လက်စတာနဲ့ ပွဲစဉ်မှာ ရင်လေးရအုံးမယ့် ယူနိုက်တက်နောက်တန်း

ယူနိုက်တက်အသင်းရဲ့ ပြင်သစ်သား နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဗာရန်းကတော့ နေရှင်းလိဂ်မှာ ပြင်သစ်အသင်းနဲ့ အတူ ဗိုလ်လုပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အဆိုပါပွဲစဉ်မှာ ဗာရန်း ဟာ ဘောလုံးရှင်းထုတ်မှုပြုလုပ်ရင်းဒဏ်ရာရခဲ့တာကြောင့် ပွဲကစားချိန်(၄၃)မိနစ်မှာ အူပါမီကာနို နဲ့ လူစားလဲခံခဲ့ရပါတယ်။

မန်ချက်စတာကို ပြန်လည်ရောက်ရှိတဲ့အချိန်မှာ ကာရင်တန်မှာ ဆေးစစ်မှာ ဖြစ်ပြီး လက်စတာနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ခြင်း ရှိမရှိကို သိရမှာပါ။ ပေါင်ခြံက ဒဏ်ရာက မပြင်းထန်ဖို့ မျှော်လင့်ရမှာပါ။ လက်စတာနဲ့ ပွဲမှာ ပါဝင်နိုင်မယ်လို့ တစ်ထစ်ချ ယုံကြည်ထားလို့ ရနိုင်တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူဖြစ်တဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားကလည်း လက်စတာနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာပါဘူး။ ယူနိုက်တက်နဲ့ အသေးစား လေ့ကျင့်မှုတွေ ပြုလုပ်နေပေမယ့် လုံလောက်တဲ့ ကြံခိုင်မှုတွေ မရှိသေးတဲ့ အတွက် လက်စတာနဲ့ ပွဲမှာ လွဲချော်နိုင်ချေရှိပါတယ်။

မက်ဂွိုင်းယားအနေနဲ့ကတော့ ယူနိုက်တက်နဲ့အတူ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်၊ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တို့ကို လွဲချော်ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင်အသင်းနဲ့အတူလည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ မက်ဂွိုင်းယားတစ်ယောက် ပူပေါင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

လက်စတာစီးတီးနဲ့ ယူနိုက်တက်အသင်းတို့ကတော့ အောက်တိုဘာ 16ရက်နေ့ မြန်မာစံတော်ချိန် 8နာရီခွဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် 8အဖြစ်ကစားကြမှာဘဲ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ အဓိက နောက်ခံလူတွေဖြစ်တဲ့ ဗာရန်းနဲ့ မက်ဂွိုင်းယားတို့ နှစ်ယောက် အဆိုပါပွဲစဉ်မှာ ပါဝင်လာနိုင်မလား စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။

Unicode

TSSoe