစေချင်တဲ့စိတ် လက်မလျှော့တတ်သောစိတ်နဲ့အမြဲကုခဲ့တယ် ဤမှန်သောသစ္စာစကားကြောင့်

အမေပြန်ကောင်းပါစေ သစ္စာဆိုကြည့်တယ်။ စိတ်ပူပြီး ဖုန်းဆက်ကာဖြစ်နိုင်တာတွေပြောပြ မင်းလည်းဂရုစိုက်ဦးဟေ့ရောင်ဆိုပြီး အားပေးတတ်တဲ့ Profဒေါ်စပါယ်ဖြူကလည်း အရမ်းဂရုစိုက်စိတ်ပူပေးပါတယ်၊ ဒီနေ့တော့ အမေ အခန်းထဲပြန်ရောက်ပါပြီ။

စိတ်မချသေးပေမယ့် စိတ်ပူတာတော့ အတန်အသင့်လျော့သွားပါပြီ။ အကောင်းဆုံးကိုမျှော်လင့်ပြီး ရှင်သန်နေပါတယ်။ ကျေးဇူးတင်ရမယ့်မိတ်ဆွေ သူငယ်ချင်းတွေများလွန်းလို့ သပ်သပ်ထပ်ရေးပါမယ်။ အားလုံး ဂရုစိုက်ကြပါရှင်။ ခရက်ဒစ်

Zawgyi

တာဝန္ထမ္းေဆာင္ရင္း တစ္မိသားစုလုံး ပိုးကူးစက္ခံရၿပီး ခက္ခဲစြာျဖတ္သန္းေနေက်ာ္ျဖတ္ေနတဲ့ ဆရာဝန္မေလးေရးလိုက္တဲ့စာ။ ၿပီးခဲ့တဲ့ ၂ ပတ္ စေနေန႔က အေမ သလိပ္ကပ္ပါတယ္။ ညေနက်ဖ်ားခ်င္သလိုလို

တိုင္းၾကည့္ေတာ့ 99’F ထူးျခားတာကႏုံးၿပီး အစားမစားနိုင္။ ေခ်ာင္းဆိုးကတည္းက အိမ္မွာပိုးေတြျပန႔္သြားမယ္မွန္း သိေနခဲ့ပါၿပီ။ ဖ်ားတာ ၄ ရက္ေျမာက္မွာ နယ္ကိုျပန္သြားခဲ့ပါတယ္။ အဲ့ဒီေန႕မွာပဲ အနံ႕မရေတာ့ပါဘူး။

နယ္ကၿမိဳ႕နယ္ဆရာဝန္နဲ႔ကြၽန္မဆက္သြယ္ positive ထြက္ေလာက္တယ္ထင္ထားေတာ့ ရန္ကုန္ကိုပဲေခၚဖို႔စီစဥ္ခဲ့ပါတယ္။ မလိုအပ္ဘဲ ဂ်ာနယ္ေတြက interview ေတြကို လိုက္ေျဖၿပီး ကြၽန္မနာမည္မပါ႐ုံတမယ္ျဖစ္ခဲ့ၿပီး

attention seeking ျဖစ္တဲ့ ကြၽန္မအေဖေၾကာင့္လည္း အေတာ္ေလးစိတ္ရွပ္ခဲ့ရပါတယ္။ အေမဖ်ားၿပီး ၃ ရက္ေျမာက္ေန႔ ကြၽန္မခ်မ္းလာတယ္။ လည္ေခ်ာင္းယားတယ္။ ေခ်ာင္းဆိုးတယ္။ အနံ႕ေတာ့မေပ်ာက္ခဲ့ပါ။

zoom meeting ကို ေဆး႐ုံကကြၽန္မအခန္းထဲတက္တဲ့အခ်ိန္ လုံးဝေခါင္းမထူနိုင္ေတာ့ပါ။ ေနာက္ေန႕အေမ့ကို ေျမာက္ဥကၠလာေဆး႐ုံ isolation ward မွာတင္ၿပီး swab ယူပါတယ္။ ကြၽန္မလည္းယူလိုက္ပါတယ္။

စဖ်ားကတည္းက အိပ္ယာထဲမွာပါ ကြၽန္မ mask တပ္ပါတယ္။ ဒါေပမယ့္ ၁ ႏွစ္သမီးအငယ္မေလးက ၂ ရက္ 102’Fေလာက္ဖ်ား၊ ၄ ႏွစ္သားအႀကီးေလးက 99’F ေလာက္ေလးခဏျဖစ္။ swab အေျဖသိရေတာ့

ေနာက္ေန႔ည ၁၀ နာရီ။ ေျမာက္ဥကၠလာေဆး႐ုံအုပ္ႀကီးေရာ ေဆး႐ုံအုပ္ေတြေရာ ခ်စ္ခင္ရတဲ့ကြၽန္မရဲ႕Professorအစ္မ မသင္းေရာ ဝိုင္းစိတ္ပူၾကတာ ကေလးေတြဘယ္လိုထားခဲ့မလဲပါ။ ကေလးထိန္းေတြက ၁၇ ႏွစ္နဲ႕ ၁၉ႏွစ္။

ေနာက္ဆုံးဟိုဘက္လမ္းက ေယာကၡမအိမ္ကို ကေလးေတြမနိုးမီ အေစာႀကီးခ်ီၿပီးပို႔ေစခဲ့ပါတယ္။ ဘယ္ႏွရက္ခြဲရမလဲေတာ့မသိဝရန္တာ ကလွမ္းၾကည့္ၿပီး မ်က္ရည္ထိန္းနိုင္ခဲ့ပါတယ္။ ေျမာက္ဥကၠလာေဆး႐ုံ iso ward ကို

ကိုယ့္ဖာသာပဲ ကားေမာင္းသြားခဲ့ၿပီး အဲ့ဒီကတဆင့္ ambulanceနဲ႕ ေဝဘာဂီေဆး႐ုံကိုသြားခဲ့ပါတယ္။ အေမကေတာ့ညတည္ကေရာက္ႏွင့္ပါၿပီ။ ခဏေန ကေလးေတြက်န္ခဲ့တဲ့ရပ္ကြက္က ဥကၠဌဆိုတဲ့အမ်ိဳးသမီးက

ဖုန္းဆက္လာပါတယ္၊ အစ္မကေလးေတြကို FQ ပို႔မွာေနာ္တဲ့။ အငယ္ေလးကနို႔မျပတ္ေသးတဲ့အျပင္ ထမင္းမစားတတ္ေသးလို႔ သူ႔ေပါင္းအိုးနဲ႔ ေပါင္းေကြၽးရတာပါ၊ ေယာကၡမက ခါးရိုးက်ိဳးထားေတာ့ ထိုင္ေတာင္ေသခ်ာမထိုင္နိုင္

FQ မွာ ဘာေတြျဖစ္ၾကမလဲမသိ၊ ခင္မင္ရင္းစြဲရွိတဲ့ ရန္ကုန္တိုင္းက်န္းမာက ဆရာဦးေနလင္းကို လွမ္းအကူအညီေတာင္းပီး FQmanager ဆရာနဲ႕ခ်ိတ္ဆက္ၿပီး hotel Q ခ်ိတ္ရပါတယ္၊ လူ ၆ ေယာက္မို႔ ၇၅ သိန္းေလာက္

က်မယ္ဆိုေပမယ့္ ကေလးေတြက အခန္းေပါင္းေနလို႔ရေတာ့ သိန္း ၂၀ေက်ာ္ပဲက်ေတာ့မယ္ဆိုလို႔ ေတာ္သြားပါတယ္။ ဘဏ္သြားလို႔မရ ခ်က္ခ်င္းကေလးေတြဆီ ပိုက္ဆံသြားပို႔ကူညီေပးတဲ့ သူငယ္ခ်င္းေဇာ္မင္းထြန္းကို

ေက်းဇူးတင္ပါတယ္ ေနာက္ရက္ swab ယူေတာ့ထင္ထားတဲ့အတိုင္း ကေလးေတြနဲ႕ကေလးထိန္းေတြပါ positive ထြက္ပါတယ္။ အသက္ႀကီးတဲ့ေယာကၡမေတြ negative ျဖစ္လို႔ေတာ့ဝမ္းသာရပါတယ္၊ ပူပူပန္ပန္နဲ႔ ကေလးေတြ

တျခားေဆး႐ုံပါမသြားေအာင္ စီစဥ္ေပးတဲ့ အစ္မ Prof ေဒၚသင္းသင္းႏြဲ႕နဲ႔ ဆရာႀကီး Profဦးေဇာ္လင္းေအာင္တို႔ကို ေက်းဇူးအခါခါတင္ရပါတယ္။ အေမကေတာ့ ေဆး႐ုံတက္ၿပီးေနာက္ရက္ O2 ေတြက်လာလို႔ ICU ကိုေ႐ႊ႕ရပါတယ္။

စိတ္ပူ စိတ္ရႈပ္ရေသာေန႔မ်ားပါပဲ။ ေနာက္ဆုံး ငါကုလိုက္လို႔ေသခါနီးလူနာေတြျပန္ေကာ င္းသြားခဲ့ဖူးတယ္။ ေကာင္းေစခ်င္တဲ့စိတ္ လက္မေလွ်ာ့တတ္ေသာစိတ္နဲ႕အၿမဲကုခဲ့တယ္ ဤမွန္ေသာသစၥာစကားေၾကာင့္

အေမျပန္ေကာင္းပါေစ သစၥာဆိုၾကည့္တယ္။ စိတ္ပူၿပီး ဖုန္းဆက္ကာျဖစ္နိုင္တာေတြေျပာျပ မင္းလည္းဂ႐ုစိုက္ဦးေဟ့ေရာင္ဆိုၿပီး အားေပးတတ္တဲ့ Profေဒၚစပါယ္ျဖဴကလည္း အရမ္းဂ႐ုစိုက္စိတ္ပူေပးပါတယ္၊ ဒီေန႔ေတာ့ အေမ အခန္းထဲျပန္ေရာက္ပါၿပီ။

စိတ္မခ်ေသးေပမယ့္ စိတ္ပူတာေတာ့ အတန္အသင့္ေလ်ာ့သြားပါၿပီ။ အေကာင္းဆုံးကိုေမွ်ာ္လင့္ၿပီး ရွင္သန္ေနပါတယ္။ ေက်းဇူးတင္ရမယ့္မိတ္ေဆြ သူငယ္ခ်င္းေတြမ်ားလြန္းလို႔ သပ္သပ္ထပ္ေရးပါမယ္။ အားလုံး ဂ႐ုစိုက္ၾကပါရွင္။ ခရက္ဒစ္