နှုတ်ခမ်းနီဖိုးမကုန်အောင်ဆိုပြီး တက်တူးထိုးလိုက်ရာကနေ ပျားတုပ်ခံရသလို ရောင်ရမ်းနေခဲ့တဲ့ မိန်းကလေးရဲ့နှုတ်ခမ်

အမျိုးသမီးတစ်ဦးအနေနဲ့ အလှအပကို ပြန်လည်ပြုပြင်ရန် ငွေရင်းနှီးခြင်းက အမျိုးသမီးအများစုရဲ့ မရှိမဖြစ်ပြုလုပ်လိုတဲ့ အရာဖြစ်ပါတယ် ။ ထို့ပြင် ယနေ့ခေတ်ကဲ့သို့ အလှအပလုပ်ငန်းက လျင်မြန်စွာတိုးတက်နေတဲ့ခေတ်မှာ ပြန်လည်ပြုပြင်ခြင်းဆိုင်ရာ ပြဿနာက ယခင်ကထက် ပိုမိုလွယ်ကူလာခဲ့ပါတယ် ။

ဒါပေမဲ့ လှပအောင်ပြုပြင်ခဲ့ရာကနေ တချို့လူတွေက ပိုပြီးတောင် ရုပ်ဆိုးသွားတာတွေ ရှိပါတယ် ။ မကြာသေးခင်က အမျိုးသမီးတစ်ယောက်ဟာ နှုတ်နီဆိုးစရာမလိုအောင် နှုတ်ခမ်းကို ပြုပြင်ခွဲစိတ်ရန် တက်တူးထိုးလိုက်ပါတယ် ။ ဒါပေမဲ့ နောက်ဆုံးရလဒ်ကတော့ ၎င်းဟာ ရုတ်တရက် နီရဲစွာ ရောင်ရမ်းလာပြီး ပျားတုပ်ခံရသလိုပင် တူနေခဲ့ပါတယ် ။

ဓာတ်ပုံများမဝေမျှမီ အလှအပနယ်ပယ်မှ အမျိုးသမီးအချို့က မိန်းကလေးရဲ့ ခန္ဓာကိုယ်က အလွန်ဆိုးရွားလွန်းသောကြောင့် သူမရောင်ရမ်းခဲ့ဒါလို့ ချက်ချင်းရှင်းပြခဲ့ပါတယ် ။ ဆန့်ကျင်ဘက်အနေနဲ့ လူအတော်များများက ၎င်းအရာဟာ အလှကုန်တက်တူးဖြန်းဆေးမှ မမှန်မကန်ပြုလုပ်ခဲ့တဲ့ အမှားတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ် ။

JRose (KB Chimmy One)

Reference : yan