အလုပ်မရှိတော့လည်း နှိမ်ကြတဲ့အပြင် အလုပ်လုပ်တော့လည်း အမျိုးမျိုးနှောက်ယှက်ကြတာကြောင့် စိတ်ဓာတ်ကျနေပြီလို့ ရင်ဖွင့်လာတဲ့ ထက်ထက်မိုးဦး

အိမ်ထောင်ရေး၊ စီးပွားရေးဘာတခုမှ အဆင်မပြေတဲ့ အပြင် ပတ်ဝန်းကျင်ကပါ ဝိုင်ဝန်းထိုးနှက်ကြလို့ အရမ်းစိတ်ဓာတ်ကျနေပါပြီလို့ ဆိုလာတဲ့ ထက်ထက်မိုးဦး။ မင်းသမီးချော ထက်ထက်မိုးဦးကတော့ နာမည်တစ်လုံးနဲ့ အနုပညာလောကမှာ

ယနေ့ထက်တိုင် အောင်အောင်မြင်မြင် ရပ်တည်နေဆဲ ဖြစ်ပါတယ် ထက်ထက်မိုးဦးက အသက်အရွယ်တစ်ခု ရောက်ရှိလာချိန်မှာတော့ ကျန်းမာရေးချူချာလာပြီး မကြာခဏဆိုသလို ဆေးရုံဆေးခန်း တက်ရောက်ခဲ့ရပြီး အရင်ကလောက်

အနုပညာအလုပ်တွေကို မလုပ်ကိုင်နိုင်တော့တာပဲ ဖြစ်ပါတယ် လက်ရှိမှာတော့ ထက်ထက်မိုးဦးက အနုပညာအလုပ်တွေကို အရင်အတိုင်း ပြန်လည်လုပ်ကိုင်နေပြီး အွန်လိုင်းကနေ ဈေးရောင်းချပေးခြင်းကိုလည်း ပြုလုပ်နေလျက်ရှိပါတယ်။

ဒီကနေ့မှာတော့ ထက်ထက်မိုးဦးက သူမရဲ့ ရပ်တည်မှုနဲ့ပက်သတ်ပြီး အမျိုးမျိုးဝေဖန်နှောက်ယှက်ကြသူတွေကြောင့် စိတ်ဓာတ်ကျနေရပြီဖြစ်ကြောင်း “ဘာမှမလုပ်တော့လည်း အလုပ်မရှိဘူး ဆိုပြီးနှိမ်ကြတယ်။အလုပ်တွေ လုပ်ပြန်တော့လည်း

စိတ်ဓာတ်ကျအောင်နှောက်ယှက်ကြတယ်။ ဘာမှကိုမလုပ်ချင်လောက်အောင်ထိ စိတ်ဓာတ်ကျမိတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ ဖခင်ကွယ်လွန်ပြီးသွားတဲ့အချိန်မှာ

အရင်ကထက် အလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့ပေမယ့် မနာလိုဝေဖန်သူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရကြောင်းကို ရင်ဖွင့်ပြောပြလာတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထက်ထက်ကိုချစ်တဲ့ ပရိသတ်တွေက အများကြီးရှိတာမို့

ထက်ထက်တစ်ယောက် လုပ်စရာရှိတဲ့အလုပ်တွေကို ဆက်လက်လုပ်ကိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခရက်ဒစ်

Zawgyi








ခရက်ဒစ်