ခြေထောက်နှစ်ဖက်မရှိတော့တာတောင် နှစ်ပေါင်း 40 ကြာတဲ့အထိ မိသားစုကို လယ်ယာလုပ်ငန်းဖြင့် ထောက်ပံပေးခဲ့တဲ့ အဘိုးအို

တရုတ်နိုင်ငံရှိအသက် ၆၀အရွယ်ရှိတဲ့ လယ်သမားအဖိုးတစ်ဦးဟာ ခြေထောက်နှစ်ဖက်မရှိတော့ဘဲ လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ပုံတွေ အင်တာနက်ပေါ်ပျံ့နှံ့သွားပြီးနောက် Netizenတွေရဲ့ အာရုံစူးစိုက်မှုကို ခံခဲ့ရပါတယ်။တရုတ်နိုင်ငံ Henan ပြည်နယ်ရှိ Xi Tiangen ဆိုတဲ့ လယ်သမားအဖိုးဟာ အသက်၁၉နှစ်အရွယ်မှာ မတော်တဆထိခိုက်မှုဖြစ်ပွါးခဲ့ပြီး ခြေထောက်နှစ်ဖက်စလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ဖခင်ဖြစ်သူဟာ ၁၉၉၆ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး အသက်ကြီးပြီဖြစ်တဲ့ အမေအိုနှင့် စိတ်ပိုင်းဆိုင်ရာ မကျန်းမာတဲ့အစ်ကိုတစ်ယောက်တို့ကို စောင့်ရှောက်ရန် သူ့အား တစ်ယောက်တည်းထားခဲ့ကြောင်း Shanghaiist သတင်းအရ သိရပါတယ်။

အဖိုး Xi ဟာ သူ့ရဲ့ လက်နှစ်ဖက်ဖြင့်သာ မိသားစုရဲ့လယ်ယာလုပ်ငန်းကို စီမံခန့်ခွဲရပြီး အမေအိုနှင့်အစ်ကိုတို့ကိုလည်း ကြည့်ရှုစောင့်ရှောက်ခဲ့ရပါတယ်။စိတ်မကောင်းစွာနဲ့ဘဲ အမေအိုဟာ ၂၀၀၆ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး ၂၀၁၅ခုနှစ်မှာတော့ အစ်ကိုဖြစ်သူဟာ ကွယ်လွန်သွားခဲ့ပါတယ်။ထို့နောက် အဖိုး Xiဟာ လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ရန် တစ်ဝမ်းကွဲဆွေမျိုးအိမ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။အရာအားလုံးကို လက်ဖြင့်သာ အချိန်တိုင်းနီးပါးအသုံးပြုခဲ့ရတာကြောင့် အဖိုးXiရဲ့လက်ချောင်းတချို့တွေဟာ အမြဲကောက်ကွေ့နေပါတော့တယ်။

ဒေသခံတချို့က အဖိုးXiရဲ့ အဖြစ်အပျက်ကို သိရှိခဲ့ရပြီးနောက် စိတ်မကောင်းဖြစ်ကာ ၁လကို ၁၈ဒေါ်လာခန့် ထောက်ပံနိုင်မည့် အသေးစား လှူဒါန်းမှုတွေကို စတင်ခဲ့ကြပါတယ်။Netizenတော်တော်များများဟာ အလုပ်ကြိုးစားတဲ့ လယ်သမားအဖိုးအား မကြာမီမှာ အနားယူနိုင်ပြီး အလုပ်မလုပ်ရတော့ဘဲ သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေရန် မျှော်လင့်နေကြပါတယ်။

Jasmine (Mckzone Daily)

Source: nextshark

Zawgyi

တ႐ုတ္နိုင္ငံရွိအသက္ ၆၀အရြယ္ရွိတဲ့ လယ္သမားအဖိုးတစ္ဦးဟာ ေျခေထာက္ႏွစ္ဖက္မရွိေတာ့ဘဲ လယ္ကြင္းထဲမွာ အလုပ္လုပ္ေနတဲ့ပုံေတြ အင္တာနက္ေပၚပ်ံ႕ႏွံ့သြားၿပီးေနာက္ Netizenေတြရဲ့ အာ႐ုံစူးစိုက္မွုကို ခံခဲ့ရပါတယ္။တ႐ုတ္နိုင္ငံ Henan ျပည္နယ္ရွိ Xi Tiangen ဆိုတဲ့ လယ္သမားအဖိုးဟာ အသက္၁၉ႏွစ္အရြယ္မွာ မေတာ္တဆထိခိုက္မွုျဖစ္ပြါးခဲ့ၿပီး ေျခေထာက္ႏွစ္ဖက္စလုံးကို ဆုံးရွုံးခဲ့ရပါတယ္။ဖခင္ျဖစ္သူဟာ ၁၉၉၆ခုႏွစ္မွာ ကြယ္လြန္သြားခဲ့ၿပီး အသက္ႀကီးၿပီျဖစ္တဲ့ အေမအိုႏွင့္ စိတ္ပိုင္းဆိုင္ရာ မက်န္းမာတဲ့အစ္ကိုတစ္ေယာက္တို့ကို ေစာင့္ေရွာက္ရန္ သူ႔အား တစ္ေယာက္တည္းထားခဲ့ေၾကာင္း Shanghaiist သတင္းအရ သိရပါတယ္။

အဖိုး Xi ဟာ သူ႔ရဲ့ လက္ႏွစ္ဖက္ျဖင့္သာ မိသားစုရဲ့လယ္ယာလုပ္ငန္းကို စီမံခန္႔ခြဲရၿပီး အေမအိုႏွင့္အစ္ကိုတို့ကိုလည္း ၾကည့္ရွုေစာင့္ေရွာက္ခဲ့ရပါတယ္။စိတ္မေကာင္းစြာနဲ႔ဘဲ အေမအိုဟာ ၂၀၀၆ခုႏွစ္မွာ ကြယ္လြန္သြားခဲ့ၿပီး ၂၀၁၅ခုႏွစ္မွာေတာ့ အစ္ကိုျဖစ္သူဟာ ကြယ္လြန္သြားခဲ့ပါတယ္။ထို့ေနာက္ အဖိုး Xiဟာ လယ္ယာလုပ္ငန္းကို ဆက္လက္လုပ္ကိုင္နိုင္ရန္ တစ္ဝမ္းကြဲေဆြမ်ိဳးအိမ္သို့ ေျပာင္းေရြ႕ေနထိုင္ခဲ့ပါတယ္။အရာအားလုံးကို လက္ျဖင့္သာ အခ်ိန္တိုင္းနီးပါးအသုံးျပဳခဲ့ရတာေၾကာင့္ အဖိုးXiရဲ့လက္ေခ်ာင္းတခ်ိဳ့ေတြဟာ အျမဲေကာက္ေကြ႕ေနပါေတာ့တယ္။

ေဒသခံတခ်ိဳ့က အဖိုးXiရဲ့ အျဖစ္အပ်က္ကို သိရွိခဲ့ရၿပီးေနာက္ စိတ္မေကာင္းျဖစ္ကာ ၁လကို ၁၈ေဒၚလာခန္႔ ေထာက္ပံနိုင္မည့္ အေသးစား လွူဒါန္းမွုေတြကို စတင္ခဲ့ၾကပါတယ္။Netizenေတာ္ေတာ္မ်ားမ်ားဟာ အလုပ္ႀကိဳးစားတဲ့ လယ္သမားအဖိုးအား မၾကာမီမွာ အနားယူနိုင္ၿပီး အလုပ္မလုပ္ရေတာ့ဘဲ သူ႔ရဲ့ က်န္ရွိေနတဲ့ ဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းနိုင္ေစရန္ ေမၽွာ္လင့္ေနၾကပါတယ္။

Jasmine (Mckzone Daily)

Source: nextshark