လက်စတာနဲ့ ပွဲစဉ်အတွက် ယူနိုက်တက်ပရိတ်သတ်တွေထံ သတင်းစကားပါးလိုက်တဲ့ မားကပ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်ကတော့ လာမယ့်စနေနေ့မှာ ကစားရမယ့် ပရိးမီးယားလိဂ်ပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ နိုင်ငံတကာ ပွဲစဉ်တွေကြောင့် ကလပ်အသင်းပွဲစဉ်တွေကို ရပ်နားထားခဲ့ရပြီး၊ အသင်းမှာ ကျန်ရှိနေခဲ့တဲ့ ကစားသမားတွေနဲ့ အကောင်းဆုံး ကြိုဆင်ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဒဏ်ရာကနေ တကျော့ပြန်လာတဲ့ တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်အတွက် မြက်ခင်းပြင်နဲ့ လျင်မြန်စွာ အသားကျစေရန် ရည်ရွယ်ပြီး၊ ဘလက်ဘန်းအသင်းနဲ့ အို့ထရက်ဖို့ဒ်ကွင်းထဲ၌ တံခါးပိတ် ခြေစမ်းပွဲ ကစားခဲ့ပါတယ်။

၎င်းခြေစမ်းပွဲကိုတော့ နိုင်ငံလက်ရွေးစင်အသင်းတွေမှာ မပါဝင်ခဲ့တဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး၊ ယူနိုက်တက်အသင်းအတွက် တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်က သွင်းဂိုး(၂)ဂိုးအထိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

၎င်းကဲ့သို့ ဒဏ်ရာကနေ လပေါင်းမားစွာကြာမှ ပြန်လာခဲ့ပြီး၊ ပထမဆုံး ကစားခဲ့တဲ့ ပွဲမှာတင် ခြေစွမ်းပြ ဂိုးသွင်းနိုင်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် တကယ့်ကို အားရကျေနပ်စရာ ကောင်းလှပါတယ်။

မားကပ်ဟာ ယူရိုပြိုင်ပွဲပြီးဆုံးချိန် လက်ရှိဘောလုံး ရာသီမစခင်မှာ ဒဏ်ရာကို ခွဲစိတ်ကုသခဲ့တာ ဖြစ်ပြီး၊ မူလက ကြိုတင်တွက်ဆချက်အရ ကစားသမားရဲ့ ဒဏ်ရာ အရှင်းပျောက်ကင်းဖို့အတွက် ရာသီဝက်လောက်အထိ အနားယူရမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

သို့ပေမယ့်လည်း ကစားသမားရဲ့ မြက်ခင်းစိမ်းပေါ်ကို ပြန်လာချင်တဲ့ စိတ်ဓာတ်နဲ့ အတူ ကိုယ်တိုင် လေ့ကျင့်မှုတွေကြောင့် မျှော်လင့် ထားတဲ့အချိန်ထက် စောပြီး ဒဏ်ရာ ပျောက်ကင်းခဲ့ကာ၊ အသင်းနဲ့ အမြန်ဆုံး ပူးပေါင်းနိုင် ခဲ့တာ ဖြစ်ပါတယ်။

မားကပ်ရက်ရှ်ဖို့ဒ်ဟာ ၎င်းဒဏ်ရာကို ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ကတည်းက ရရှိခဲ့တာ ဖြစ်ပြီး၊ အသင်းရဲ့ ကစားသမား လိုအပ်ချက်ကြောင့်သာ ဒဏ်ရာကို ကုသခြင်းမပြုပဲ ဆက်လက် ကစားနေခဲ့တာ ဖြစ်ပါတယ်။

“ ကျွန်တော့်ရဲ့ ပုခုံး နောက်ကျောမှာ နာကျင်တဲ့ ဝေဒနာက ပြီးခဲ့တဲ့ နှစ်တွေမှာကတည်းက ဖြစ်ခဲ့တာပါ။ ကျွန်တော် အဲ့ဒီဒဏ်ရာနဲ့ (၉)လလောက်အထိ နာကျင်မှုကို အောင့်ပြီး ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ လုံးဝ ပျောက်ကင်းသွားခဲ့ပြီး၊ လွတ်လွတ်ဖြစ်သွားတဲ့ ခံစားချက်မျိုးကို အပြည့်အဝခံစားနေရပါတယ်၊

လာမယ့် ပွဲစဉ်တွေအတွက် အဆင်သင့်ဖြစ်နေပါပြီ” ဆိုပြီး မားကပ်ရက်ရှ်ဖို့ဒ် ကိုယ်တိုင် BBCရဲ့ မေးမြန်ခန်းမှာ ဖွင့်ဟခဲ့ ပါတယ်။ တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်ကတော့ လက်စတာနဲ့ပွဲစဉ်အတွက် ပွဲထွက်ပါဝင်လာဖို့ အဆင်သင့် ဖြစ်နေတာလည်း ဖြစ်ပါတယ်။

Unicode

Credit to Original