သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ ညီမဖြစ်သူ နွေးနွေးရဲ့အမျိုးသား ဦးငွေဇော် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင်၏ မတ်တော်စပ်သူ သွေးတိုး၊ ဆီးချိုရောဂါများ အခံရှိသည့် ဦးငွေဇော်သည် COVID-19 ရောဂါကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၅ နာရီတွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန် ချိန်တွင် အသက် ၆ဝ အရွယ်ရှိပြီ ဖြစ်သည်။

အခြေအနေ စိုးရိမ်ရသည့်အတွက် အထူးကြပ်မတ် ကုသဆောင် (ICU) တွင် ကုသနေခဲ့ရာမှ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညီမလေး နွေးနွေးရဲ့ အမျိုးသား ဦးငွေဇော် ဆုံးသွားပါပြီ” ဟု သရုပ်ဆောင် နန္ဒာလှိုင်က သူ၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ နံနက်ပိုင်းက ရေးသားအသိပေးထားသည်။

သရုပ်ဆောင် နန္ဒာလှိုင်၏ ညီမတော်စပ်သူ ဒေါ်နွေးနွေးလှိုင်နှင့် ၎င်း၏ခင်ပွန်း ဦးငွေဇော်တို့ နှစ်ဦးစလုံးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရသောကြောင့် သတ်မှတ် ဆေးရုံဖြစ်သည့် တောင်ဥက္ကလာပအထူးကု ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။

မိဘနှစ်ဦးဖြစ်သည့် ဒေါ်နွေးနွေးလှိုင်နှင့် ဦးငွေဇော်တို့တွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည့်အတွက် ကျန်ရှိခဲ့သည့် သားသမီးသုံးဦးမှာ ဦးလေးတော်စပ်သူ ကိုစိန်ဖြိုးလှိုင်နှင့်အတူ ဟိုတယ် ကွာရန်တင်း ဝင်နေရကြောင်း သိရသည်။

“ကလေးတွေက Primary Contact (တိုက်ရိုက်ထိတွေ့သူ) ဖြစ်တဲ့အတွက် ဟိုတယ်မှာ ကျွန်တော်နဲ့အတူတူ Q (ကွာရန်တင်း) ဝင်နေပါတယ်။ ကျွန်တော်က ကလေးတွေချည်းပဲ စိတ်မချလို့ လိုက်သွားတာပါ” ဟု ကိုစိန်ဖြိုးလှိုင် က မဇ္ဈိမကို ပြောသည်။

ဦးငွေဇော်နှင့် ဒေါ်နွေးနွေးလှိုင်တို့ မည်သို့ ရောဂါကူးစက်ခံရမှန်း မသိသေးကြောင်းနှင့် ဦးငွေဇော်မှာ ဆေးရုံတင်ပြီး ရက်အနည်းငယ်အတွင်း ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ကိုစိန်ဖြိုးလှိုင်က ပြောသည်။

“ကလေးတွေနဲ့တူတူ နေလို့မရလို့ ဟိုတယ် ကွာရန်တင်းကို တူ၊ တူမ သုံးယောက်နဲ့ ကျွန်တော် စဝင်ပြီး နောက်တစ်နေ့ မနက်မှာပဲ အစ်မအမျိုးသား ဆုံးပြီဆိုတာ သိရတယ်။ အောက်ဆီဂျင်ကျလို့ ဆေးရုံတင်ထားတာ လေးရက် နဲ့ Swab Test (နှာခေါင်း၊ အာခေါင်တို့ဖတ်) စစ်လို့ Positive မှန်းသိတာ တစ်ရက်ပဲရှိပါသေးတယ်။

တခြားရောဂါတွေနဲ့ မတူတာက အဆက်အသွယ် ဘယ်လောက်ရှိရှိ၊ ဆေးပညာအကြောင်း ဘယ်လိုပဲ နားလည် နားလည်၊ ရောဂါဆိုးလာပြီဆို ထိုင်ဆုတောင်းရုံကလွဲပြီး ဘာမှ လုပ်လို့မရပါဘူး” ၎င်းက ပြောသည်။

ဒေါ်နွေးနွေးလှိုင်တို့သည် သားသမီးသုံးဦးနှင့် အိမ်ခွဲနေခြင်းဖြစ်သော်လည်း ကလေးငယ်များနှင့် ထိတွေ့မှု ရှိခဲ့သောကြောင့် သရုပ်ဆောင် နန္ဒာလှိုင် အပါအဝင် ကျန်ရှိသည့် မိသားစုဝင်များမှာ နေအိမ်မှာတွင် ကွာရန်တင်း ဝင်နေကြောင်းလည်း ကိုစိန်ဖြိုးလှိုင်က ပြောသည်။

Mizzima

Zawgyi

႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ နႏၵာလႈိင္၏ မတ္ေတာ္စပ္သူ ေသြးတိုး၊ ဆီးခ်ိဳေရာဂါမ်ား အခံရွိသည့္ ဦးေငြေဇာ္သည္ COVID-19 ေရာဂါေၾကာင့္ စက္တင္ဘာလ ၁၉ ရက္ေန႔ နံနက္ ၅ နာရီတြင္ ကြယ္လြန္သြားခဲ့ၿပီး ကြယ္လြန္ ခ်ိန္တြင္ အသက္ ၆ဝ အ႐ြယ္ရွိၿပီ ျဖစ္သည္။

အေျခအေန စိုးရိမ္ရသည့္အတြက္ အထူးၾကပ္မတ္ ကုသေဆာင္ (ICU) တြင္ ကုသေနခဲ့ရာမွ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ညီမေလး ေႏြးေႏြးရဲ႕ အမ်ိဳးသား ဦးေငြေဇာ္ ဆုံးသြားပါၿပီ” ဟု သ႐ုပ္ေဆာင္ နႏၵာလႈိင္က သူ၏ Facebook လူမႈကြန္ရက္စာမ်က္ႏွာတြင္ ယေန႔ နံနက္ပိုင္းက ေရးသားအသိေပးထားသည္။

သ႐ုပ္ေဆာင္ နႏၵာလႈိင္၏ ညီမေတာ္စပ္သူ ေဒၚေႏြးေႏြးလႈိင္ႏွင့္ ၎၏ခင္ပြန္း ဦးေငြေဇာ္တို႔ ႏွစ္ဦးစလုံးတြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ရေသာေၾကာင့္ သတ္မွတ္ ေဆး႐ုံျဖစ္သည့္ ေတာင္ဥကၠလာပအထူးကု ေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူေနျခင္းျဖစ္သည္။

မိဘႏွစ္ဦးျဖစ္သည့္ ေဒၚေႏြးေႏြးလႈိင္ႏွင့္ ဦးေငြေဇာ္တို႔တြင္ ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး ေဆးကုသမႈ ခံယူေနရသည့္အတြက္ က်န္ရွိခဲ့သည့္ သားသမီးသုံးဦးမွာ ဦးေလးေတာ္စပ္သူ ကိုစိန္ၿဖိဳးလႈိင္ႏွင့္အတူ ဟိုတယ္ ကြာရန္တင္း ဝင္ေနရေၾကာင္း သိရသည္။

“ကေလးေတြက Primary Contact (တိုက္႐ိုက္ထိေတြ႕သူ) ျဖစ္တဲ့အတြက္ ဟိုတယ္မွာ ကြၽန္ေတာ္နဲ႔အတူတူ Q (ကြာရန္တင္း) ဝင္ေနပါတယ္။ ကြၽန္ေတာ္က ကေလးေတြခ်ည္းပဲ စိတ္မခ်လို႔ လိုက္သြားတာပါ” ဟု ကိုစိန္ၿဖိဳးလႈိင္ က မဇၩိမကို ေျပာသည္။

ဦးေငြေဇာ္ႏွင့္ ေဒၚေႏြးေႏြးလႈိင္တို႔ မည္သို႔ ေရာဂါကူးစက္ခံရမွန္း မသိေသးေၾကာင္းႏွင့္ ဦးေငြေဇာ္မွာ ေဆး႐ုံတင္ၿပီး ရက္အနည္းငယ္အတြင္း ကြယ္လြန္ခဲ့ျခင္းျဖစ္ေၾကာင္း ကိုစိန္ၿဖိဳးလႈိင္က ေျပာသည္။

“ကေလးေတြနဲ႔တူတူ ေနလို႔မရလို႔ ဟိုတယ္ ကြာရန္တင္းကို တူ၊ တူမ သုံးေယာက္နဲ႔ ကြၽန္ေတာ္ စဝင္ၿပီး ေနာက္တစ္ေန႔ မနက္မွာပဲ အစ္မအမ်ိဳးသား ဆုံးၿပီဆိုတာ သိရတယ္။ ေအာက္ဆီဂ်င္က်လို႔ ေဆး႐ုံတင္ထားတာ ေလးရက္ နဲ႔ Swab Test (ႏွာေခါင္း၊ အာေခါင္တို႔ဖတ္) စစ္လို႔ Positive မွန္းသိတာ တစ္ရက္ပဲရွိပါေသးတယ္။

တျခားေရာဂါေတြနဲ႔ မတူတာက အဆက္အသြယ္ ဘယ္ေလာက္ရွိရွိ၊ ေဆးပညာအေၾကာင္း ဘယ္လိုပဲ နားလည္ နားလည္၊ ေရာဂါဆိုးလာၿပီဆို ထိုင္ဆုေတာင္း႐ုံကလြဲၿပီး ဘာမွ လုပ္လို႔မရပါဘူး” ၎က ေျပာသည္။

ေဒၚေႏြးေႏြးလႈိင္တို႔သည္ သားသမီးသုံးဦးႏွင့္ အိမ္ခြဲေနျခင္းျဖစ္ေသာ္လည္း ကေလးငယ္မ်ားႏွင့္ ထိေတြ႕မႈ ရွိခဲ့ေသာေၾကာင့္ သ႐ုပ္ေဆာင္ နႏၵာလႈိင္ အပါအဝင္ က်န္ရွိသည့္ မိသားစုဝင္မ်ားမွာ ေနအိမ္မွာတြင္ ကြာရန္တင္း ဝင္ေနေၾကာင္းလည္း ကိုစိန္ၿဖိဳးလႈိင္က ေျပာသည္။

Mizzima