မက်ဆီနဲ့သူ့ကြားက သက်တမ်းရင့်အိမ်ထောင်သည်လိုဆက်ဆံရေးကို ဖွင့်ချခဲ့တဲ့အဂွေးရိုး

စောဒကတွေတက်တတ်တဲ့မက်ဆီလိုအခန်းဖော်နဲ့ တခန်းတည်းအတူနေရတာဘယ်လိုမျိုးနေလဲ ဆိုတာကို သူ့ရဲ့နိုင်ငံအသင်းအသင်းဖော် ဆာဂျီယိုအဂွေးရိုးက ဖွင့်ချခဲ့ပါတယ်။

လီယွန်နယ်မက်ဆီနဲ့တခန်းတည်းတူနေရတာ ဘယ်လိုမျိုးများဖြစ်မလဲ။ ဆာဂျီယိုအဂွေးရိုးထက်ပိုသိတဲ့သူ များများမရှိနိုင်ပါဘူး။ ဘာကာစတားနဲ့အတူ အာဂျင်တီးနားနိုင်ငံအသင်းတာဝန်နဲ့ ၁၇နှစ်ကျော်ကြာ အခန်းဖော်အဖြစ်အတူနေခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ မန်ချက်စတာစီးတီးတိုက်စစ်မှူးက ဆန်းတို့ဆာဘာဒိုဆိုတဲ့ပရိုဂရမ်ကို မက်ဆီနဲ့ပတ်သတ်တဲ့ဟာသတွေ ပြောပြခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးကြားက အဓိကမပြေလည်မှုကတော့ တီဗီပဲဖြစ်ပါတယ်တဲ့။

“မက်ဆီနဲ့ကျနော်ဟာ ကျနော်တို့ ၁၇နှစ်သားကတည်းကစပြီး (အာဂျင်တီးနားလက်ရွေးစင်အသင်းတာဝန်နဲ့) အမြဲတမ်းအတူတူနေခဲ့ကြတာပါ။ အခုကျနော်တို့က ၃၂နှစ်နဲ့ ၃၃နှစ်တွေဖြစ်နေကြပါပြီ။ ကျနော်တို့က သက်တမ်းရင့်အိမ်ထောင်သည်တွေနဲ့သွားတူနေပါတယ်။ သူကတော့ အကြီးစားအညှော်ကွန်ပလိန်းသမားတယောက်ပေါ့ဗျာ။”

“ကျနော်တို့နှစ်ယောက်ကတီဗီကြည့်နေကြတုန်း မက်ဆီကတဘက်လှည့်ပြီး အိပ်ချင်အိပ်သွားရော။ ကျနော်က ဆက်ကြည့်နေဖြစ်ပြီး တခါတရံကျ တီဗီဖွင့်လျက်သားကြီးနဲ့ အိပ်ပျော်ချင်ပျော်သွားရော။ နောက်တနေ့ကျရင် လီယွန်နယ်က အဲဒီကိစ္စကို ပွစိပွစိ မကြာခဏပြောတော့တာပဲ။ ကျနော်က တီဗီဖွင့်လျက်ကြီးနဲ့ အမြဲချန်ထားခဲ့တယ်ဆိုပြီး လူတိုင်းကိုလျှောက်ပြောရော။”

သူတို့နှစ်ယောက်ကြားကခင်မင်ရင်းနှီးမှုဟာ အတော်ကောင်းမွန်တဲ့ဆက်ဆံရေးတခုဖြစ်ပါတယ်။ ရေချိုးတာနဲ့ အီလေးအားလေးဆွဲတတ်တာတွေက နောက်ထပ်ပြောစရာအချက်တွေဖြစ်ပြီး သူတို့နှစ်ယောက်ကြား တက်လေ့ရှိတဲ့ပြဿနာတွေဖြစ်ပါတယ်။

“ဟိုတယ်ကို ကျနော်တို့ ည၇နာရီခွဲလောက်ရောက်ပြီး ၉နာရီဝန်းကျင်မှာ ညစာစားကြမယ်၊ လီယွန်နယ်က အမြဲတမ်း တန်းတန်းမတ်မတ်ရေချိုးလေ့ရှိပြီး ပြီးရင် လုံးဝသေသေသပ်သပ်တိတိကျကျနဲ့ ထိုင်နေလေ့ရှိတယ်။ အဲဒီအချိန်မှာ ကျနော်ကတော့ ဘောင်းဘီတကားကားနဲ့ လတ်လျားလတ်လျားလျှောက်နေ၊ အချိန်တွေကုန်ပြီး ညစာမစားခင်ကြားမှာ နာရီဝက်လောက်ပဲအချိန်ရတော့တာပဲ။”

“အဲဒီမှာ လီယွန်နယ်က ကျနော့်ကိုစပြီးအော်ပါပြီ၊ “ည ၉နာရီမှာ ငါတို့ညစာစားရမှာလေ၊ အချိန်က နာရီဝက်ပဲကျန်တော့တယ်။” ပေါ့။ ဆယ်မိနစ်လောက်ပဲအချိန်ကျန်တဲ့အထိ ကျနော်က ဖုန်းဆက်ပွတ်ချင်ပွတ်နေရော။ သူကတော့ ဆူပူညီးညူပြီးရင်း ညီးညူမဆုံးဖြစ်တာပေါ့၊ “ငါတို့က အမြဲတမ်းနောက်ကျမှရောက်ရတယ်၊ ဒီမှာရောက်နေတာ တနာရီလောက်ရှိနေပြီကို။” ဘာညာပေ့ါ။ ကျနော်က အဲဒီကျမှလူးလဲထပြီး အချိန်မီရောက်အောင် နေရာရွှေ့တယ်၊ သူက ဒါကိုမကြိုက်ပါဘူး။”

လို့ အဂွေးရိုးကပြောပါတယ်။ မက်ဆီရဲ့လူသိပ်မသိသေးတဲ့ အခြားကိုယ်ရေးကိုယ်တာအချို့ကိုလည်း အဂွေးရိုးကဖော်ကောင်လုပ်ခဲ့ပါသေးတယ်။ ဖရာရီကားသစ်ဝယ်တာတို့၊ သူ့ရဲ့ဟီးရိုးကဂိုကုတို့ စတာတွေဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီရဲ့အချစ်တော်ခွေးက သူ့ရဲ့ပလေးစတေရှင်ဂိမ်းစက် ကေဘယ်ကြိုးတွေဝါးရတာကိုကြိုက်တဲ့အကြောင်းလည်း ပါပါသေးတယ်။

YoursJames/BT sports

Zawgyi

ေစာဒကေတြတက္တတ္တဲ့မက္ဆီလိုအခန္းေဖာ္နဲ႔ တခန္းတည္းအတူေနရတာဘယ္လိုမ်ိဳးေနလဲ ဆိုတာကို သူ႔ရဲ႕ႏိုင္ငံအသင္းအသင္းေဖာ္ ဆာဂ်ီယိုအေဂြး႐ိုးက ဖြင့္ခ်ခဲ့ပါတယ္။

လီယြန္နယ္မက္ဆီနဲ႔တခန္းတည္းတူေနရတာ ဘယ္လိုမ်ိဳးမ်ားျဖစ္မလဲ။ ဆာဂ်ီယိုအေဂြး႐ိုးထက္ပိုသိတဲ့သူ မ်ားမ်ားမရွိႏိုင္ပါဘူး။ ဘာကာစတားနဲ႔အတူ အာဂ်င္တီးနားႏိုင္ငံအသင္းတာဝန္နဲ႔ ၁၇ႏွစ္ေက်ာ္ၾကာ အခန္းေဖာ္အျဖစ္အတူေနခဲ့ဖူးတဲ့သူျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးတိုက္စစ္မႉးက ဆန္းတို႔ဆာဘာဒိုဆိုတဲ့ပ႐ိုဂရမ္ကို မက္ဆီနဲ႔ပတ္သတ္တဲ့ဟာသေတြ ေျပာျပခဲ့တာျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးၾကားက အဓိကမေျပလည္မႈကေတာ့ တီဗီပဲျဖစ္ပါတယ္တဲ့။

“မက္ဆီနဲ႔က်ေနာ္ဟာ က်ေနာ္တို႔ ၁၇ႏွစ္သားကတည္းကစၿပီး (အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းတာဝန္နဲ႔) အၿမဲတမ္းအတူတူေနခဲ့ၾကတာပါ။ အခုက်ေနာ္တို႔က ၃၂ႏွစ္နဲ႔ ၃၃ႏွစ္ေတြျဖစ္ေနၾကပါၿပီ။ က်ေနာ္တို႔က သက္တမ္းရင့္အိမ္ေထာင္သည္ေတြနဲ႔သြားတူေနပါတယ္။ သူကေတာ့ အႀကီးစားအေညႇာ္ကြန္ပလိန္းသမားတေယာက္ေပါ့ဗ်ာ။”

“က်ေနာ္တို႔ႏွစ္ေယာက္ကတီဗီၾကည့္ေနၾကတုန္း မက္ဆီကတဘက္လွည့္ၿပီး အိပ္ခ်င္အိပ္သြားေရာ။ က်ေနာ္က ဆက္ၾကည့္ေနျဖစ္ၿပီး တခါတရံက် တီဗီဖြင့္လ်က္သားႀကီးနဲ႔ အိပ္ေပ်ာ္ခ်င္ေပ်ာ္သြားေရာ။ ေနာက္တေန႔က်ရင္ လီယြန္နယ္က အဲဒီကိစၥကို ပြစိပြစိ မၾကာခဏေျပာေတာ့တာပဲ။ က်ေနာ္က တီဗီဖြင့္လ်က္ႀကီးနဲ႔ အၿမဲခ်န္ထားခဲ့တယ္ဆိုၿပီး လူတိုင္းကိုေလွ်ာက္ေျပာေရာ။”

သူတို႔ႏွစ္ေယာက္ၾကားကခင္မင္ရင္းႏွီးမႈဟာ အေတာ္ေကာင္းမြန္တဲ့ဆက္ဆံေရးတခုျဖစ္ပါတယ္။ ေရခ်ိဳးတာနဲ႔ အီေလးအားေလးဆြဲတတ္တာေတြက ေနာက္ထပ္ေျပာစရာအခ်က္ေတြျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ၾကား တက္ေလ့ရွိတဲ့ျပႆနာေတြျဖစ္ပါတယ္။

“ဟိုတယ္ကို က်ေနာ္တို႔ ည၇နာရီခြဲေလာက္ေရာက္ၿပီး ၉နာရီဝန္းက်င္မွာ ညစာစားၾကမယ္၊ လီယြန္နယ္က အၿမဲတမ္း တန္းတန္းမတ္မတ္ေရခ်ိဳးေလ့ရွိၿပီး ၿပီးရင္ လုံးဝေသေသသပ္သပ္တိတိက်က်နဲ႔ ထိုင္ေနေလ့ရွိတယ္။ အဲဒီအခ်ိန္မွာ က်ေနာ္ကေတာ့ ေဘာင္းဘီတကားကားနဲ႔ လတ္လ်ားလတ္လ်ားေလွ်ာက္ေန၊ အခ်ိန္ေတြကုန္ၿပီး ညစာမစားခင္ၾကားမွာ နာရီဝက္ေလာက္ပဲအခ်ိန္ရေတာ့တာပဲ။”

“အဲဒီမွာ လီယြန္နယ္က က်ေနာ့္ကိုစၿပီးေအာ္ပါၿပီ၊ “ည ၉နာရီမွာ ငါတို႔ညစာစားရမွာေလ၊ အခ်ိန္က နာရီဝက္ပဲက်န္ေတာ့တယ္။” ေပါ့။ ဆယ္မိနစ္ေလာက္ပဲအခ်ိန္က်န္တဲ့အထိ က်ေနာ္က ဖုန္းဆက္ပြတ္ခ်င္ပြတ္ေနေရာ။ သူကေတာ့ ဆူပူညီးညဴၿပီးရင္း ညီးညဴမဆုံးျဖစ္တာေပါ့၊ “ငါတို႔က အၿမဲတမ္းေနာက္က်မွေရာက္ရတယ္၊ ဒီမွာေရာက္ေနတာ တနာရီေလာက္ရွိေနၿပီကို။” ဘာညာေပ့ါ။ က်ေနာ္က အဲဒီက်မွလူးလဲထၿပီး အခ်ိန္မီေရာက္ေအာင္ ေနရာေ႐ႊ႕တယ္၊ သူက ဒါကိုမႀကိဳက္ပါဘူး။”

လို႔ အေဂြး႐ိုးကေျပာပါတယ္။ မက္ဆီရဲ႕လူသိပ္မသိေသးတဲ့ အျခားကိုယ္ေရးကိုယ္တာအခ်ိဳ႕ကိုလည္း အေဂြး႐ိုးကေဖာ္ေကာင္လုပ္ခဲ့ပါေသးတယ္။ ဖရာရီကားသစ္ဝယ္တာတို႔၊ သူ႔ရဲ႕ဟီး႐ိုးကဂိုကုတို႔ စတာေတြျဖစ္ပါတယ္။ ဒါ့အျပင္ မက္ဆီရဲ႕အခ်စ္ေတာ္ေခြးက သူ႔ရဲ႕ပေလးစေတရွင္ဂိမ္းစက္ ေကဘယ္ႀကိဳးေတြဝါးရတာကိုႀကိဳက္တဲ့အေၾကာင္းလည္း ပါပါေသးတယ္။

YoursJames/BT sports