သင်မသိသေးတဲ့ မင်းသမီးချော Gal Gadot ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက် (၇)ချက်

မင်္ဂလာပါ။ သင်္ကေတချယ်နယ်ရဲ့ ရွှေဉာဏ်ရှင်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အခုတစ်ခေါက်တင်ဆက်ပေးသွားမှာကတော့ လူငယ်တွေ အားလုံးလိုလို ကြိုက်နှစ်သက်ကြတဲ့ အစ္စရေးမင်းသမီး Gal Gadot ရဲ့ စိတ်ဝင်စားစရာကောင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။

Gal Gadot ဟာ စူပါဟီးရိုးဇာတ်ကောင်တစ်ခုဖြစ်တဲ့ Wonder Woman ဇာတ်ကောင်နဲ့ ကမ္ဘာကျော်မင်းသမီးတစ်ယောက်ဖြစ်လာခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ မင်းသမီး Gal Gadot မှာလည်း သင်လုံးဝမသိသေးတဲ့ စိတ်ဝင်စားစရာကေင်းတဲ့ အချက်တွေရှိပါသေးတယ်။ အဲဒီအချက်တွေကတော့ –

၁- အနုပညာလောကထဲကို မော်ဒယ်အဖြစ် ဝင်ရောက်ခဲ့သူ

အခုလို ကမ္ဘာကျော်မင်းသမီးတစ်ယောက်မဖြစ်ခင်အချိန်တုန်းက သူမဟာ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ Gal Gadot က Miss Israel ဆုရမော်ဒယ်တစ်ယောက်ဖြစ်နေပြီး မော်ဒယ်လောကမှာ နာမည်စရနေပါပြီ။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး W မဂ္ဂဇင်းနဲ့ သီးသန့်ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အခုလို ပြောခဲ့ပါတယ်။

“အဲဒါတွေ အားလုံးက ကျွန်မ အသက် ၁၈ နှစ်တုန်းကပါ။ အဲဒီတုန်းက အထက်တန်းကျောင်းလည်း အောင်ခါကစအချိန်လည်းဖြစ်တယ်။ နောက်ပြီး အချိန်တွေလည်း အရမ်းကိုပိုလျှံနေတဲ့ကာလ လည်းဖြစ်တယ်။ မော်ဒယ်တွေ စရွေးစဉ်အချိန်တုန်းက ကျွန်မ အမေက ကျွန်မဓာတ်ပုံတွေကို မော်ဒယ်လျှောက်လွှာနဲ့ တင်ပေးလိုက်တယ်လေ ”

တကယ်တော့ Gal Gadotက မော်ဒယ်တစ်ယောက်ဖြစ်ရမှာကို အလွန်ရှက်ရွံသူတစ်ယောက်ဖြစ်ပြီး သရဖူတွေကို ပိုင်ဆိုင်ခွင့်ရမယ်လို့လည်း တစ်ခါမှ မတွေးမိခဲ့ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။

“ကျွန်မ ပြိုင်ပွဲကိုသွား ပြိုင်လိုက်တယ်။ ဒီအတိုင်းဘာမှမဟုတ်ဘူးဆိုပြီး သွားပြိုင်ခဲ့တာ။ ဘာဆုမှလည်း ရမယ်မထင်ထားခဲ့ဖူးဘူး။ ဒါပေမယ့် အခုလို ဆုရခဲ့ချိန်မှာတော့ အတော်လေးကို တုန်လှုပ်သွားမိတယ်။ ခဏနေပါဦး။ ငါက မစ္စအစ္စရေးဖြစ်သွားပြီလားလို့တောင် တွေးမိလိုက်သေးတယ်။ ဒါတွေက အိပ်မက်တစ်ခုလိုပါပဲ” လို့ သူမရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။

၂- Miss Universe ဆုမရချင်လို့ ပေါက်ကရတွေ လုပ်ခဲ့သူ

နိုင်ငံကိုယ်စားပြု Miss တစ်ယောက်ဖြစ်လာခဲ့တဲ့ သူမက တခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရမယ့် Miss Universe ကို သွားပြိုင်ခဲ့ရပါတယ်။ ဒီလိုမျိုးမယ်တစ်ယောက်အဖြစ် သူမ တစ်ခါမှ မလုပ်ချင်ခဲ့ဘဲ ပရိသတ်တွေနဲ့ ဒိုင်လူကြီးတွေက တင်ပေးလိုက်တဲ့ Miss အစ္စရေးဖြစ်နေသူ Gal Gadot က Miss Universe ပြိုင်ပွဲမှာလည်း ဆုတွေထပ်မလိုချင်တော့တာကြောင့် ပေါက်တက်ကရတွေကို ရည်ရွယ်ချက်ရှိရှိလျှောက်လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

“ကျွန်မ Miss Universe ရောက်သွားတော့ အကုန်လုံးသောင်းကျန်းတော့တာပဲ။ သူတို့က ကျွန်မကို နောက်ထပ်ရွေးချယ်သွားမှာ ကြောက်လန့်နေတယ်လေ။အဲဒီတော့ ကျွန်မက အလုပ်လုပ်ရမယ့်အချိန်တွေဆိုလည်း တမင်နောက်ကျအောင်သွားတယ်။ ဝတ်ကို ဝတ်ရမယ်ဆိုတဲ့ ဝတ်ရုံတွေ၊ ဝတ်စုံ မပါဘဲနဲ့လည်း လာချင်လာတတ်တယ်”

Gal Gadot က Miss Universe ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့ပေမယ့်လည်း သူမမျှော်လင့်ထားသလို ဘာဆုတံဆိပ်မှ မရရှိခဲ့ပါဘူး။

၃- ရှေ့နေ့တစ်ယောက်ဖြစ်ချင်ခဲ့သူ

Gal Gadot က အခုလို ကမ္ဘာကျော်မင်းသမီးတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ သူမကို သူမတစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။ သူမရဲ့ဘဝရည်မှန်းချက်ကတော့ ထူးချွန်တဲ့ရှေ့နေတစ်ယောက်ဖြစ်ဖို့ပါပဲ။ ဒါကြောင့် သူမ အလွန်အောင်မြင်တဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ချိန်မှာတော့ ရှေ့နေဘာသာရပ်တွေကို လက်မလွှတ်ခဲ့ဘဲ တကူးတက ပြန်လည် သင်ကြားခဲ့ပါသေးတယ်။

၄- James Bond မင်းသမီးဖြစ်ချင်ခဲ့သူ

Gal Gadot ရဲ့ ရုပ်ရှင်မင်းသမီးအဖြစ် ပထမဆုံးအရွေးခံခဲ့တဲ့ ရုပ်ရှင်ကတော့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ “Quantum of Solace”အတွက်ဖြစ်ပါတယ်။ သူမက အဲဒီရုပ်ရှင်ထဲမှာ Camille Montes ဇာတ်ကောင်အတွက် သရုပ်ဆောင်ချင်ခဲ့တာပါ။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ အဲဒီဇာတ်ရုပ်နေရာကို မင်းသမီး Olga Kurylenkoက ရရှိသွားပြီး Gal Gadot လည်း သရုပ်ဆောင်ခွင့်မရရှိလိုက်ပါဘူး။ Gal Gadot လည်းပဲ သူမရဲ့ လူရွေးပွဲကနေ သင်ခန်းစာရယူခဲ့ပြီး ပိုကောင်းတဲ့မင်းသမီးတစ်ယောက်ဖြစ်လာအောင် ကြိုးစားခွင့်ရရှိလိုက်ပါတယ်။

ဒီနောက်မှာတော့ “The Fast and the Furious” ရုပ်ရှင်ကားတွေထဲမှာ Gisele Yashar အဖြစ် ပထမဆုံးစတင်သရုပ်ဆောင်ခွင့်ရရှိခဲ့ပြီး ရုပ်ရှင်လောကကို စတင်ရောက်ရှိလာခဲ့ပါတော့တယ်။

၅- စစ်တပ်အတွင်းက တိုက်ခိုက်ရေးသင်တန်းဆရာမဘဝ

သူမက အစ္စရေးနိုင်ငံသားတစ်ယောက်အနေနဲ့ အစ္စရေးစစ်တပ်အတွင်းမှာ တိုက်ခိုက်ရေးသင်တန်းဆရာမတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် အစ္စရေး-ဟီဇဘိုလာစစ်ပွဲအတွင်းမှာ ၂ နှစ်ကြာအောင်အထိ စစ်တပ်အတွင်းက တာဝန်ကျနေတဲ့ စစ်သည်တွေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် ကျွမ်းဘားအားကစားနဲ့ ကြွက်သားအဖုအထစ်တွေအတွက် လေ့ကျင့်ခန်းတွေကို သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

ဒီလို Gal Gadot ရဲ့ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိခဲ့ခြင်းတွေက နောင်တစ်ချိန် ရုပ်ရှင်ကားတွေရိုက်ကူးလာခဲ့ချိန်မှာတော့ များစွာအထောက်အကူဖြစ်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် Forward မဂ္ဂဇင်းနဲ့ လုပ်ခဲ့တဲ အင်တာဗျုးတစ်ခုမှာတော့ Fast & Furious ရုပ်ရှင်ကားဒါရိုက်တာက သူမရဲ့ စစ်လက်နက်တွေနဲ့ အကျွမ်းတဝင်ရှိနေခြင်းကို ရုပ်ရှင်ကားထဲမှာ ကောင်းကောင်းကြီးအသုံးချခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။

၆- သရုပ်ဆောင်လောကက နှုတ်ထွက်မလိုဖြစ်ခဲ့ဖူး

၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ တူဒေးမီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျုးမှာတော့ Gal Gadot က “Batman v Superman” မရိုက်ခင်အချိန်တုန်းက ရုပ်ရှင်လောက ကနေ နှုတ်ထွက်ပြီး ဥပဒေသင်တန်းကျောင်းဆီပဲ ပြန်တက်ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုဖြစ်ရတာကလည်း ရုပ်ရှင်ကားကြီးတွေဆီ ပါဝင်ဖို့ သူမဘက်က စပြီး ကမ်းလှမ်းမှုတွေလုပ်ခဲ့ပေမယ့် ရုပ်ရှင်ကုမ္ပဏီတွေက သူမကို ငြင်းဆန်ခဲ့တာကြောင့် လက်လျော့လုမတတ်အခြေအနေတွေဖြစ်သွားခဲ့ပါတယ်။

“အဲဒီအချိန်တုန်းက ကျွန်မအတွက် အရာရာအတွက် ‘နိုး’ ဆိုတဲ့ အသံတွေချည်းပဲ ရရှိနေခဲ့တယ်။ ဒီကမ္ဘာကြီးပေါ်က အငြင်းငယ်ခံရမှုပေါင်းများစွာကို ရရှိခဲ့တဲ့အချိန်တွေပါပဲ။ ကျွန်မ မိသားစုကို ဒုက္ခပေးနေမယ့်အစား အိမ်ကိုပြန်ပြီးတော့ ဥပဒေကျောင်းပဲ ဆက်တက်ကောင်းတက်ရင် ကောင်းမလားဆိုတဲ့အထိ တွေးဖြစ်ခဲ့တယ်”လို့ သူမ ဖြတ်ကျော်လာခဲ့ရတာတွေကို ပြောပြခဲ့ပါတယ်။

၇- Wonder Woman ရုပ်ရှင်အတွက် လေ့ကျင့်ရေးလုပ်နေစဉ်အတွင်း ကြွက်သား ၁၇ ပေါင်ခန့် တိုးလာခဲ့

Wonder Woman ရုပ်ရှင် Gal Gadot ကို ကမ္ဘာကျော်မင်းသမီးတစ်ယောက်ဖြစ်အောင်လုပ်ဆောင်ပေးလိုက်တဲ့ ရုပ်ရှင်တစ်ကားအပြင် သူမရဲ့ ခန္ဓာကိုယ်အတွက်ပါ သိသိသာသာ ပြောင်းလဲပေးသွားစေတဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ အတိုက်အခိုက်၊ အသတ်အပုတ်တွေများတဲ့ ဒီရုပ်ရှင်ကားက ရုပ်ရှင်ရိုက်ကူးရေးတွေ စတင်မီအချိန်ကတည်းက လေ့ကျင့်ခန်းပေါင်းများစွာကို အပြင်မှာ တကယ်လုပ်ခဲ့ရပြီး အဲဒီကနေ Gal Gadot ဟာ ကြွက်သားတွေ တိုးပွားလာခဲ့ပါတယ်။

“ကျွန်မ ဒီရုပ်ရှင်ရိုက်ဖို့ အချိန် ၆ လလောက်ကို တစ်နေ့ ၆ နာရီနှုန်းနဲ့ လေ့ကျင့်ခန်းတွေ ဆက်တိုက်လုပ်ခဲ့ရတယ်။ အဲဒီ ၆ နာရီထဲမှာ ၂ နာရီက Gym ကစားတယ်၊ နောက် ၂ နာရီကတော့ တိုက်ခိုက်ရေးပညာတွေကို သင်ကြားရတယ်။ နောက်ကျန်တဲ့ အချိန်တွေကတော့ မြင်းစီးသင်တာပေါ့။ ဒီလေ့ကျင့်ချိန်တွေက ကျွန်မ စစ်တပ်ထဲ တာဝန်ထမ်းဆောင်စဉ်အချိန်တွေထက်တောင် အများကြီး ပို ပင်ပန်းပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ref- insider

Zawgyi

မဂၤလာပါ။ သေကၤတခ်ယ္နယ္ရဲ႕ ေ႐ႊဉာဏ္ရွင္ကေန ျပန္လည္ႀကိဳဆိုလိုက္ပါတယ္။ အခုတစ္ေခါက္တင္ဆက္ေပးသြားမွာကေတာ့ လူငယ္ေတြ အားလုံးလိုလို ႀကိဳက္ႏွစ္သက္ၾကတဲ့ အစၥေရးမင္းသမီး Gal Gadot ရဲ႕ စိတ္ဝင္စားစရာေကာင္တဲ့ အခ်က္ေတြပဲျဖစ္ပါတယ္။

Gal Gadot ဟာ စူပါဟီး႐ိုးဇာတ္ေကာင္တစ္ခုျဖစ္တဲ့ Wonder Woman ဇာတ္ေကာင္နဲ႔ ကမာၻေက်ာ္မင္းသမီးတစ္ေယာက္ျဖစ္လာခဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ မင္းသမီး Gal Gadot မွာလည္း သင္လုံးဝမသိေသးတဲ့ စိတ္ဝင္စားစရာေကင္းတဲ့ အခ်က္ေတြရွိပါေသးတယ္။ အဲဒီအခ်က္ေတြကေတာ့ –

၁- အႏုပညာေလာကထဲကို ေမာ္ဒယ္အျဖစ္ ဝင္ေရာက္ခဲ့သူ

အခုလို ကမာၻေက်ာ္မင္းသမီးတစ္ေယာက္မျဖစ္ခင္အခ်ိန္တုန္းက သူမဟာ ေမာ္ဒယ္တစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ၂၀၀၄ ခုႏွစ္မွာ Gal Gadot က Miss Israel ဆုရေမာ္ဒယ္တစ္ေယာက္ျဖစ္ေနၿပီး ေမာ္ဒယ္ေလာကမွာ နာမည္စရေနပါၿပီ။ ဒီအေၾကာင္းေတြနဲ႔ပတ္သက္ၿပီး W မဂၢဇင္းနဲ႔ သီးသန႔္ျပဳလုပ္ခဲ့တဲ့ ေတြ႕ဆုံေမးျမန္းခန္းတစ္ခုမွာ အခုလို ေျပာခဲ့ပါတယ္။

“အဲဒါေတြ အားလုံးက ကြၽန္မ အသက္ ၁၈ ႏွစ္တုန္းကပါ။ အဲဒီတုန္းက အထက္တန္းေက်ာင္းလည္း ေအာင္ခါကစအခ်ိန္လည္းျဖစ္တယ္။ ေနာက္ၿပီး အခ်ိန္ေတြလည္း အရမ္းကိုပိုလွ်ံေနတဲ့ကာလ လည္းျဖစ္တယ္။ ေမာ္ဒယ္ေတြ စေ႐ြးစဥ္အခ်ိန္တုန္းက ကြၽန္မ အေမက ကြၽန္မဓာတ္ပုံေတြကို ေမာ္ဒယ္ေလွ်ာက္လႊာနဲ႔ တင္ေပးလိုက္တယ္ေလ ”

တကယ္ေတာ့ Gal Gadotက ေမာ္ဒယ္တစ္ေယာက္ျဖစ္ရမွာကို အလြန္ရွက္႐ြံသူတစ္ေယာက္ျဖစ္ၿပီး သရဖူေတြကို ပိုင္ဆိုင္ခြင့္ရမယ္လို႔လည္း တစ္ခါမွ မေတြးမိခဲ့ဖူးသူတစ္ေယာက္လည္းျဖစ္ပါတယ္။

“ကြၽန္မ ၿပိဳင္ပြဲကိုသြား ၿပိဳင္လိုက္တယ္။ ဒီအတိုင္းဘာမွမဟုတ္ဘူးဆိုၿပီး သြားၿပိဳင္ခဲ့တာ။ ဘာဆုမွလည္း ရမယ္မထင္ထားခဲ့ဖူးဘူး။ ဒါေပမယ့္ အခုလို ဆုရခဲ့ခ်ိန္မွာေတာ့ အေတာ္ေလးကို တုန္လႈပ္သြားမိတယ္။ ခဏေနပါဦး။ ငါက မစၥအစၥေရးျဖစ္သြားၿပီလားလို႔ေတာင္ ေတြးမိလိုက္ေသးတယ္။ ဒါေတြက အိပ္မက္တစ္ခုလိုပါပဲ” လို႔ သူမရဲ႕ အေတြ႕အႀကဳံေတြကို ေျပာျပခဲ့ပါတယ္။

၂- Miss Universe ဆုမရခ်င္လို႔ ေပါက္ကရေတြ လုပ္ခဲ့သူ

ႏိုင္ငံကိုယ္စားျပဳ Miss တစ္ေယာက္ျဖစ္လာခဲ့တဲ့ သူမက တျခားႏိုင္ငံေတြနဲ႔ ယွဥ္ၿပိဳင္ရမယ့္ Miss Universe ကို သြားၿပိဳင္ခဲ့ရပါတယ္။ ဒီလိုမ်ိဳးမယ္တစ္ေယာက္အျဖစ္ သူမ တစ္ခါမွ မလုပ္ခ်င္ခဲ့ဘဲ ပရိသတ္ေတြနဲ႔ ဒိုင္လူႀကီးေတြက တင္ေပးလိုက္တဲ့ Miss အစၥေရးျဖစ္ေနသူ Gal Gadot က Miss Universe ၿပိဳင္ပြဲမွာလည္း ဆုေတြထပ္မလိုခ်င္ေတာ့တာေၾကာင့္ ေပါက္တက္ကရေတြကို ရည္႐ြယ္ခ်က္ရွိရွိေလွ်ာက္လုပ္ခဲ့ရတယ္လို႔ သိရပါတယ္။

“ကြၽန္မ Miss Universe ေရာက္သြားေတာ့ အကုန္လုံးေသာင္းက်န္းေတာ့တာပဲ။ သူတို႔က ကြၽန္မကို ေနာက္ထပ္ေ႐ြးခ်ယ္သြားမွာ ေၾကာက္လန႔္ေနတယ္ေလ။အဲဒီေတာ့ ကြၽန္မက အလုပ္လုပ္ရမယ့္အခ်ိန္ေတြဆိုလည္း တမင္ေနာက္က်ေအာင္သြားတယ္။ ဝတ္ကို ဝတ္ရမယ္ဆိုတဲ့ ဝတ္႐ုံေတြ၊ ဝတ္စုံ မပါဘဲနဲ႔လည္း လာခ်င္လာတတ္တယ္”

Gal Gadot က Miss Universe ၿပိဳင္ပြဲမွာဝင္ၿပိဳင္ခဲ့ေပမယ့္လည္း သူမေမွ်ာ္လင့္ထားသလို ဘာဆုတံဆိပ္မွ မရရွိခဲ့ပါဘူး။

၃- ေရွ႕ေန႔တစ္ေယာက္ျဖစ္ခ်င္ခဲ့သူ

Gal Gadot က အခုလို ကမာၻေက်ာ္မင္းသမီးတစ္ေယာက္ျဖစ္လာလိမ့္မယ္လို႔ သူမကို သူမတစ္ခါမွ မေတြးမိခဲ့ဖူးပါဘူး။ သူမရဲ႕ဘဝရည္မွန္းခ်က္ကေတာ့ ထူးခြၽန္တဲ့ေရွ႕ေနတစ္ေယာက္ျဖစ္ဖို႔ပါပဲ။ ဒါေၾကာင့္ သူမ အလြန္ေအာင္ျမင္တဲ့ ႐ုပ္ရွင္မင္းသမီးတစ္ေယာက္ျဖစ္လာခဲ့ခ်ိန္မွာေတာ့ ေရွ႕ေနဘာသာရပ္ေတြကို လက္မလႊတ္ခဲ့ဘဲ တကူးတက ျပန္လည္ သင္ၾကားခဲ့ပါေသးတယ္။

၄- James Bond မင္းသမီးျဖစ္ခ်င္ခဲ့သူ

Gal Gadot ရဲ႕ ႐ုပ္ရွင္မင္းသမီးအျဖစ္ ပထမဆုံးအေ႐ြးခံခဲ့တဲ့ ႐ုပ္ရွင္ကေတာ့ ဂ်ိမ္းစ္ဘြန္း႐ုပ္ရွင္ကားတစ္ကားျဖစ္တဲ့ “Quantum of Solace”အတြက္ျဖစ္ပါတယ္။ သူမက အဲဒီ႐ုပ္ရွင္ထဲမွာ Camille Montes ဇာတ္ေကာင္အတြက္ သ႐ုပ္ေဆာင္ခ်င္ခဲ့တာပါ။ ဒါေပမယ့္ ကံဆိုးစြာနဲ႔ပဲ အဲဒီဇာတ္႐ုပ္ေနရာကို မင္းသမီး Olga Kurylenkoက ရရွိသြားၿပီး Gal Gadot လည္း သ႐ုပ္ေဆာင္ခြင့္မရရွိလိုက္ပါဘူး။ Gal Gadot လည္းပဲ သူမရဲ႕ လူေ႐ြးပြဲကေန သင္ခန္းစာရယူခဲ့ၿပီး ပိုေကာင္းတဲ့မင္းသမီးတစ္ေယာက္ျဖစ္လာေအာင္ ႀကိဳးစားခြင့္ရရွိလိုက္ပါတယ္။

ဒီေနာက္မွာေတာ့ “The Fast and the Furious” ႐ုပ္ရွင္ကားေတြထဲမွာ Gisele Yashar အျဖစ္ ပထမဆုံးစတင္သ႐ုပ္ေဆာင္ခြင့္ရရွိခဲ့ၿပီး ႐ုပ္ရွင္ေလာကကို စတင္ေရာက္ရွိလာခဲ့ပါေတာ့တယ္။

၅- စစ္တပ္အတြင္းက တိုက္ခိုက္ေရးသင္တန္းဆရာမဘဝ

သူမက အစၥေရးႏိုင္ငံသားတစ္ေယာက္အေနနဲ႔ အစၥေရးစစ္တပ္အတြင္းမွာ တိုက္ခိုက္ေရးသင္တန္းဆရာမတစ္ေယာက္အေနနဲ႔ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ၂၀၀၆ ခုႏွစ္ အစၥေရး-ဟီဇဘိုလာစစ္ပြဲအတြင္းမွာ ၂ ႏွစ္ၾကာေအာင္အထိ စစ္တပ္အတြင္းက တာဝန္က်ေနတဲ့ စစ္သည္ေတြရဲ႕ ခႏၶာကိုယ္ႀကံ့ခိုင္မႈအတြက္ ကြၽမ္းဘားအားကစားနဲ႔ ႂကြက္သားအဖုအထစ္ေတြအတြက္ ေလ့က်င့္ခန္းေတြကို သင္ၾကားေပးခဲ့တယ္လို႔ သိရပါတယ္။

ဒီလို Gal Gadot ရဲ႕ စစ္တပ္မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အေတြ႕အႀကဳံေတြ ရွိခဲ့ျခင္းေတြက ေနာင္တစ္ခ်ိန္ ႐ုပ္ရွင္ကားေတြ႐ိုက္ကူးလာခဲ့ခ်ိန္မွာေတာ့ မ်ားစြာအေထာက္အကူျဖစ္ခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္ Forward မဂၢဇင္းနဲ႔ လုပ္ခဲ့တဲ အင္တာဗ်ဳးတစ္ခုမွာေတာ့ Fast & Furious ႐ုပ္ရွင္ကားဒါ႐ိုက္တာက သူမရဲ႕ စစ္လက္နက္ေတြနဲ႔ အကြၽမ္းတဝင္ရွိေနျခင္းကို ႐ုပ္ရွင္ကားထဲမွာ ေကာင္းေကာင္းႀကီးအသုံးခ်ခဲ့တယ္လို႔ ေျဖၾကားခဲ့ပါတယ္။

၆- သ႐ုပ္ေဆာင္ေလာကက ႏႈတ္ထြက္မလိုျဖစ္ခဲ့ဖူး

၂၀၁၇ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ တူေဒးမီဒီယာနဲ႔ ျပဳလုပ္ခဲ့တဲ့အင္တာဗ်ဳးမွာေတာ့ Gal Gadot က “Batman v Superman” မ႐ိုက္ခင္အခ်ိန္တုန္းက ႐ုပ္ရွင္ေလာက ကေန ႏႈတ္ထြက္ၿပီး ဥပေဒသင္တန္းေက်ာင္းဆီပဲ ျပန္တက္ရေတာ့မယ့္ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဒီလိုျဖစ္ရတာကလည္း ႐ုပ္ရွင္ကားႀကီးေတြဆီ ပါဝင္ဖို႔ သူမဘက္က စၿပီး ကမ္းလွမ္းမႈေတြလုပ္ခဲ့ေပမယ့္ ႐ုပ္ရွင္ကုမၸဏီေတြက သူမကို ျငင္းဆန္ခဲ့တာေၾကာင့္ လက္ေလ်ာ့လုမတတ္အေျခအေနေတြျဖစ္သြားခဲ့ပါတယ္။

“အဲဒီအခ်ိန္တုန္းက ကြၽန္မအတြက္ အရာရာအတြက္ ‘ႏိုး’ ဆိုတဲ့ အသံေတြခ်ည္းပဲ ရရွိေနခဲ့တယ္။ ဒီကမာၻႀကီးေပၚက အျငင္းငယ္ခံရမႈေပါင္းမ်ားစြာကို ရရွိခဲ့တဲ့အခ်ိန္ေတြပါပဲ။ ကြၽန္မ မိသားစုကို ဒုကၡေပးေနမယ့္အစား အိမ္ကိုျပန္ၿပီးေတာ့ ဥပေဒေက်ာင္းပဲ ဆက္တက္ေကာင္းတက္ရင္ ေကာင္းမလားဆိုတဲ့အထိ ေတြးျဖစ္ခဲ့တယ္”လို႔ သူမ ျဖတ္ေက်ာ္လာခဲ့ရတာေတြကို ေျပာျပခဲ့ပါတယ္။

၇- Wonder Woman ႐ုပ္ရွင္အတြက္ ေလ့က်င့္ေရးလုပ္ေနစဥ္အတြင္း ႂကြက္သား ၁၇ ေပါင္ခန႔္ တိုးလာခဲ့

Wonder Woman ႐ုပ္ရွင္ Gal Gadot ကို ကမာၻေက်ာ္မင္းသမီးတစ္ေယာက္ျဖစ္ေအာင္လုပ္ေဆာင္ေပးလိုက္တဲ့ ႐ုပ္ရွင္တစ္ကားအျပင္ သူမရဲ႕ ခႏၶာကိုယ္အတြက္ပါ သိသိသာသာ ေျပာင္းလဲေပးသြားေစတဲ့ ႐ုပ္ရွင္တစ္ကားျဖစ္ခဲ့ပါတယ္။ အတိုက္အခိုက္၊ အသတ္အပုတ္ေတြမ်ားတဲ့ ဒီ႐ုပ္ရွင္ကားက ႐ုပ္ရွင္႐ိုက္ကူးေရးေတြ စတင္မီအခ်ိန္ကတည္းက ေလ့က်င့္ခန္းေပါင္းမ်ားစြာကို အျပင္မွာ တကယ္လုပ္ခဲ့ရၿပီး အဲဒီကေန Gal Gadot ဟာ ႂကြက္သားေတြ တိုးပြားလာခဲ့ပါတယ္။

“ကြၽန္မ ဒီ႐ုပ္ရွင္႐ိုက္ဖို႔ အခ်ိန္ ၆ လေလာက္ကို တစ္ေန႔ ၆ နာရီႏႈန္းနဲ႔ ေလ့က်င့္ခန္းေတြ ဆက္တိုက္လုပ္ခဲ့ရတယ္။ အဲဒီ ၆ နာရီထဲမွာ ၂ နာရီက Gym ကစားတယ္၊ ေနာက္ ၂ နာရီကေတာ့ တိုက္ခိုက္ေရးပညာေတြကို သင္ၾကားရတယ္။ ေနာက္က်န္တဲ့ အခ်ိန္ေတြကေတာ့ ျမင္းစီးသင္တာေပါ့။ ဒီေလ့က်င့္ခ်ိန္ေတြက ကြၽန္မ စစ္တပ္ထဲ တာဝန္ထမ္းေဆာင္စဥ္အခ်ိန္ေတြထက္ေတာင္ အမ်ားႀကီး ပို ပင္ပန္းပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

ref- insider