မိန့်ခွန်းပြောရင်းမျက်ရည်ကျခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်

ပြီးခဲ့တဲ့ စနေ တနင်္ဂနွေရက်သတ္တပတ်တုန်းက ပြုံးယမ်းမြို့တော်မှာ လက်ရှိအုပ်ချုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမားပါတီရဲ့ ၇၅နှစ်မြောက်နှစ်ပတ်လည်အဖြစ် နည်းပညာမြင့်လက်နက်တပ်တွေဟာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ စစ်အာဏာရှင် ကင်ဂျုံအန်ဟာ mask မတပ်ထားတဲ့လူအုပ်ကြီးရှေ့မှောက်မှာ မိန့်ခွန်းတစ်ခုဟောပြောရင်း မျက်ရည်ကျခဲ့တယ်လို့ foxnews သတင်းအရ သိရပါတယ်။

“ပြည်သူတွေဟာ ကျွန်တော့်အပေါ်မှာ ကောင်းကင်လိုမြင့်မားပြီး ပင်လယ်လိုနက်ရှိုင်းတဲ့ ယုံကြည်မှုမျိုးထားကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ပြည်သူတွေမျှော်မှန်းထားသလိုဖြစ်မလာပါဘူး။ ကျွန်တော်တကယ်ပဲတောင်းပန်ပါတယ်။ ကျွန်တော်ဟာ ကြီးမြတ်တဲ့ ရဲဘော်ကြီးတွေဖြစ်တဲ့ ကင်အီဆောင်နဲ့ ကင်ဂျုံအီတို့ရဲ့အကြောင်းကြောင့် ဒီနိုင်ငံကိုဦးဆောင်ဖို့ အရေးကြီးတဲ့တာဝန်ယူခဲ့ရတယ်။ ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ ရိုးသားစစ်မှန်မှုတွေက လူတွေရဲ့အခက်အခဲတွေကို ဖယ်ရှားဖို့ မလုံလောက်ပါဘူး။” လို့ အသက်၃၆နှစ်အရွယ် ခေါင်းဆောင်ကြီးက ကြေညာခဲ့ပါတယ်။

ထို့နောက်မှာတော့ ကင်ဂျုံအန်ဟာ မျက်ရည်တွေသုတ်လိုက်ပြီး မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု သုံညပါဆိုပြီး ကြေညာခဲ့ပါသေးတယ်။ ကြောက်စရာကောင်းတဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကိုကာကွယ်နိုင်ခဲ့တဲ့ စစ်တပ်ကိုလည်းချီးကျူးခဲ့တဲ့အပြင် အစိုးရရင်ဆိုင်နေရတဲ့ အရေးကြီးစိန်ခေါ်မှုတွေနဲ့ မရေမတွက်နိုင်တဲ့ဒုက္ခသုက္ခကို နှမ်းဖြူးပြောပြခဲ့ပါတယ်။

ဝေဖန်သူတွေကတော့ အခုလိုစိတ်ပိုင်းဆိုင်ရာသွန်ချမှုဟာ အစိုးရရဲ့ ဖိအားများလာတဲ့ အခြင်းအရာတစ်ခုလို့ဆိုပါတယ်။ ဒါ့အပြင် ကင်ဂျုံအန်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေလျော့ကျသွားတဲ့အခါ တောင်နဲ့မြောက်ကိုရီးယားတို့ လက်တွဲဖို့မျှော်လင့်ကြောင်းဆိုခဲ့ပေမယ့် ဒီလိုစိတ်ကူးယဉ်တာက ထင်သလောက်တော့ မရိုးရှင်းပါဘူး။ ကင်ဂျုံအန်ရဲ့အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ တောင်ကိုရီးယားက ကင်ဂျုံအင်ကတော့ မြောက်ကိုရီးယားဟာ မကြာခင်ကမှ တောင်ကိုရီးယားငါးဖမ်းလုပ်ငန်းအရာရှိတွေကို ပစ်သတ်ခဲ့ပြီးတော့ ဟန်ဆောင်မျက်ရည်ကျပြရုံသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Shwemom လင်းလင်း

Zawgyi

ၿပီးခဲ့တဲ့ စေန တနဂၤေႏြရက္သတၱပတ္တုန္းက ျပံဳးယမ္းၿမိဳ႕ေတာ္မွာ လက္ရွိအုပ္ခ်ဳပ္ေနတဲ့ ေျမာက္ကိုရီးယား အလုပ္သမားပါတီရဲ႕ ၇၅ႏွစ္ေျမာက္ႏွစ္ပတ္လည္အျဖစ္ နည္းပညာျမင့္လက္နက္တပ္ေတြဟာ စီတန္းလွည့္လည္ခဲ့ၾကပါတယ္။ စစ္အာဏာရွင္ ကင္ဂ်ံဳအန္ဟာ mask မတပ္ထားတဲ့လူအုပ္ၾကီးေရွ႕ေမွာက္မွာ မိန္႔ခြန္းတစ္ခုေဟာေျပာရင္း မ်က္ရည္က်ခဲ့တယ္လို႔ foxnews သတင္းအရ သိရပါတယ္။

“ျပည္သူေတြဟာ ကြ်န္ေတာ့္အေပၚမွာ ေကာင္းကင္လိုျမင့္မားၿပီး ပင္လယ္လိုနက္ရိႈင္းတဲ့ ယံုၾကည္မႈမ်ိဳးထားၾကတယ္။ ဒါေပမဲ့ ကြ်န္ေတာ္ကေတာ့ ျပည္သူေတြေမွ်ာ္မွန္းထားသလိုျဖစ္မလာပါဘူး။ ကြ်န္ေတာ္တကယ္ပဲေတာင္းပန္ပါတယ္။ ကြ်န္ေတာ္ဟာ ၾကီးျမတ္တဲ့ ရဲေဘာ္ၾကီးေတြျဖစ္တဲ့ ကင္အီေဆာင္နဲ႔ ကင္ဂ်ံဳအီတို႔ရဲ႕အေၾကာင္းေၾကာင့္ ဒီႏိုင္ငံကိုဦးေဆာင္ဖို႔ အေရးၾကီးတဲ့တာဝန္ယူခဲ့ရတယ္။ ဒါေပမဲ့လည္း ကြ်န္ေတာ့္ရဲ႕ၾကိဳးစားအားထုတ္မႈေတြနဲ႔ ရိုးသားစစ္မွန္မႈေတြက လူေတြရဲ႕အခက္အခဲေတြကို ဖယ္ရွားဖို႔ မလံုေလာက္ပါဘူး။” လို႔ အသက္၃၆ႏွစ္အရြယ္ ေခါင္းေဆာင္ၾကီးက ေၾကညာခဲ့ပါတယ္။

ထို႔ေနာက္မွာေတာ့ ကင္ဂ်ံဳအန္ဟာ မ်က္ရည္ေတြသုတ္လိုက္ၿပီး ေျမာက္ကုိရီးယားႏိုင္ငံမွာ ကုိရိုနာဗိုင္းရပ္္စ္ကူးစက္မႈ သံုညပါဆိုၿပီး ေၾကညာခဲ့ပါေသးတယ္။ ေၾကာက္စရာေကာင္းတဲ့ ကမာၻလံုးဆိုင္ရာ ကပ္ေရာဂါကိုကာကြယ္ႏိုင္ခဲ့တဲ့ စစ္တပ္ကိုလည္းခ်ီးက်ဴးခဲ့တဲ့အျပင္ အစုိးရရင္ဆိုင္ေနရတဲ့ အေရးၾကီးစိန္ေခၚမႈေတြနဲ႔ မေရမတြက္ႏုိင္တဲ့ဒုကၡသုကၡကို ႏွမ္းျဖဴးေျပာျပခဲ့ပါတယ္။

ေဝဖန္သူေတြကေတာ့ အခုလိုစိတ္ပိုင္းဆိုင္ရာသြန္ခ်မႈဟာ အစိုးရရဲ႕ ဖိအားမ်ားလာတဲ့ အျခင္းအရာတစ္ခုလို႔ဆိုပါတယ္။ ဒါ့အျပင္ ကင္ဂ်ံဳအန္က ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေတြေလ်ာ့က်သြားတဲ့အခါ ေတာင္နဲ႔ေျမာက္ကိုရီးယားတို႔ လက္တြဲဖို႔ေမွ်ာ္လင့္ေၾကာင္းဆိုခဲ့ေပမယ့္ ဒီလိုစိတ္ကူးယဥ္တာက ထင္သေလာက္ေတာ့ မရိုးရွင္းပါဘူး။ ကင္ဂ်ံဳအန္ရဲ႕အတိုက္အခံေခါင္းေဆာင္ျဖစ္တဲ့ ေတာင္ကိုရီးယားက ကင္ဂ်ံဳအင္ကေတာ့ ေျမာက္ကိုရီးယားဟာ မၾကာခင္ကမွ ေတာင္ကိုရီးယားငါးဖမ္းလုပ္ငန္းအရာရွိေတြကို ပစ္သတ္ခဲ့ၿပီးေတာ့ ဟန္ေဆာင္မ်က္ရည္က်ျပရံုသာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

Shwemom လင္းလင္း