ဗာရန်းရဲ့ ဒဏ်ရာကြောင့် ကွင်းလယ်ပိုင်းအပြောင်းအလဲတစ်ခု မဖြစ်မနေပြုလုပ်ရမယ့် ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ လက်ရှိ ဘောလုံးရာသီမှာ အင်းအားတောင့်တင်းတဲ့ အနေအထားတွေ ပိုင်ဆိုင်ထား ပေမယ့်၊ ပွဲစဉ် အတော်များများမှာ ရုန်းကန် နေခဲ့ရ ပါတယ်။

အဓိက အားဖြင့် ကွင်းလယ် အဖျက် Defensive Midfield Role မှာ ပုံမှန် ပွဲထွက် ကစားရတဲ့ ကွင်းလယ်လူ ဖရက်ဒ်ရဲ့ စွမ်းဆောင်ရည်ဟာ ယူနိုက်တက် ပရိတ်သတ်တွေအတွက် အားမလို အားမရ ဖြစ်နေရတဲ့ အနေအထားတွေ ရှိနေ ပါတယ်။

အသင်းရဲ့ အဓိက ခံစစ်မှုးတစ်ဦးဖြစ်တဲ့ အသင်းခေါင်းဆောင် မက်ကွိုင်းယား ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ထဲမှာ ခြေသလုံး ကြွက်သား ဒဏ်ရာ ရရှိနေခဲ့တာကြောင့်၊ ပွဲစဉ်အချို့ လွဲချော် လျက်ရှိနေပြီး၊ ကစားသမားရဲ့ ပြန်လည်ပါဝင် ကစားနိုင်မယ့် အခြေအနေဟာလည်း ဝေးကွာ နေဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက် အသင်းမှာ အဓိက ပွဲထွက် ကစားပြီး ခြေစွမ်းပြသနေတဲ့ ခံစစ်မှုး တစ်ဦးဖြစ်သူ ရာဖေးလ် ဗာရန်းဟာလည်း ပြီးခဲ့တဲ့ စပိန်အသင်း နဲ့ ပြင်သစ်အသင်းတို့ရဲ့ နေရှင်းလိဂ် ဗိုလ်လုပွဲစဉ်မှာ ပထမပိုင်း ပွဲချိန်(၄၃)မိနစ်၌ ဘောလုံးရှင်းထုတ် ဖို့ကြိုးစားရင်း ပေါင်ခြံဒဏ်ရာ ရရှိခဲ့ ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တရားဝင် ထုတ်ပြန်ချက်အရ ဗာရန်းရဲ့ ဒဏ်ရာအခြေအနေ ကတော့ ပြင်းထန်မှု မရှိလှခဲ့ ပေမယ့်၊ ယခုတစ်ပတ် စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် လက်စတာ စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

လက်ရှိ အခြေအနေတွေ အရ ယူနိုက်တက် အသင်းရဲ့ အဓိက ဗဟိုခံစစ် အတွဲဖြစ်တဲ့ မက်ကွိုင်းယား နဲ့ ဗာရန်းတို့ ပါဝင် လာနိုင်မှာ မဟုတ်တဲ့အတွက် လက်စတာနဲ့ ပွဲစဉ်မှာတော့ ဆိုးလ်ရှားဟာ လင်ဒီလော့ဖ်+ဘိုင်လေ အတွဲကို အသုံးပြု ရတော့မှာ ဖြစ်ပါတယ်။

ဒီခံစစ်အတွဲရဲ့ ပြဿနာ တစ်ခုကတော့ ခံစစ်စွမ်းရည် ဟာ အနည်းငယ် အားနည်းနေတဲ့ အခြေအနေတွေ ဖြစ်နေခဲ့တာ ဖြစ်ပါ တယ်။

ဒါကြောင့်လည်း ဆိုးလ်ရှားအနေနဲ့ ခံစစ်ကို ဆင်းကူရမယ့် ကွင်းလယ်ခံစစ် Defensive Midfield Role ကို အကောင်းဆုံး ပြင်ဆင်နိုင်ဖို့ အရေးကြီး နေပါတယ်။

တစ်ဖက်မှာလည်း ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် ဥရုဂွေးအသင်းနဲ့ သောကြာနေ့မှာ ရင်ဆိုင် ကစားရဖို့ ရှိနေတာကြောင့် စနေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် ၎င်းတို့ရဲ့ ကစားသမားတွေကို စောပြီး ပြန်လွှတ်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားခဲ့ပါတယ်။

ဒါကြောင့်လည်း ဆိုလ်းရှား အနေနဲ့ ဖရက်ဒ် ပါဝင်ကစားနိုင်မှာ မဟုတ်တဲ့ ကွင်းလယ်ခံစစ်မှာ ဘယ်ကစာသမားကို အသုံးပြုလာမလဲ၊ သို့တည်းမဟုတ် (၄-၃-၃) ကစားကွက်ဖြင့် ကွင်းလယ်(၃)ယောက်တန်း ထားကာ

ခံစစ်ကို ဆင်းကူနိုင်ပြီး၊ တိုက်စစ်ကိုပါ လိုက်ပါနိုင်မယ့် ကွင်းလယ် အတွဲကို အသုံးပြုလာမလား စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Unicode