ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မက်ဆီရဲ့အသိအမှတ်ပြုခြင်းကို ခံခဲ့ရတဲ့ ယူနိုက်တက်

ကမ္ဘ္ဘာ့အကောင်းဆုံး ကစားသမားတဦးဖြစ်တဲ့ PSG တိုက်စစ်မှုး မက်ဆီကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းက အတောင့်တင့်ဆုံးလူစာရင်းကိုပိုင်ဆိုင်ပြီး ဖလားရဖို့ ရေပမ်းအစားဆုံးဖြစ်တဲ့ အသင်းတွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မက်ဆီက ၇သင်းကို ရေးပမ်းစားတဲ့အသင်းအဖြစ် သတ်မှတ်ခဲ့ပြီး အဆိုပါ စာရင်းထဲမှတော့ မန်ယူနိုက်တက်နဲ့ မန်စီးတီးနဲ့ချယ်ဆီးတို့ ပါဝင်ခဲ့ပေမယ့် လီဗာပူးလ်အသင်းကတော့ အံအားသင့်ဖွယ် ပါဝင်ခဲ့ခြင်း မရှိတာတွေ့ရပါတယ်။

ယူနိုက်တက်ကတော့ အုပ်စုအဖွင့်ပွဲမှာ ယန်းဘွိုင်းကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအတွင်းအကောင်းဆုံး အနေအထားမှာ ရှိမနေပေမယ့်လည်း မက်ဆီကတော့ ယူနိုက်တက်အသင်းကို ဖလားရဖို့ရေပမ်းစားတဲ့အသင်းတွေအထဲ ထည့်သွင်းထားပါတယ်။

မက်ဆီက “ချန်ပီယံလိဂ်ရဲ့ ရေပမ်းစားဆုံးအသင်းအဖြစ် PSG ကို ဗဟိုထားပြီး အာရုံစိုက်ခြင်းခံနေရတာတော့ အမှန်တရားပါပဲ။ဒါပေမယ့် တခြား အရမ်းကိုတောင့်တင်းတဲ့အသင်းတွေလည်း ရှိနေပါတယ်။ ဥပမာအားဖြင့် မန်စီးတီး၊မန်ယူ၊ ရီးရဲမက်ဒရစ်၊ ချယ်ဆီး၊ဘိုင်ယန်နဲ့ အင်တာမီလန်တို့ပါ။ ” ဟု ဆိုခဲ့ပါတယ်။

မက်ဆီဟာ ဒီနွေမှာ ဘာစီလိုနာအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် PSG အသင်းသို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ PSG ကတော့ အုပ်စုတွင်းမှာ မန်စီးတီးကို အနိုင်ရခဲ့လို့ဇယားထိပ်ဆုံးမှာဦးဆောင်နေပေမယ့် မက်ဆီရဲ့ အသင်းဟောင်း ဘာစီလိုနာကတော့ ၂ပွဲကစားပြီး တမှတ်မှမရသေးလို့ ယူရိုပါလိဂ်ကို ရောက်ရှိမယ့်အခြေအနေရှိပါတယ်။ဆက်လက်ပြီးမက်ဆီက PSG ရဲ့အဓိက ရည်မှန်းချက်နဲ့ သူ့ရဲ့ရည်ရွယ်ချက်နဲ့ ကိုက်ညီကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။

” ဒီမှာရှိတဲ့လူတိုင်းရဲ့အိမ်မက်က ချန်ပီယံလိဂ်ဆုဖလားကို ရရှိဖို့ပါ။ ဒီအတွက်လည်း ဦးတည်ပြီး ကလပ်အသင်းက ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ဖလားရဖို့ နီးစပ်ခဲ့ပါတယ်။ ကျနော့်ရဲ့တကိုယ်ရည်ရည်မှန်းချက်ကလည်း အတူတူပါပဲ။

ကျနော် ဘာစီလိုနာမှာကစားစဉ်အချိန်ကတည်းက ချန်ပီယံလိဂ်ဆုဖလားကို ထပ်လိုချင်ပါတယ်။ဒါဟာ အရမ်းကိုကောင်းသလို ရဖို့လည်း အရမ်းကိုခက်ခဲ့လှပါတယ်။ဒါပေမယ့် ကျနော့်တို့ရဲ့ကစားသမားအစုအဖွဲ့နဲ့ဆိုရင် ချန်ပီယံလိဂ်ဆုဖလားကို ရယူဖို့ လက်နက်ပြည့်ပဲလို့ ထင်ပါတယ်။ ” ဟု မက်ဆီက ဆိုပါတယ်။

Unicode