မာနရှိပါတယ်နေရာတကာမထားခဲ့တာပါ

မာန မရှိဘူးရယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ ရှိသင့် သလောက် မာနလဲ ရှိပါတယ် မလိုအပ်ဘူးထင်လို့ မဖော်ပြပဲ ထားတာပါ မာနတွေထားရင် မလိုအပ်ပဲ သူစိမ်းဆန်ကုန်မှာစိုးလို့လေ ။

ကိုယ့်ကို အလေးထားတဲ့လူအပေါ်လဲ ပြန်ပြီးတော့ အလေးထားတယ် မလိုအပ်ပဲနဲ့ မာနမထားပဲနေပါတယ် ဒါပေမယ့် ခေါင်းငုံ့နေပါတယ်လို့တော့ အထင်မရောက်နဲ့ပေါ့

ရှိသင့်မာနလေးတွေတော့ရှိပါတယ် ကိုယ့်ကို မခေါ်ချင်လို့ မျက်နှာလွဲသွားတဲ့သူကို လိုက်ပြီးခေါ်နေလောက်တဲ့ထိ ကျွန်မ တန်ဖိုးမမဲ့ဘူး ကိုယ့်ကို မလိုချင်တဲ့လူအပေါ် လိုက်ပြန်တွယ်ကပ်နေရလောက်တဲ့ထိ ကျွန်မ မာနမမဲ့ဘူး ကိုယ့်ဘက်က အတတ်နိုင်ဆုံး လျှော့ထားပါတယ် ဒါကိုမှ တစ်ဖက်က လျှော့မရအောင် တင်းလာရင် အပျက်ပဲ ခံလိုက်တယ် ဆက်ပြီး မလျှော့တော့ဘူး

ကိုယ့်အပေါ်မစာနာတဲ့လူအပေါ် မာနမထားပဲနေရင် ခေါင်းပေါ်တက်နင်းသွားလိမ့်မယ် ပြီးတော့ အလုပ် ထဲမှာဆို မာနမထားဘူး ဒါပေမယ့် တည်တည်တံ့တံ့နေထိုင်တယ်

ရောလွန်းရင် သူ့နေရာ ကိုယ့်နေရာ မေ့သွားတတ်ကြတယ်လေအထိုက်အလျောက်ပေါ့ ပျော်စရာရှိတဲ့အခါ ပျော်ပျော်ပါးပါးနေတယ်

တည်စရာနေရာရှိတဲ့အခါ တည်တည်တံ့တံ့နေထိုင် တယ် ကိုယ့်ကို မသိတဲ့လူတွေကတော့ ဒီလူ မာနကြီးလိုက်တာတဲ့ ကိုယ့်အတွေးနဲ့ ကိုယ်ပါပဲ ထင်ချင် သလို ထင်နိုင်ပါတယ်

လိုက်ပြီး ရှင်းပြနေရလောက်တဲ့ထိ ကျွန်မ အားယားမနေဘူးလေ အဓိက က ကိုယ့်အပေါ် တန်ဖိုးထားတဲ့လူအပေါ် ပြန်ပြီး အလေးမထားဖို့ မာန မထားဖို့ပဲ လိုတာလေ

မိဘတွေအပေါ် မာနမထားဘူး ညီအစ်ကို မောင်နှမတွေအပေါ် မာနမထားဘူး ကိုယ်ချစ်ရ ခင်ရတဲ့လူတွေအပေါ် မထားဘူးရှိသင့်တဲ့မာနလေးတော့ ရှိပါတယ် ဒါပေမယ့် နေရာတကာတော့ ထုတ်ထုတ်မသုံးဘူးပေါ့ ။

မိန်းမသားတို့အတွက်