ဝက်ဝံအရွယ်အစား ဧရာမကြွက်ကြီးတစ်ကောင်ကို မက္ကဆီကိုမှာတွေ့ရှိခဲ့

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးက ရပ်ကွက်တစ်ခုမှာ ဧရာမကြွက်ကြီးတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့လို့ လူမှုကွန်ရက်မှာ အကျယ်အကျယ် ငြင်းခုန်ဖွယ် ဖြစ်နေပါတယ်။ ဒီသတင်းကို နာမည်ကြီးသတင်းမီဒီယာတွေမှာလည်း ဖော်ပြထားတာမို့ ဟုတ်မှန်တဲ့သတင်းတစ်ပုဒ် ဖြစ်နိုင်တယ်လို့ မှတ်ချက်ချသူတွေလည်း မြောက်များစွာ ရှိခဲ့ပါတယ်။

ရေဆိုးမြောင်းတစ်ခုထဲကနေ တွေ့ရှိခဲ့တဲ့ ကြွက်ကြီးတစ်ကောင်ဟာ အရွယ်ရောက်ပြီး ဝက်ဝံတစ်ကောင်ရဲ့အရွယ်အစားမျိုးကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံတွေအရတော့ ကြွက်ကြီးရဲ့အရွယ်အစားဟာ ဝက်ဝံကြီးတစ်ကောင် ငုတ်တုပ်ထိုင်နေသည့်အလား ထင်မှတ်ရပါတယ်။ မြူနီစီပယ်လုပ်သားတွေဟာ ရေမြောင်းကို ဖုံးနေတဲ့ အမှိုက်ပုံကြီးကို ရှင်းလင်းရာမှာ ဒီကြွက်ကြီးကို တွေ့ခဲ့ရတာပါတဲ့။

အမှိုက်ပုံကြီးဟာ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ အမှိုက်ပုံဖြစ်ပြီး၊ တန်ချိန်အားဖြင့် (၂၂)တန်အထိ ရှိကြောင်း သိရပါတယ်။ ဒီအမှိုက်ပုံကြီးကြောင့် မိုးများချိန်မှာ ရေပိတ်စို့မှုတွေ ဖြစ်ခဲ့လို့ ကြိုးစားပမ်းစား ဖယ်ရှားခဲ့ရတာပါ။ အဲဒီမှာ ကြွက်တွေရဲ့အသိုက်နေရာလို့ ဖြစ်နေခဲ့ပြီး၊ ဒီအထဲမှာ ကမ္ဘာမှာအကြီးဆုံးလို့တောင် ပြောလို့ရတဲ့ ကြွက်ကြီးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြွက်ကြီးက တကယ့်သက်ရှိအစစ်လား ….???

နောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ကြွက်ကြီးတွေ့ရှိတယ်ဆိုတာ အမှန်ဖြစ်ကြောင်း၊ ဒါပေမယ့် တကယ့်သက်ရှိ ကြွက်မဟုတ်ဘဲ ဟောလိုဝင်းအထိမ်းအမှတ် ထုတ်လုပ်ထားတဲ့ ဧရာမအရွယ်အစား အရုပ်ကြွက်ကြီးဖြစ်ကြောင်း ဆိုပါတယ်။ အဆိုပါ ကြွက်ရုပ်ကြီးရဲ့ တကယ့်ပိုင်ရှင်အစစ်မှာ Evelin López လို့ သိရပြီး၊ ဒီကြွက်ရုပ်ကို သူမကိုယ်တိုင် စိတ်တိုင်းကျ ဝယ်ယူထားတာပါတဲ့။

လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက မိုးသည်းထန်စွာ ရွာချိန်မှာ ရေဆိုးမြောင်းကနေ ဒီအရုပ်ကြီး မျောပါသွားတဲ့အတွက် စုပ်စမြုပ်စ ပျောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူမှုကွန်ရက်မှာတော့ သတင်းအမှန် မထွက်ပေါ်သေးခင်အချိန်ထိ ကြွက်အတုလား အစစ်လား အငြင်းပွားလို့ ကောင်းတဲ့သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

လင်းသုတ

Ref ; nydailynews

Zawgyi

မကၠဆီကိုႏုိင္ငံ၊ မကၠဆီကိုစီးတီးက ရပ္ကြက္တစ္ခုမွာ ဧရာမၾကြက္ႀကီးတစ္ေကာင္ကို ရွာေဖြေတြ႕ရွိခဲ့လုိ႔ လူမႈကြန္ရက္မွာ အက်ယ္အက်ယ္ ျငင္းခုန္ဖြယ္ ျဖစ္ေနပါတယ္။ ဒီသတင္းကို နာမည္ႀကီးသတင္းမီဒီယာေတြမွာလည္း ေဖာ္ျပထားတာမုိ႔ ဟုတ္မွန္တဲ့သတင္းတစ္ပုဒ္ ျဖစ္ႏုိင္တယ္လုိ႔ မွတ္ခ်က္ခ်သူေတြလည္း ေျမာက္မ်ားစြာ ရွိခဲ့ပါတယ္။

ေရဆုိးေျမာင္းတစ္ခုထဲကေန ေတြ႕ရွိခဲ့တဲ့ ၾကြက္ႀကီးတစ္ေကာင္ဟာ အရြယ္ေရာက္ၿပီး ဝက္ဝံတစ္ေကာင္ရဲ႕အရြယ္အစားမ်ိဳးကို ပိုင္ဆုိင္ထားတယ္လုိ႔ ဆုိပါတယ္။ ဓာတ္ပုံေတြအရေတာ့ ၾကြက္ႀကီးရဲ႕အရြယ္အစားဟာ ဝက္ဝံႀကီးတစ္ေကာင္ ငုတ္တုပ္ထုိင္ေနသည့္အလား ထင္မွတ္ရပါတယ္။ ျမဴနီစီပယ္လုပ္သားေတြဟာ ေရေျမာင္းကုိ ဖုံးေနတဲ့ အမႈိက္ပုံႀကီးကို ရွင္းလင္းရာမွာ ဒီၾကြက္ႀကီးကို ေတြ႕ခဲ့ရတာပါတဲ့။

အမႈိက္ပုံႀကီးဟာ စည္းကမ္းမဲ့စြန္႔ပစ္ထားတဲ့ အမႈိက္ပုံျဖစ္ၿပီး၊ တန္ခ်ိန္အားျဖင့္ (၂၂)တန္အထိ ရွိေၾကာင္း သိရပါတယ္။ ဒီအမႈိက္ပုံႀကီးေၾကာင့္ မုိးမ်ားခ်ိန္မွာ ေရပိတ္စုိ႔မႈေတြ ျဖစ္ခဲ့လုိ႔ ႀကိဳးစားပမ္းစား ဖယ္ရွားခဲ့ရတာပါ။ အဲဒီမွာ ၾကြက္ေတြရဲ႕အသိုက္ေနရာလုိ႔ ျဖစ္ေနခဲ့ၿပီး၊ ဒီအထဲမွာ ကမာၻမွာအႀကီးဆုံးလုိ႔ေတာင္ ေျပာလုိ႔ရတဲ့ ၾကြက္ႀကီးကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၾကြက္ႀကီးက တကယ့္သက္ရွိအစစ္လား ….???

ေနာက္ပိုင္း ထြက္ေပၚလာတဲ့ သတင္းေတြမွာေတာ့ ၾကြက္ႀကီးေတြ႕ရွိတယ္ဆုိတာ အမွန္ျဖစ္ေၾကာင္း၊ ဒါေပမယ့္ တကယ့္သက္ရွိ ၾကြက္မဟုတ္ဘဲ ေဟာလုိဝင္းအထိမ္းအမွတ္ ထုတ္လုပ္ထားတဲ့ ဧရာမအရြယ္အစား အ႐ုပ္ၾကြက္ႀကီးျဖစ္ေၾကာင္း ဆုိပါတယ္။ အဆုိပါ ၾကြက္႐ုပ္ႀကီးရဲ႕ တကယ့္ပိုင္ရွင္အစစ္မွာ Evelin López လုိ႔ သိရၿပီး၊ ဒီၾကြက္႐ုပ္ကို သူမကိုယ္တုိင္ စိတ္တုိင္းက် ဝယ္ယူထားတာပါတဲ့။

လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္ကတည္းက မုိးသည္းထန္စြာ ရြာခ်ိန္မွာ ေရဆုိးေျမာင္းကေန ဒီအ႐ုပ္ႀကီး ေမ်ာပါသြားတဲ့အတြက္ စုပ္စျမဳပ္စ ေပ်ာက္သြားခဲ့တယ္လုိ႔ ဆုိပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ လူမႈကြန္ရက္မွာေတာ့ သတင္းအမွန္ မထြက္ေပၚေသးခင္အခ်ိန္ထိ ၾကြက္အတုလား အစစ္လား အျငင္းပြားလုိ႔ ေကာင္းတဲ့သတင္းတစ္ပုဒ္ ျဖစ္ခဲ့ပါတယ္။

လင္းသုတ

Ref ; nydailynews