သာကေတမြို့နယ်က Fortune Plaza ကိုဗစ်စင်တာမှာ လူနာတွေ စတင်လက်ခံပြီ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က ၁၆ ဧက ကျယ်ဝန်းတဲ့ Fortune Plaza ဟာ ယခုအခါ ကိုဗစ်လူနာတွေကုသဖို့ ယာယီဆေးရုံအဖြစ် အသွင်ပြောင်း တည်ဆောက်ထားပြီး ဖြစ်ပါတယ်။

ဒီစင်တာမှာ အောက်တိုဘာ ၈ ရက်ကစလို့ ကိုဗစ် အတည်ပြုလူနာတွေကို လက်ခံကုသပေးနေပါပြီ။ ကိုဗစ်လူနာ ၅၅၀ ထိ လက်ခံကုသပေးနိုင်မယ့် ဒီပလာဇာ အဆောက်အဦကို Excellent Fortune Foundation ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းမိသားစုက လှူဒါန်းထားခြင်း ဖြစ်ပါတယ်။

ကုသရေးစင်တာကြီး တစ်ခုလုံးလည်ပတ်ရေး၊ လူနာတွေ စားရေးသောက်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ လိုအပ်တဲ့ ဆေးရုံအတွင်းပိုင်း ပစ္စည်းကိရိယာ အားလုံး ကိုတော့ We love Yangon အဖွဲ့နဲ့ ရန်ကုန်တိုင်းအစိုးရတို့က ပူးပေါင်းထောက်ပံ့ကူညီ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တကယ်လို့ လူနာတွေ လက်ခံနိုင်တဲ့ ပမာဏထက် ပိုများလာခဲ့ရင် လိုအပ်ပါက ပလာဇာရဲ့ ကားပါကင်နေရာနဲ့ ရှေ့ပိုင်း မြေနေရာလွတ်တွေမှာ ကုတင် ၁၀၀၀ ဆံ့ ဆေးရုံအဖြစ်တိုးချဲ့လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – E F F

Credit – BBC

Zawgyi

ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္က ၁၆ ဧက က်ယ္ဝန္းတဲ့ Fortune Plaza ဟာ ယခုအခါ ကိုဗစ္လူနာေတြကုသဖို႔ ယာယီေဆး႐ုံအျဖစ္ အသြင္ေျပာင္း တည္ေဆာက္ထားၿပီး ျဖစ္ပါတယ္။

ဒီစင္တာမွာ ေအာက္တိုဘာ ၈ ရက္ကစလို႔ ကိုဗစ္ အတည္ျပဳလူနာေတြကို လက္ခံကုသေပးေနပါၿပီ။ ကိုဗစ္လူနာ ၅၅၀ ထိ လက္ခံကုသေပးႏိုင္မယ့္ ဒီပလာဇာ အေဆာက္အဦကို Excellent Fortune Foundation ဥကၠ႒ ဦးစိုင္းမ်ိဳးဝင္းမိသားစုက လႉဒါန္းထားျခင္း ျဖစ္ပါတယ္။

ကုသေရးစင္တာႀကီး တစ္ခုလုံးလည္ပတ္ေရး၊ လူနာေတြ စားေရးေသာက္ေရးနဲ႔ က်န္းမာေရးဆိုင္ရာ လိုအပ္တဲ့ ေဆး႐ုံအတြင္းပိုင္း ပစၥည္းကိရိယာ အားလုံး ကိုေတာ့ We love Yangon အဖြဲ႕နဲ႔ ရန္ကုန္တိုင္းအစိုးရတို႔က ပူးေပါင္းေထာက္ပံ့ကူညီ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။

တကယ္လို႔ လူနာေတြ လက္ခံႏိုင္တဲ့ ပမာဏထက္ ပိုမ်ားလာခဲ့ရင္ လိုအပ္ပါက ပလာဇာရဲ႕ ကားပါကင္ေနရာနဲ႔ ေရွ႕ပိုင္း ေျမေနရာလြတ္ေတြမွာ ကုတင္ ၁၀၀၀ ဆံ့ ေဆး႐ုံအျဖစ္တိုးခ်ဲ႕လႉဒါန္းသြားမယ္လို႔လည္း သိရပါတယ္။

ဓာတ္ပုံ – E F F

Credit – BBC