နယူးကာဆယ်အသင်းနဲ့ တရားဝင်သဘောတူညီမှု ရရှိတော့မယ့် အန်သိုနီ မာစီယဲလ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှုး အန်သိုနီ မာစီယဲလ်ရဲ့ အပြောင်းအရွေ့သတင်းတွေဟာ အင်္ဂလန်အခြေစိုက် Report တွေမှာတော့ ခပ်စိတ်စိတ် ဖော်ပြလာကြပါပြီ။

လက်ရှိ ထွက်ပေါ်လာတဲ့ Breaking News သတင်းအဖြစ် မာစီယဲလ်ဟာ ပရိးမီးယားလိဂ် ကလပ် နယူးကာဆယ် ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရယူဖို့အတွက် အလွန်နီးစပ်နေပြီ ဖြစ်ကြောင်းသိရပါတယ်။ ဒီအပြောင်းအရွေ့မှာ စိတ်ဝင်စားဖွယ် အချက်အလက်တွေ ပါဝင်နေခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဆီကို ပြီးခဲ့တဲ့ နွေအပြောင်းအရွေ့က တိုက်စစ်မှုး ဂျေဒန်ဆန်ချို နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ ရောက်ရှိလာခဲ့တာကြောင့် တိုက်စစ်မှုး မာစီယဲလ်အနေနဲ့ ပွဲထွက် ကစားခွင့်မှာ မရှိသလောက် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ မာစီယဲလ်ဟာ တောက်လျှောက် ပုံစံကောင်းတွေ ပြသနိုင်ခဲ့သလို၊ ယူနိုက်တက်အတွက် သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှုး တစ်ဦးဖြစ်ခဲ့ပါတယ်။

သို့ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းကောင်းကို တည်ညိမ်စွာ မထိမ်းသိမ်းနိုင်ခဲ့တာကြောင့် ပုံမှန်ခြေစွမ်းပြန်လည်ရရှိဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပွဲထွက်ကစားရတဲ့ မိနစ် နည်းပါးလွန်းနေတာကြောင့် လာမယ့် ဇန်နဝါရီမှာ အို့ထရက်ဖို့ဒ်ကို ကျောခိုင်းဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေဈေးကွက် မပိတ်ခင် နောက်ဆုံးရက်မှာတုန်းကလည်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ Philippe ကိုယ်တိုင် PSG အသင်းနဲ့ ချိတ်ဆက်မှု ပြုလုပ်ခဲ့ပြီး၊ PSGအသင်းဘက်က အငှားဖြင့်သာ ခေါ်ယူဖို့ ဆန္ဒရှိတာကြောင့် အပြောင်းအရွေ့ ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။


မန်ချက်စတာ ယူနိုက်တက်မှာ နေရာမရ ဖြစ်နေတဲ့ တိုက်စစ်မှုး အန်သိုနီ မာစီယဲလ်အား လာမယ့်ဇန်နဝါရီမှာ အပြီးသတ်ခေါ်ယူဖို့အတွက် ကာဆယ်အသင်းဘက်က တောက်လျှောက် ကြိုးစားလာတာ ဖြစ်သလို၊ ရက်ပိုင်းအတွင်းမှာပဲ ကစားသမားရဲ့အေးဂျင့် ဖြစ်သူနဲ့အတူ မန်ချက်စတာ ယူနိုက်တက် အသင်းကိုလည်း ချိတ်ဆက်မှုတွေ ပြုလုပ် လာတာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ အတွင်းသတင်းတွေကနေ ထွက်ပေါ်လာတဲ့ Reports တွေအရ မာစီယဲလ်ရဲ့ အပြောင်း အရွေ့ဟာ မကြာခင် ရက်ပိုင်း အတွင်းမှာ နယူးကာဆယ်အသင်းနဲ့ အကြို သဘောတူညီမှု ရရှိတော့ မယ်လို့ သိရပါတယ်။

အဓိကအားဖြင့် အန်သိုနီ မာစီယဲလ်ကို နယူးကာဆယ်အသင်းက မြင့်မားတဲ့ လုပ်ခလစာနဲ့ ယူနိုက်တက် အသင်းကိုလည်း ထိုက်တန်တဲ့ ပြောင်းရွေ့ကြေး ပေးကာ ကစားသမားကို ခေါ်ယူဖို့ စီစဉ်နေ တာလည်း ဖြစ်ပါတယ်.။

Unicode

Credit