15 နှစ်အရွယ်ကောင်လေး နှင့် 12 နှစ်အရွယ်မိန်းကလေးတို့ ချိန်းတွေ့ရင်း ညနေ 6နာရီခွဲမှ အိမ်ပြန်လာလို့ မိဘတွေအတင်းပေးစားခဲ့ကြတဲ့အဖြစ်

ကလေးငယ်တွေကို စောစီးစွာအိမ်ထောင်ချ ၊ လက်ထပ်ထိမ်းမြားခြင်းကို ကန့်သတ်ထားပေမဲ့လည်း အချို့နေရာဒေသတွေမှာတော့ ရှေးရိုးစွဲဓလေ့တွေကြောင့် လိုက်နာခြင်းမရှိကြပါဘူး ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်တဲ့ အသက် 15 နှစ်အရွယ်ကောင်လေး နှင့် အသက် 12နှစ်အရွယ် ကောင်မလေးတို့ဟာ ချိန်းတွေ့ကြရင်း အိမ်ပြန်နောက်ကျခဲ့လို့ မိဘတွေက လက်မခံတော့ဘဲ လက်ထပ်ထိမ်းမြားခိုင်းခဲ့ကြောင်းသိရှိရပါတယ် ။ ကောင်မလေးဘက်က မိဘတွေက ကောင်လေးတစ်ယောက်နှင့်တစ်နေကုန်အပြင်ထွက်လည်ပြီး အိမ်ပြန်နောက်ကျခဲ့တဲ့ သမီးလေးကိုလက်မခံချင်တော့ပါဘူး ။ အိမ်ပြန်လာခဲ့တဲ့အချိန်က ညနေ 6:30 အချိန်ခန့် ဖြစ်ပါတယ် ။

ရွာသူကြီးရဲ့ ပြောပြချက်အရ ‘ ကျွန်တော် ကလေးတွေကိုအရင်ခွဲထားဖို့ မိဘတွေကိုအကြံပေးခဲ့ပါတယ် ၊ ဘာလို့လည်းဆိုတော့ ကလေးငယ်တွေက လက်ထပ်ဖို့ အသက်မပြည့်သေးပါဘူး ၊ ကျွန်တော် မင်္ဂလာပွဲကိုမတက်ရောက်ခဲ့ပါဘူး ဒီလိုမဖြစ်ဖို့ကျွန်တော်အစွမ်းကုန် တားဆီးခဲ့ပါသေးတယ် ‘ ဆိုပြီး ပြောကြားခဲ့ပါတယ် ။

ကောင်လေးကလည်း ကောင်မလေးကသူ့ရဲ့အချစ်ဦးဖြစ်တဲ့အတွက် လက်ထပ်ထိမ်းမြားဖို့ သဘောတူခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ဒီလိုအခြေအနေမျိုးဟာ ကလေးငယ်တွေရဲ့မိဘတွေကို အသိပညာပေးဟောပြောတာမျိုး တာဝန်ရှိသူတွေဖက်က လုပ်ဆောင်ပေးသင့်ပါတယ် ။ ဒီလိုဆုံးဖြတ်ချက်မျိုးက ကလေးငယ်တွေ နောက်ပိုင်းနောင်တရနိုင်ပြီး ဘဝတက်လမ်းတွေကာဆီးပိတ်ပင်သွားနိုင်လို့ပါပဲ ။ ဒါကြောင့် အသက်အရွယ်မပြည့်သေးတဲ့ ကလေးတွေကိုလက်ထပ်ထိမ်းမြားပေးခြင်းမျိုးကို တက်နိုင်သမျှဝိုင်းဝန်းတားမြစ်သင့်ကြပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

ကေလးငယ္ေတြကို ေစာစီးစြာအိမ္ေထာင္ခ် ၊ လက္ထပ္ထိမ္းျမားျခင္းကို ကန္႔သတ္ထားေပမဲ့လည္း အခ်ိဳ႕ေနရာေဒသေတြမွာေတာ့ ေ႐ွး႐ိုးစြဲဓေလ့ေတြေၾကာင့္ လိုက္နာျခင္းမ႐ိွၾကပါဘူး ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီး႐ွားႏိုင္ငံမွာေနထိုင္တဲ့ အသက္ 15 ႏွစ္အရြယ္ေကာင္ေလး ႏွင့္ အသက္ 12ႏွစ္အရြယ္ ေကာင္မေလးတို႔ဟာ ခ်ိန္းေတြ႔ၾကရင္း အိမ္ျပန္ေနာက္က်ခဲ့လို႔ မိဘေတြက လက္မခံေတာ့ဘဲ လက္ထပ္ထိမ္းျမားခိုင္းခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။ ေကာင္မေလးဘက္က မိဘေတြက ေကာင္ေလးတစ္ေယာက္ႏွင့္တစ္ေနကုန္အျပင္ထြက္လည္ၿပီး အိမ္ျပန္ေနာက္က်ခဲ့တဲ့ သမီးေလးကိုလက္မခံခ်င္ေတာ့ပါဘူး ။ အိမ္ျပန္လာခဲ့တဲ့အခ်ိန္က ညေန 6:30 အခ်ိန္ခန္႔ ျဖစ္ပါတယ္ ။

ရြာသူႀကီးရဲ႕ ေျပာျပခ်က္အရ ‘ ကြၽန္ေတာ္ ကေလး​ေတြကိုအရင္ခြဲထားဖို႔ မိဘေတြကိုအၾကံေပးခဲ့ပါတယ္ ၊ ဘာလို႔လည္းဆိုေတာ့ ကေလးငယ္ေတြက လက္ထပ္ဖို႔ အသက္မျပည့္ေသးပါဘူး ၊ ကြၽန္ေတာ္ မဂၤလာပြဲကိုမတက္ေရာက္ခဲ့ပါဘူး ဒီလိုမျဖစ္ဖို႔ကြၽန္ေတာ္အစြမ္းကုန္ တားဆီးခဲ့ပါေသးတယ္ ‘ ဆိုၿပီး ေျပာၾကားခဲ့ပါတယ္ ။

ေကာင္ေလးကလည္း ေကာင္မေလးကသူ႔ရဲ႕အခ်စ္ဦးျဖစ္တဲ့အတြက္ လက္ထပ္ထိမ္းျမားဖို့ သ​ေဘာတူခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ဒီလိုအေျခအေနမ်ိဳးဟာ ကေလးငယ္ေတြရဲ႕မိဘေတြကို အသိပညာေပးေဟာေျပာတာမ်ိဳး တာဝန္႐ွိသူေတြဖက္က လုပ္ေဆာင္ေပးသင့္ပါတယ္ ။ ဒီလိုဆံုးျဖတ္ခ်က္မ်ိဳးက ကေလးငယ္ေတြ ေနာက္ပိုင္းေနာင္တရႏိုင္ၿပီး ဘဝတက္လမ္းေတြကာဆီးပိတ္ပင္သြားႏိုင္လို႔ပါပဲ ။ ဒါေၾကာင့္ အသက္အရြယ္မျပည့္ေသးတဲ့ ကေလးေတြကိုလက္ထပ္ထိမ္းျမားေပးျခင္းမ်ိဳးကို တက္ႏိုင္သမ်ွဝိုင္းဝန္းတားျမစ္သင့္ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz