ဇနီးသည်အတွက် မင်္ဂလာလက်ဖွဲ့အနေနဲ့ လကမ္ဘာပေါ်မှာ မြေကွက်ဝယ်ပေးခဲ့တဲ့ အမျိုးသား(ရုပ်သံ)

‘ မင်းကို မိုးလောက်ထိချစ်တယ် ‘ ဆိုတဲ့စကားဟာ ပါကစ္စတန်မှာရှိတဲ့ Sohaib Ahmed အတွက်တော့ စကားအနေနဲ့ပြောတဲ့အရာမျိုးမဟုတ်ခဲ့ပါဘူး ။ ဘာလို့လည်းဆိုတော့ သူကိုယ်တိုင်ဇနီးချောလေးအတွက် မင်္ဂလာလက်ဖွဲ့အနေနဲ့ လကမ္ဘာပေါ်မှာမြေကွက် ဝယ်ပေးခဲ့လို့ပါပဲ ။ ပါကစ္စတန်နိုင်ငံ ၊ Rawalpindi မြို့မှာနေထိုင်တဲ့ Sohaib ဟာ အဆိုပါမြေကွက်ကို USD $45 ပေးပြီး Lunar Settlement Initiative ကနေတစ်ဆင့် ဝယ်ယူခဲ့ကြောင်း သိရှိရပါတယ် ။

တရားဝင်ခွင့်ပြုချက် ဂရန်လတ်မှတ်ရရှိထားကြောင်း သက်သေပြဖို့ဆိုရင်၊ ပိုင်ဆိုင်သူအနေနဲ့ အမြဲအခြေ ချနေထိုင်ဖို့လိုအပ်ကြောင်း သိရှိရပါတယ် ။ ပိုင်ဆိုင်ထားတဲ့လကမ္ဘာက မြေပေါ်မှာ ဘာလုပ်လို့ရနိုင်လဲဆိုရင်တော့ ဥပဒေအတွင်းချမှတ်ထားတဲ့အရာအားလုံးကို လုပ်ဆောင်နိုင်ကြောင်း LSI က ပြောဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း လကမ္ဘာပေါ်မှာအခြေချနေထိုင်ဖို့ဆိုရင်တော့ လိုအပ်တဲ့ပစ္စည်းကိရိယာ ၊ အသုံးအဆောင်တွေက များပြားလွန်းလို့ တော်ရုံနဲ့တော့ နေထိုင်နိုင်ကြမှာမဟုတ်ပါဘူး ။ အချစ်ကို သက်သေပြလွန်းသွားတဲ့ ပါကစ္စတန်နိုင်ငံသား Sohaib ရဲ့လုပ်ရပ်ကတော့ အတော်လေးကိုအံ့သြချီးကျူးရလောက်အောင်ပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

‘ မင္းကို မိုးေလာက္ထိခ်စ္တယ္ ‘ ဆိုတဲ့စကားဟာ ပါကစၥတန္မွာ႐ွိတဲ့ Sohaib Ahmed အတြက္ေတာ့ စကားအေနနဲ႔ေျပာတဲ့အရာမ်ိဳးမဟုတ္ခဲ့ပါဘူး ။ ဘာလို႔လည္းဆိုေတာ့ သူကိုယ္တိုင္ဇနီးေခ်ာေလးအတြက္ မဂၤလာလက္ဖြဲ႔အေနနဲ႔ လကမာၻေပၚမွာေျမကြက္ ဝယ္ေပးခဲ့လို႔ပါပဲ ။ ပါကစၥတန္ႏိုင္ငံ ၊ Rawalpindi ၿမိဳ႕မွာေနထိုင္တဲ့ Sohaib ဟာ အဆိုပါေျမကြက္ကို USD $45 ေပးၿပီး Lunar Settlement Initiative ကေနတစ္ဆင့္ ဝယ္ယူခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

တရားဝင္ခြင့္ျပဳခ်က္ ဂရန္လတ္မွတ္ရ႐ွိထားေၾကာင္း သက္ေသျပဖို႔ဆိုရင္၊ ပိုင္ဆိုင္သူအေနနဲ႔ အျမဲအေျခ ခ်ေနထိုင္ဖို႔လိုအပ္ေၾကာင္း သိ႐ွိရပါတယ္ ။ ပိုင္ဆိုင္ထားတဲ့လကမာၻက ေျမေပၚမွာ ဘာလုပ္လို႔ရႏိုင္လဲဆိုရင္ေတာ့ ဥပေဒအတြင္းခ်မွတ္ထားတဲ့အရာအားလံုးကို လုပ္ေဆာင္ႏိုင္ေၾကာင္း LSI က ေျပာဆိုခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း လကမာၻေပၚမွာအေျခခ်ေနထိုင္ဖို႔ဆိုရင္ေတာ့ လိုအပ္တဲ့ပစၥည္းကိရိယာ ၊ အသံုးအေဆာင္ေတြက မ်ားျပားလြန္းလို႔ ေတာ္ရံုနဲ႔ေတာ့ ေနထိုင္ႏိုင္ၾကမွာမဟုတ္ပါဘူး ။ အခ်စ္ကို သက္ေသျပလြန္းသြားတဲ့ ပါကစၥတန္ႏိုင္ငံသား Sohaib ရဲ႕လုပ္ရပ္ကေတာ့ အေတာ္ေလးကိုအံ့ၾသခ်ီးက်ဴးရေလာက္ေအာင္ပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz