ယူနိုက်တက်မှာ ဆိုးလ်ရှားရဲ့နည်းစနစ် မှားယွင်းနေကြောင်း သက်သေပြခဲ့တဲ့ ကစားသမား(၂)ဦး

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ လတ်တလော ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ အပါအဝင် နိုင်ငံတကာ ပွဲစဉ်တွေကြောင့် ကလပ်အသင်း ပွဲစဉ်များကို ရပ်နား ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ပွဲစဉ်တွေမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမားများဟာ သက်ဆိုင်ရာ နိုင်ငံ လက်ရွေးစင် အသင်းများနဲ့အတူ ပါဝင်ကစားခဲ့ ကြပြီးနောက်၊ ယူနိုက်တက်အသင်းမှာ နည်းပြ ဖြစ်သူ ဆိုးလ်ရှားရဲ့ နည်းစနစ်များ မှားယွင်းနေ ကြောင်းကို သက်သေပြခဲ့ ကြပါတယ်။

စနေနေ့က ကစားခဲ့တဲ့ ပေါ်တူဂီ အသင်းနဲ့ ကမ္ဘာ့ဖလား အိမ်ရှင် ကာတာလက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ယူနိုက်တက်အသင်းမှ တိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက် နဲ့ နောက်ခံလူ ဒါလော့ဖ်တို့ဟာ ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ကစား ခဲ့ကြပါတယ်။

ဒီပွဲစဉ်မှာတော့ တိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပထမပိုင်းမှာပဲ ပေါ်တူဂီအသင်း အတွက် အဖွင့်ဂိုး သွင်းယူပေး ခဲ့ပါတယ်။ ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးကိုတော့ နောက်ခံလူ ဒါလော့ဖ်က ညာတောင်ပံကနေ လှလှပပ ဖန်တီးမှု ပြုလုပ်ပေးခဲ့ တာဖြစ်ပါတယ်။

ဒါလော့ဖ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အရံကစားသမား အဖြစ်သာ ရှိနေခဲ့ပြီး၊ ဘစ်ဆာကာ မပါဝင်နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။

သို့ပေမယ့်လည်း ဆိုးလ်ရှားရဲ့ (၄-၂-၃-၁) ကစားကွက်မှာ ခြေစွမ်းကောင်း ပြသနိုင်ဖို့အတွက် ရုန်းကန် နေရပြီး၊ ပေါ်တူဂီ အသင်းရဲ့ တိုက်စစ်အသားပေး(၄-၃-၃)ကစားကွက်မှာ ခြေစွမ်းပြသနေသူ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် Andorra အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ အင်္ဂလန် အသင်းမှာတော့ ယူနိုက်တက် တိုက်စစ်မှုး ဂျေဒန်ဆန်ချိုက ပွဲထွက် ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး၊ ပရိတ်သတ်တွေ တဖွဖွ ချီးကျူးယူရလာက်တဲ့ အရည်အသွေး မြင့်မားတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ ပါတယ်။

ဒီပွဲစဉ်မှာတော့ ဂျေဒန်ဆန်ချိုဟာ ညာတောင်ပံ ကစားသမားအဖြစ် ပွဲထွက် ပါဝင်ခဲ့ပြီး၊ လှပသေသပ်တဲ့ ဂိုးဖန်တီးမှု (၂)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ ပါတယ်။ ပွဲကစားချိန် (၇၃)မိနစ်ရှိခဲ့ပြီး၊ Rating(၈.၆)အထိ ရရှိခဲ့ကာ ပွဲစဉ်ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ဆန်ချိုဟာ နည်းပြ ဆောက်ဂိတ်ရဲ့ တိုက်စစ် အသားပေး(၄-၃-၃) ကစားကွက်မှာ ညာတောင်ပံ တိုက်စစ်အဖြစ် ကစားခဲ့တာ ဖြစ်ပါ တယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂမ်နာ ဆိုးလ်ရှားကတော့ သူ့ရဲ့(၄-၂-၃-၁) ကစားကွက်ကိုသာ တသမတ်ထဲ အသုံးပြုနေပြီး၊ တိုက်စစ်မှာ ဂိုးရရှိဖို့ ရုန်းကန်နေရသလို၊ ခံစစ်မှာလည်း ဂိုးတွေ ခွင့်ပြု ပေးနေရဆဲ ဖြစ်ပါတယ်။

အထူးသဖြင့် ဖရက်ဒ် ပါဝင်လာတဲ့ ယူနိုက်တက်ရဲ့ ကွင်းလယ် ခံစစ်ဟာ အသင်းရဲ့ ခံစစ် နဲ့ တိုက်စစ်ကို စည်းခြားထားတဲ့ တံတိုင်းတစ်ခုသဖွယ် ဖြစ်နေပြီး၊ ဆိုးလ်ရှားအနေနဲ့ တိုက်စစ် အသားပေး ကစားကွက်ကို ပြောင်းလဲအသုံးပြုသင့် နေပြီလည်း ဖြစ်ပါတယ်။

Unicode

Credit Original uploaded by Amol Sports [Bawga Club]