အဆိုတော်လေးဖြူ ကြောင့် မြန်မာစကားကို ပိုစိတ်ဝင်စား သွားတဲ့အကြောင်း ပြောပြလာတဲ့ နယ်သာလန်နိုင်ငံသူလေး မာယာ
နယ်သာလန်သူလေးမာယာကတော့ မြန်မာသီချင်းတွေကို သူမရဲ့အသံချိုချိုလေးနဲ့ ပြန်လည်သီဆိုရာကနေ ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာပါ။ သူမပြန်လည်သီဆိုခဲ့တဲ့ Cover Song လေးတွေဟာလည်း ပရိသတ်ရင်ထဲ ရောက်ရှိခဲ့တာပါ။
ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မာယာက နာမည်ကျော်အဆိုတော် ကိုလေးဖြူကြောင့် မြန်မာစကားကို ပိုမိုစိတ်ဝင်စားလာခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ ကိုလေးဖြူရဲ့ ယုံကြည်ရာသီချင်းလေးကိုလည်း သူမအသံနဲ့ ပြန်လည်သီဆိုထားခဲ့ပါသေးတယ်။
မာယာက “မြန်မာစကားကို စပြီးလေ့လာတော့ အွန်လိုင်းမှာစပြီးလေ့လာတော့ ပုဂံဘုရားပုံတွေတွေ့ပြီး တကယ်ကို ဝိုးခနဲဖြစ်ရလောက်အောင် အံ့ဩသဘောကျခဲ့ပါတယ်။ နောက်မြန်မာပြည်နဲ့ ပတ်သတ်တာတွေ သုတေသနလုပ်တယ်။ အဲ့မှာလေးဖြူကို
တွေ့တယ်။ ကျွန်မအသက် ၁၈နှစ်ပဲရှိသေးတယ်။ ငယ်ငယ်လေးပေါ့ သူ့ရဲ့ယုံကြည်ရာ သီချင်းကို စနားထောင်ရတော့ တော်တော်ကြိုက်သွားပြီး မြန်မာစကားကို ပိုလေ့လာဖြစ်ခဲ့ပါတယ်”လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။ ”လေးဖြူနဲ့လည်း အပြင်မှာတွေ့ချင်ပါတယ်။
မိတ်ဆက်စကားလည်း ပြောချင်တယ်။ တွေ့ခွင့်ရရင်ပေါ့ သူဆိုတဲ့သီချင်းဟာ တကယ့်ကို စိတ်ဓာတ်တက်ကြွစရာဖြစ်ပြီး လူသားတွေကို အကျိုးပြုတယ်ဆိုတာလည်း ပြောပြချင်ပါတယ်”လို့ မာယာက ဆက်လက်ပြောပြသွားခဲ့တာပါ။ ပရိသတ်ကြီးရေ
ဒါကတော့ လေးဖြူကို YouTube ကနေတဆင့် စတင်သိရှိရာကနေ မြန်မာစကားကို ပိုမိုလေ့လာဖြစ်ခဲ့တဲ့အကြောင်း မာယာကပြောပြခဲ့တာပဲဖြစ်ပါတယ်နော်။ လူမှုကွန်ယက်မှာ လူပြောများနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်။ ခရက်ဒစ်
Zawgyi