အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ကို နတ်ဘုရားအဖြစ် ကိုးကွယ်နေသူတစ်ဦး၊ ထရမ့်အတွက် အစိုးရိမ်လွန်ပြီး ဘဝကူးခဲ့ရ

အိန္ဒိယနိုင်ငံက ရွာသားတစ်ယောက်ဟာ သမ္မတထရမ့်ကို နတ်ဘုရားအဖြစ် ကိုးကွယ် ပူဇော်ပသနေသူ ဖြစ်ပါတယ်။ သူ့ဆီမှာ သမ္မတထရမ့်ရဲ့ပုံစံတူ ရုပ်တုလည်း ရှိနေပြီး၊ အဲဒီရုပ်တုကြီးရှေ့မှာ သူတို့မိသားစု ကံကောင်းပါစေ၊ လာဘ်လာဘတွေ တိုးပွားပါစေဆိုပြီး အမြဲတမ်း ပန်းရေချမ်း၊ ထမင်း၊ စားစရာတွေနဲ့ ပူဇော်လေ့ ရှိပါတယ်။

အဆိုပါ အမျိုးသားဟာ မကြာသေးခင်ကပဲ နှလုံးရုတ်တရက် ရပ်တန့်ပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပါတယ်။ နယ်မြေခံ သတင်းစာတွေကတော့ အဲဒီရွာသား ဒီလိုဖြစ်သွားတာ ထရမ့်အတွက် အစိုးရိမ်လွန်ပြီး ဖြစ်ရတာလို့ ဆိုပါတယ်။ အဆိုပါရွာသားဟာ သမ္မတထရမ့် ကိုဗစ်ကူးစက်ခံရတယ်ဆိုတဲ့ သတင်းကြားပြီးနောက် အကြီးအကျယ် စိတ်ဓာတ်ကျပြီး၊ အစားမမှန် အအိပ်မမှန် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူ ဘဝကူးခဲ့ရတာပါ။ ဒါပေမယ့် လူမှုကွန်ရက်ပေါ်မှာတော့ ဝေဖန်သူတွေက အထက်ပါ သတင်းကို ဖွသတင်းလို့ ဆိုကြပါတယ်။ ကွယ်လွန်သူအနေနဲ့ ထရမ့်ကို နတ်ဘုရားကဲ့သို့ ကိုးကွယ်တယ်ဆိုတာ မှန်သော်လည်း၊ ထရမ့်ကိုဗစ်ဖြစ်လို့ သူ နှလုံးဖောက်သွားတယ်ဆိုတာ မဟုတ်နိုင်ကြောင်း၊ အနည်းငယ်သော အကြောင်းအရာကို မဖြစ်ဖြစ်အောင် တိုက်ဆိုင်လိုက်တာလို့ ဝေဖန်နေကြတာပါ။

ရွာသားရဲ့အမည်ကတော့ Bussa Krishna ဖြစ်ပါတယ်။ သမ္မတထရမ့်ကို ကိုးကွယ်ခဲ့တဲ့လုပ်ရပ်ကြောင့် သူဟာ အဲဒီဒေသမှာ လူသိများခဲ့သူပါ။ သူဟာ တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ Telangana ပြည်နယ်အတွင်းက Konney အမည်ရ ရွာလေးမှာ နေထိုင်သူပါ။ သူဟာ လွန်ခဲ့တဲ့(၄)နှစ်ကတည်းက အိပ်မက်အရဆိုပြီး ထရမ့်ကို ရုပ်တုထုပြီး ကိုးကွယ်ခဲ့သူပါ။

Bussa ဟာ သူမကွယ်လွန်ခင်မှာ ထရမ့်အမြန်ကျန်းမာပါစေကြောင်း ဆုတောင်းထားတဲ့ ဗွီဒီယိုကို တင်ခဲ့ပါသေးတယ်။ ဒါကလည်း သူကွယ်လွန်တာ ထရမ့်အတွက် အစိုးရိမ်လွန်လို့ဆိုတဲ့ အကြောင်းပြချက်ကို ခိုင်မာစေခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ကျေးရွာခေါင်းဆောင်လည်းဖြစ်၊ Bussa နဲ့လည်း သူငယ်ချင်းအရင်းဖြစ်တဲ့ Venkat Goud ကလည်း သူ့သူငယ်ချင်းဟာ ထရမ့်ကြောင့် ကွယ်လွန်ခဲ့တာလို့ အတည်ပြုပါသတဲ့။

ရဲတပ်ဖွဲ့အဆိုအရတော့ Bussa ဟာ ပြီးခဲ့တဲ့နှစ်ပတ်က သူ့ရဲ့မိဘတွေရဲ့မွေးရပ်မြေကို သွားခဲ့ကြောင်း၊ အဲဒီက ပြန်အလာမှာ နှလုံးဖောက်ပြီး ကွယ်လွန်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ ထရမ့်ကြောင့် ကွယ်လွန်တာ ဟုတ်မဟုတ်ကိုတော့ ဘာမှ မှတ်ချက်မပေးခဲ့ဘဲ၊ နှလုံးဖောက်တယ်ဆိုတာကတော့ နှလုံးရောဂါအခံရှိသူတွေ အချိန်မရွေးဖြစ်နိုင်ကြောင်း ပြောခဲ့ပါသတဲ့။

ဘာသာပြန် – လင်းဇော်ကို

Ref ; AsiaOne

Zawgyi

အိႏၵိယႏုိင္ငံက ရြာသားတစ္ေယာက္ဟာ သမၼတထရမ့္ကို နတ္ဘုရားအျဖစ္ ကိုးကြယ္ ပူေဇာ္ပသေနသူ ျဖစ္ပါတယ္။ သူ႕ဆီမွာ သမၼတထရမ့္ရဲ႕ပုံစံတူ ႐ုပ္တုလည္း ရွိေနၿပီး၊ အဲဒီ႐ုပ္တုႀကီးေရွ႕မွာ သူတုိ႕မိသားစု ကံေကာင္းပါေစ၊ လာဘ္လာဘေတြ တုိးပြားပါေစဆုိၿပီး အၿမဲတမ္း ပန္းေရခ်မ္း၊ ထမင္း၊ စားစရာေတြနဲ႔ ပူေဇာ္ေလ့ ရွိပါတယ္။

အဆုိပါ အမ်ိဳးသားဟာ မၾကာေသးခင္ကပဲ ႏွလုံး႐ုတ္တရက္ ရပ္တန္႔ၿပီး ဘဝတစ္ပါးကုိ ကူးေျပာင္းသြားခဲ့ပါတယ္။ နယ္ေျမခံ သတင္းစာေတြကေတာ့ အဲဒီရြာသား ဒီလုိျဖစ္သြားတာ ထရမ့္အတြက္ အစုိးရိမ္လြန္ၿပီး ျဖစ္ရတာလုိ႔ ဆုိပါတယ္။ အဆုိပါရြာသားဟာ သမၼတထရမ့္ ကိုဗစ္ကူးစက္ခံရတယ္ဆုိတဲ့ သတင္းၾကားၿပီးေနာက္ အႀကီးအက်ယ္ စိတ္ဓာတ္က်ၿပီး၊ အစားမမွန္ အအိပ္မမွန္ ျဖစ္ခဲ့ရတယ္လုိ႔ ဆုိပါတယ္။

အဲဒီေနာက္ သူ ဘဝကူးခဲ့ရတာပါ။ ဒါေပမယ့္ လူမႈကြန္ရက္ေပၚမွာေတာ့ ေဝဖန္သူေတြက အထက္ပါ သတင္းကို ဖြသတင္းလုိ႔ ဆုိၾကပါတယ္။ ကြယ္လြန္သူအေနနဲ႔ ထရမ့္ကို နတ္ဘုရားကဲ့သုိ႔ ကုိးကြယ္တယ္ဆုိတာ မွန္ေသာ္လည္း၊ ထရမ့္ကိုဗစ္ျဖစ္လုိ႔ သူ ႏွလုံးေဖာက္သြားတယ္ဆုိတာ မဟုတ္ႏုိင္ေၾကာင္း၊ အနည္းငယ္ေသာ အေၾကာင္းအရာကို မျဖစ္ျဖစ္ေအာင္ တုိက္ဆုိင္လုိက္တာလုိ႔ ေဝဖန္ေနၾကတာပါ။

ရြာသားရဲ႕အမည္ကေတာ့ Bussa Krishna ျဖစ္ပါတယ္။ သမၼတထရမ့္ကို ကုိးကြယ္ခဲ့တဲ့လုပ္ရပ္ေၾကာင့္ သူဟာ အဲဒီေဒသမွာ လူသိမ်ားခဲ့သူပါ။ သူဟာ ေတာင္ပိုင္းျပည္နယ္္တစ္ခုျဖစ္တဲ့ Telangana ျပည္နယ္အတြင္းက Konney အမည္ရ ရြာေလးမွာ ေနထုိင္သူပါ။ သူဟာ လြန္ခဲ့တဲ့(၄)ႏွစ္ကတည္းက အိပ္မက္အရဆုိၿပီး ထရမ့္ကို ႐ုပ္တုထုၿပီး ကုိးကြယ္ခဲ့သူပါ။

Bussa ဟာ သူမကြယ္လြန္ခင္မွာ ထရမ့္အျမန္က်န္းမာပါေစေၾကာင္း ဆုေတာင္းထားတဲ့ ဗြီဒီယုိကုိ တင္ခဲ့ပါေသးတယ္။ ဒါကလည္း သူကြယ္လြန္တာ ထရမ့္အတြက္ အစုိးရိမ္လြန္လုိ႔ဆုိတဲ့ အေၾကာင္းျပခ်က္ကို ခုိင္မာေစခဲ့တယ္လုိ႔ သတင္းေတြက ဆုိပါတယ္။ ေက်းရြာေခါင္းေဆာင္လည္းျဖစ္၊ Bussa နဲ႔လည္း သူငယ္ခ်င္းအရင္းျဖစ္တဲ့ Venkat Goud ကလည္း သူ႕သူငယ္ခ်င္းဟာ ထရမ့္ေၾကာင့္ ကြယ္လြန္ခဲ့တာလုိ႔ အတည္ျပဳပါသတဲ့။

ရဲတပ္ဖြဲ႕အဆုိအရေတာ့ Bussa ဟာ ၿပီးခဲ့တဲ့ႏွစ္ပတ္က သူ႔ရဲ႕မိဘေတြရဲ႕ေမြးရပ္ေျမကို သြားခဲ့ေၾကာင္း၊ အဲဒီက ျပန္အလာမွာ ႏွလုံးေဖာက္ၿပီး ကြယ္လြန္ခဲ့တာျဖစ္ေၾကာင္း ေျပာပါတယ္။ ထရမ့္ေၾကာင့္ ကြယ္လြန္တာ ဟုတ္မဟုတ္ကိုေတာ့ ဘာမွ မွတ္ခ်က္မေပးခဲ့ဘဲ၊ ႏွလုံးေဖာက္တယ္ဆုိတာကေတာ့ ႏွလုံးေရာဂါအခံရွိသူေတြ အခ်ိန္မေရြးျဖစ္ႏုိင္ေၾကာင္း ေျပာခဲ့ပါသတဲ့။

ဘာသာျပန္ – လင္းေဇာ္ကုိ

Ref ; AsiaOne