ပိုက်ဆံတွေ သုံးမကုန်အောင် ကြွယ်ဝတဲ့ အသိုင်းဝိုင်းကဖြစ်ပေမယ့် ဖခင်ခြေရာ လိုက်နင်းမယ့် အိမ့်မှူးဇော်
ပရိတ်သတ်ကြီးရေ 𝘾𝙤𝙫𝙞𝙙 ကာကွယ်ရေးလုပ်ငန်းစဉ်တွေ မှာ ဦးဇော်ဇော်ကတော့စွမ်းစွမ်း တမံ ငွေ အားရောလူအားရောပါဝင်စိုက်ထူကူညီပေးနေသူပါ။ဦးဇော်ဇော်သာမက ဦးဇော်ဇော်ရဲ့သမီးဖြစ်သူ အိမ့်မှူးဇော်ကပါဖခင် တည်ထောင်လှူတန်းပေးထားတဲ့ ဧရာဝတီကိုဗစ်စင်တာမှာ ကူညီလုပ်ကိုင်ပေးနေတာပါ။
မကြာသေးခင်ကမှ အသက် နှစ်ဆယ်ပြည့်ခဲ့တဲ့ အိမ့်မှူးဇော်က𝙥𝙤𝙨𝙞𝙩𝙞𝙫𝙚လူနာလေးရာကျော်ကို ကုသမှုတွေပေးနိုင်မယ့် ကိုဗစ်ရောဂါကုသရေးဌာန(သုဝဏ္ဏ)မှာ စီမံခန့်ခွဲမှု အပိုင်းတွေသာမက လိုအပ်တဲ့နေရာတိုင်းမှာ ကူညီလုပ်ပေးနေတာပါ။ပိုက်ဆံချမ်းသာတဲ့အသိုင်းအဝိုင်းက ဆင်း သက်လာပေမယ့်
မာနမကြီးပဲ ပရဟိတ အလုပ်တွေကို အင်တိုက်အားတိုက်ဆောင်ရွက်ပြီး စိတ်ရော ကိုယ်ပါ ကူညီဆောင်ရွက်နေတာကြောင့် လူအများရဲ့ချစ်ခင်မှုတွေကိုပါရထားတာပဲဖြစ်ပါတယ်။သူမရဲ့ လူူမှုကွန်ရက်စာမျက်နှာကနေတဆင့်လည်း “အတူတကွ အခက်ခဲများကိုကျော်လွှား ကြပါစို့” ဆိုပြီး အားပေးစကားကို တင်ထားပါသေးတယ်။
ဒ့ါအပြင် ဖခင်ဖြစ်သူဦးဇော်ဇော်ကလည်း “လူသားတန်ဖိုး” ကဘာဆိုတာ၊ သူဘယ်လိုခံယူထားတယ်ဆိုတာကို အခုလို ပြောထားပါသေးတယ်။ “မမျှော်လင့်ဘဲ ကျွန်တော်တို့ရဲ့ ပျော်ရွှင်စရာကမ္ဘာကြီးဟာ ကပ်ရောဂါဆိုးကြောင့် တုံ့ ဆိုင်းသွားပြီး အချိန်နဲ့အမျှ လူ့လောကကို ကျောခိုင်းနေရသူတွေလည်း ရှိနေပါတယ်။
ကျွန်တော်တို့အားလုံး တက် ညီလက်ညီနဲ့ ကိုဗစ်ကပ်ဆိုးကို တွန်းလှန်နေတာဟာ ရောဂါကာကွယ်ကုသရေး တစ်ခုတည်း အတွက်မ ဟုတ်ပါဘူး။လူသားတွေရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့နဲ့ အလုပ်အကိုင် အခွင့်အ လမ်းတွေ၊ လူငယ်တွေအတွက် ပျော်ရွှင်စရာတွေနဲ့ လေ့လာသင်ကြားရမယ့် အချိန်တွေ၊
လူသားအားလုံး လွတ်လပ်စွာ တွေ့ဆုံခွင့်တွေအပြင် လူ့သက်တမ်းစေ့နေနိုင်ဖို့အတွက် ကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။ လူသားတွေရဲ့ တန်ဖိုးရှိတဲ့ဘဝကို ပုံမှန်ပြန်ဖြစ်စေဖို့အတွက် မေတ္တာတရားကြီးမားစွာဖြင့် စည်းစည်းလုံးလုံး လက်တွဲပူးပေါင်း ရင်ဆိုင်သွားရမှာဖြစ်ပါတယ် 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗪𝗲 𝗙𝗶𝗴𝗵𝘁” ဆိုပြီးဦးဇော်ဇော်က ပြောကြားထားပါသေးတယ်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု၊ ဧရာဝတီဖောင်ဒေးရှင်းရဲ့ဦးဆောင်မှုဖြင့် (၇)ရက်အတွင်း အပြီးတည်ဆောက်ခဲ့တဲ့ ကုတင် (၄၀၀)ကျော်ပါရှိသည့် 𝘾𝙤𝙫𝙞𝙙-19 ရောဂါကုသရေး ဌာန (သုဝဏ္ဏ)၊ ဧရာဝတီစင်တာဟာ ၂၀၂၀ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့ ညနေပိုင်းကစပြီး 𝙋𝙤𝙨𝙞𝙩𝙞𝙫𝙚 လူနာများကို စတင်လက်ခံ ကုသပေးနေတာဖြစ်ပါတယ်။
ဧရာဝတီစင်တာတွင် စုစုပေါင်း လူဦးရေ (၄၀၀)ကျော်ကို တပြိုင်တည်း ထားရှိ ကုသပေးနိုင်မည့် ကုသဆောင်များ၊ 𝙄𝙣𝙩𝙚𝙣𝙨𝙞𝙫𝙚 𝘾𝙖𝙧𝙚 𝙐𝙣𝙞𝙩၊ 𝘿𝙪𝙩𝙮 𝙍𝙤𝙤𝙢 (𝘾𝙤𝙣𝙩𝙧𝙤𝙡 𝘾𝙚𝙣𝙩𝙚𝙧)၊ ဆေးပစ္စည်းနှင့် လိုအပ်သော ပစ္စည်းများအတွက် 𝙎𝙩𝙤𝙧𝙚 အဆောက်အဦး၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများ၊ 𝙀𝙭𝙖𝙢𝙞𝙣𝙖𝙩𝙞𝙤𝙣 𝙍𝙤𝙤𝙢 များ၊ 𝙎𝙬𝙖𝙗 𝙏𝙚𝙨𝙩 ရယူမည့် 𝙋𝙧𝙤𝙩𝙚𝙘𝙩𝙞𝙫𝙚 𝘾𝙝𝙖𝙢𝙗𝙚𝙧 များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် 𝙑𝙤𝙡𝙪𝙣𝙩𝙚𝙚𝙧 များအတွက် နားနေဆောင်များ၊ပါရှိပါတယ်။
အဝတ်လျှော်စက်ကြီးများ၊ 𝙇𝙤𝙘𝙠𝙚𝙧 နှင့် ပိုးသတ်စနစ်ပါဝင်သော 𝙋𝙋𝙀 အဝတ်လဲခန်းနှင့် ရေချိုးခန်းများ၊ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၁၅၀)ခန့်အတွက် အဆောင်နေရာများ၊ အဝတ်လျှော်စက်ကြီးများ၊
𝘾𝘾𝙏𝙑 ဖြင့် စောင့်ကြည့်ရေးစနစ်များ၊ 𝙁𝙞𝙧𝙚 𝘼𝙡𝙖𝙧𝙢 𝙎𝙮𝙨𝙩𝙚𝙢 နှင့် မီးသတ်ဆေးဘူးများ၊ 𝙋𝘼 𝙎𝙮𝙨𝙩𝙚𝙢 များ၊ 𝙌𝙍 𝘾𝙤𝙙𝙚 ဖြင့် 𝙍𝙚𝙜𝙞𝙨𝙩𝙧𝙖𝙩𝙞𝙤𝙣 လုပ်နိုင်မည့်စနစ်များ၊ ဆရာဝန်များနှင့် လူနာများ အကြား 𝙑𝙞𝙙𝙚𝙤 ဖြင့် ဆက်သွယ်ရန် နေရာများ၊
လျှပ်စစ်မီး အလုံအလောက် ထောက်ပံ့ပေးနိုင်မည့် မီးစက်ကြီးများ၊ အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်မည့် စနစ်များ၊ နေ့စဉ်လိုအပ်သော အစားအသောက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် နေရာများ ပါရှိပါတယ်။ပရိတ်သတ်ကြီး ရေ အချမ်းသာဆုံး သူဌေးသမီးထဲက တစ်ယောက်ဖြစ်ပေမယ့် ပြည်သူတွေနဲ့တန်းတူ နေထိုင်ပြီး
ယခုလို အခက်အခဲ ကာလမှာ ရှေ့တန်းထွက်ပြီး ပရဟိတ အလုပ်လုပ်ဖို့ဆိုတာ တော်ရုံ မလွယ်တဲ့ အလုပ်ပါပဲနော်။ပရိတ်သတ်ကြီးလည်း ဦးဇော်ဇော်ရဲ့ သမီးဖြစ်သူ အိမ့်မှူးဇော်ရဲ့ စိတ်ဓာတ်လေးကို သဘောကျတယ်ဆိုရင် မှတ်ချက်လေးတွေပေးခဲ့ ကြပါဦးနော်။
Zawgyi