ခရစ်စတီယာနိုရော်နယ်ဒိုမှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိကြောင်း ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်

ဘောလုံးလောကရဲ့ ထိပ်ဆုံးက GOAT ကြီးလဲ ကိုရိုနာရန်ကမလွတ်နိုင်ဘူးဆိုတာကို ပေါ်တူဂီနဲ့ ဂျူဗင်တပ်စတား ခရစ်စတီယာနိုရော်နယ်ဒိုက ပြသသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ရက်ကတင် ပြင်သစ်အသင်းနဲ့ဂိုးမရှိသရေပွဲမှာ ပါဝင်ကစားပေးထားခဲ့တဲ့ ၃၅နှစ်သားကြီးဟာ ပွဲအပြီး ဘောလုံးကမ္ဘာကို ကြည်နူးစရာတွေချန်ထားရစ်ခဲ့တာပါ။

အခုတော့ အံ့အားသင့်ဖွယ်ရာသတင်းနဲ့အတူ အားလုံးကိုမှင်သက်သွားစေခဲ့ပါတယ်။ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကကြေငြာတဲ့ ထုတ်ပြန်ချက်မှာ ပေါ်တူဂီစတားဟာ အသင်းရဲ့လူစာရင်းကနေ နူတ်ထွက်သွားပြီဖြစ်ပြီး သီးခြားစောင့်ကြပ်ကုသမှုခံယူတော့မှာဖြစ်ပါတယ်။

“ခရစ်စတီယာနို ခံစားချက်ကောင်းမွန်နေပါတယ်။ ရောဂါလက္ခဏာလဲ မပြသေးပါဘူး။ အခုတော့ သူကွာရင်တင်းဝင်သွားပါပြီ။ ” လို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူကပြောကြားကြောင်း sporza ကဆိုပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တူရင်ကနေ ပေါ်တူဂီအသင်းရဲ့လူစာရင်းထဲကို လျင်လျင်မြန်မြန်ပဲ ခရစ်စတီယာနို လာရောက်ပူးပေါင်းတာကို အသင်းတာဝန်ရှိသူတွေက ခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ခရစ်စတီယာနိုရဲ့ ဂျူဗင်တပ်အသင်းမှာ ပိုးတွေ့ထားသူ ၂ဦးရှိနေတာဖြစ်တဲ့အတွက် ပေါ်တူဂီစတားဟာ ကွာရင်တင်းကြာကြာဝင်ပြီးမှသာ အသင်းက လက်ခံခဲ့သင့်တယ်လို့လဲ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေမှာ ထိတွေ့မှုရှိခဲ့တဲ့ ကစားသမားတွေအားလုံးလဲ ကွာရင်တင်းဝင်ရောက်ရဖွယ်ရှိနေပါတယ်။

written by #RJ (BT Sports / News Express)

Zawgyi

ေဘာလုံးေလာကရဲ႕ ထိပ္ဆုံးက GOAT ႀကီးလဲ ကို႐ိုနာရန္ကမလြတ္ႏိုင္ဘူးဆိုတာကို ေပၚတူဂီနဲ႔ ဂ်ဴဗင္တပ္စတား ခရစ္စတီယာႏိုေရာ္နယ္ဒိုက ျပသသြားခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ရက္ကတင္ ျပင္သစ္အသင္းနဲ႔ဂိုးမရွိသေရပြဲမွာ ပါဝင္ကစားေပးထားခဲ့တဲ့ ၃၅ႏွစ္သားႀကီးဟာ ပြဲအၿပီး ေဘာလုံးကမာၻကို ၾကည္ႏူးစရာေတြခ်န္ထားရစ္ခဲ့တာပါ။

အခုေတာ့ အံ့အားသင့္ဖြယ္ရာသတင္းနဲ႔အတူ အားလုံးကိုမွင္သက္သြားေစခဲ့ပါတယ္။ ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္ကေၾကျငာတဲ့ ထုတ္ျပန္ခ်က္မွာ ေပၚတူဂီစတားဟာ အသင္းရဲ႕လူစာရင္းကေန ႏူတ္ထြက္သြားၿပီျဖစ္ၿပီး သီးျခားေစာင့္ၾကပ္ကုသမႈခံယူေတာ့မွာျဖစ္ပါတယ္။

“ခရစ္စတီယာႏို ခံစားခ်က္ေကာင္းမြန္ေနပါတယ္။ ေရာဂါလကၡဏာလဲ မျပေသးပါဘူး။ အခုေတာ့ သူကြာရင္တင္းဝင္သြားပါၿပီ။ ” လို႔ ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္က တာဝန္ရွိသူကေျပာၾကားေၾကာင္း sporza ကဆိုပါတယ္။

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က တူရင္ကေန ေပၚတူဂီအသင္းရဲ႕လူစာရင္းထဲကို လ်င္လ်င္ျမန္ျမန္ပဲ ခရစ္စတီယာႏို လာေရာက္ပူးေပါင္းတာကို အသင္းတာဝန္ရွိသူေတြက ခြင့္ျပဳထားခဲ့တာျဖစ္ပါတယ္။ တကယ္ေတာ့ ခရစ္စတီယာႏိုရဲ႕ ဂ်ဴဗင္တပ္အသင္းမွာ ပိုးေတြ႕ထားသူ ၂ဦးရွိေနတာျဖစ္တဲ့အတြက္ ေပၚတူဂီစတားဟာ ကြာရင္တင္းၾကာၾကာဝင္ၿပီးမွသာ အသင္းက လက္ခံခဲ့သင့္တယ္လို႔လဲ အဆိုပါသတင္းမွာေဖာ္ျပထားပါတယ္။

ခရစ္စတီယာႏိုေရာ္နယ္ဒိုနဲ႔ ၿပီးခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္ေတြမွာ ထိေတြ႕မႈရွိခဲ့တဲ့ ကစားသမားေတြအားလုံးလဲ ကြာရင္တင္းဝင္ေရာက္ရဖြယ္ရွိေနပါတယ္။

written by #RJ (BT Sports / News Express)