တရုတ်နိုင်ငံမှာ လူကို သေစေနိုင်တဲ့ရောဂါသစ်တစ်မျိုးမှ လူ (၃၀၀၀) ကျော်ကူးစက်ခံထားရပြီတဲ့ဗျာ

ဇီဝဆေးဝါးကုမ္ပဏီ တစ်ခုမှ ယိုစိမ့်မှုဖြစ်ပြီးနောက် Brucellosis ဟုခေါ်သော ဘက်တီးရီးယားကြောင့်ဖြစ်သည့် ရောဂါတစ်မျိုးကူးစက်ခံထားရသော လူပေါင်း ၃,၀၀၀ ကျော်ကို တရုတ်နိုင်ငံ ကျန်းဆုပြည်နယ်၌ဆရာဝန်များ စစ်ဆေးတွေ့ရှိထား သည်။လန်ကျိုးမြို့ရှိ အမျိုးသား ကျန်းမာရေးကော်မရှင်က ယင်း မြို့ရှိ လူပေါင်း ၂၂,၀၀၀ ကိုယင်း ရောဂါအတွက် စစ်ဆေးခဲ့ပြီး လူ ပေါင်း ၃,၂၄၅ ဦး ရောဂါကူးစက် ခံထားရကြောင်း စစ်ဆေးတွေ့ရှိ ခဲ့သည်။

ယင်းရောဂါပျံ့နှံ့မှုနှင့် ဆက် စပ်သည့် လူသေဆုံးမှုမရှိသေး ကြောင်း သိရသည်။ယင်းရောဂါ ကူးစက်ခံထားရသည့် မွေးမြူရေးတိရစ္ဆာန်များနှင့် ထိတွေ့သူများ ရောဂါကူးစက်ခံရကာအဖျားတက်ခြင်း၊ကွက် သားများ နာကျင်ခြင်း၊ ခေါင်း ကိုက်ခြင်း၊ ဇောချွေးပြန်ခြင်း၊ အစာစားချင်စိတ် ပျောက်ဆုံးခြင်းနှင့် အားအငကုန်ခန်းခြင်းတို့ ဖြစ်ပေါ်ကြောင်း သိရသည်။ပြီးခဲ့သည့်နှစ်

ဇူလိုင်မှ ဩဂုတ်လလယ်ပိုင်းအတွင်း သက်တမ်းကျော်လွန်နေသော ပိုးသတ်ဆေးများ အသုံးပြုမှုကြောင့်လန်ကျိုးမြို့ရှိ ကာကွယ်ဆေးစက်ရုံတစ်ခုမှရောဂါပိုးများကြောင့်ဖြစ်သောယင်းရောဂါဖြစ်ပွားမှုကို အမျိုးသားကျန်းမာရေးကော် မရှင်က ပြီးခဲ့သည့် နိုဝင်ဘာက ပထမဆုံးတွေ့ရှိခဲ့သည်။ယင်းရောဂါအတွက် ကာ ကွယ်ဆေးထုတ်ရန် ကြိုးပမ်းနေ သည့် စက်ရုံမှ အထက်ပါကဲ့သို့ ရောဂါပိုး ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

Zawgyi

ဇီဝေဆးဝါးကုမၸဏီ တစ္ခုမွ ယိုစိမ့္မႈျဖစ္ၿပီးေနာက္ Brucellosis ဟုေခၚေသာ ဘက္တီးရီးယားေၾကာင့္ျဖစ္သည့္ ေရာဂါတစ္မ်ိဳးကူးစက္ခံထားရေသာ လူေပါင္း ၃,၀၀၀ ေက်ာ္ကို တ႐ုတ္ႏိုင္ငံ က်န္းဆုျပည္နယ္၌ဆရာဝန္မ်ား စစ္ေဆးေတြ႕ရွိထား သည္။လန္က်ိဳးၿမိဳ႕ရွိ အမ်ိဳးသား က်န္းမာေရးေကာ္မရွင္က ယင္း ၿမိဳ႕ရွိ လူေပါင္း ၂၂,၀၀၀ ကိုယင္း ေရာဂါအတြက္ စစ္ေဆးခဲ့ၿပီး လူ ေပါင္း ၃,၂၄၅ ဦး ေရာဂါကူးစက္ ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိ ခဲ့သည္။

ယင္းေရာဂါပ်ံ႕ႏွံ႔မႈႏွင့္ ဆက္ စပ္သည့္ လူေသဆုံးမႈမရွိေသး ေၾကာင္း သိရသည္။ယင္းေရာဂါ ကူးစက္ခံထားရသည့္ ေမြးျမဴေရးတိရစာၦန္မ်ားႏွင့္ ထိေတြ႕သူမ်ား ေရာဂါကူးစက္ခံရကာအဖ်ားတက္ျခင္း၊ကြက္ သားမ်ား နာက်င္ျခင္း၊ ေခါင္း ကိုက္ျခင္း၊ ေဇာေခြၽးျပန္ျခင္း၊ အစာစားခ်င္စိတ္ ေပ်ာက္ဆုံးျခင္းႏွင့္ အားအငကုန္ခန္းျခင္းတို႔ ျဖစ္ေပၚေၾကာင္း သိရသည္။ၿပီးခဲ့သည့္ႏွစ္

ဇူလိုင္မွ ဩဂုတ္လလယ္ပိုင္းအတြင္း သက္တမ္းေက်ာ္လြန္ေနေသာ ပိုးသတ္ေဆးမ်ား အသုံးျပဳမႈေၾကာင့္လန္က်ိဳးၿမိဳ႕ရွိ ကာကြယ္ေဆးစက္႐ုံတစ္ခုမွေရာဂါပိုးမ်ားေၾကာင့္ျဖစ္ေသာယင္းေရာဂါျဖစ္ပြားမႈကို အမ်ိဳးသားက်န္းမာေရးေကာ္ မရွင္က ၿပီးခဲ့သည့္ ႏိုဝင္ဘာက ပထမဆုံးေတြ႕ရွိခဲ့သည္။ယင္းေရာဂါအတြက္ ကာ ကြယ္ေဆးထုတ္ရန္ ႀကိဳးပမ္းေန သည့္ စက္႐ုံမွ အထက္ပါကဲ့သို႔ ေရာဂါပိုး ပ်ံ႕ႏွံ႔ခဲ့ျခင္းျဖစ္သည္။