A Phaw Mon

News & Media Website

Menu
  • ပြည်တွင်းသတင်း
  • နိုင်ငံတကာသတင်း
  • အားကစားသတင်း
  • စစ်သတင်းများ
  • အနုပညာရှင်ရပ်ဝန်း
  • သိမှတ်ဖွယ်ရာ ဗဟုသုတ
  • ကျန်းမာရေး
  • နည်းပညာ
  • Lifestyle
Menu
Loading...

ကွတ်ခိုင်မြို့ပြင်တွင် ကျောင်းကြိုပို့ကား ပစ်ခံရပြီး လူ ၂ ဦး ဒဏ်ရာရ

Posted on November 14, 2019November 14, 2019 by aphawmon
Loading...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ဆမ်စစ်တောင်ခြေအနီး ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ဒီကနေ့မနက်ပိုင်းက ကျောင်းကြိုကားတစီးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးက သေနတ်နဲ့ ပစ်ခဲ့လို့ လူ ၂ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဒဏ်ရာရသူတဦးက “ကျနော်တို့ကားကို လက်နက်ကိုင်တဦးက လက်ညှိုးနဲ့ထိုးပြီးတာနဲ့ တန်းပစ်တော့တာပဲ။ ကျနော်တို့က ကျောင်းသားကလေးတွေကို သွားကြိုတာပါ။ ပြည်ထောင်စုလမ်းမပေါ် လွယ်ဆမ်စစ် တောင်ခြေအနီးမှာ ပစ်ခံရတာပါ” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရသူ ၂ ဦးဟာ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၁)မှာ ဖွင့်လှစ်ထားတဲ့ ဧလျာဇာ ကိုယ်ပိုင်အထက်တန်းကျောင်းက ဂိုက် ဆရာ ကိုလိုင်နန်နဲ့ ကားဆရာ ကိုထင်ဆန်းတို့ ဖြစ်ပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ကားရှေ့မှန်ကွဲပျက်သွားခဲ့ပြီး နှစ်ဦးစလုံးမှာ မှန်စကွဲထိဒဏ်ရာရရှိခဲ့ ပေမယ့် ဒဏ်ရာက စိုးရိမ်ရတဲ့ အနေအထားမရှိပါဘူး။

လက်ရှိအချိန်ထိ ကွတ်ခိုင်မြို့ဝန်းကျင်မှာ ပစ်ခတ်သံတွေကြားနေရပြီး တပ်မတော်နဲ့ တီအန်အယ်အေ တအာင်းတပ်ဖွဲ့တွေ နှစ်ဖက် စစ်ရေး လှုပ်ရှားမှုတွေ ရှိနေပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့ပြင်က ပြည်ထောင်စုလမ်းမကြီးပေါ်မှာရော ကျောက်မဲမြို့နယ်ထဲမှာပါ တပ်မတော်နဲ့ ပလောင်လက်နက်ကိုင်အဖွဲ့တို့ မနေ့မနက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးခဲ့ပါတယ်။

အဆိုပါပစ်ခတ်မှုတွေကြောင့် ကွတ်ခိုင်ရှိ တအာန်း ပညာရေးဘော်ဒါဆောင်ကို လက်နက်ထိမှန်တဲ့ အတွက် ဆရာဆရာမနဲ့ ကျောင်းသူ ကျောင်းသားတွေ၊ အနီးနားကျေးရွာက ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Loading...
Loading…

©2019 A Phaw Mon | Design: Newspaperly WordPress Theme