ကျွန်တော်တို့အနုပညာသည်တွေဟာ မဲနေမှန်းအခုမှသိတယ်ဆိုပြီး ဒေါ်နွဲ့နွဲ့စန်း ကိုဒဲ့ဆော်လိုက်တဲ့ ကိုဘင်း

ကျွန်တော်တို့အနုပညာသည်တွေဟာ မဲနေမှန်းအခုမှသိတယ်ဆိုပြီး ဒေါ်နွဲ့နွဲ့စန်း ကိုဒဲ့ဆော်လိုက်တဲ့ ကိုဘင်း

သရုပ်ဆောင်ကိုဘင်းကတော့ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ရင်းသရုပ်ဆောင်ပီပြင်လှတာကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်နော်။

သရုပ်ဆောင်ကိုဘင်းကအင်း၊ကျနော်တို့ခံယူချက်နဲ့အနုပညာတွေဟာမဲနေမှန်းခုမှပဲသိလိုက်ရတော့တယ်မမကြူရေ၊အဲမမကြူကြူသင်းကိုပြောပြတာပါဆိုပြီးရေးသားဖော်ပြထားပါတယ်။

ယမန်နေ့က စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွင် ဖြေကြားထားသည့် ဒေါ်နွဲ့နွဲ့စန်း၏ အင်တာဗျူးအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ဒေါ်နွဲ့နွဲ့စန်းက ၎င်းမှာ အဖြူရောင် အနုပညာရှင်တဦး ဖြစ်ကြောင်း၊ အနုပညာရှင်သည် အနုပညာရှင် နေရာတွင် နေရမည် ဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဖြစ်သူအား မမကြူဟု ခေါ်ဝေါ်ကာ ကျေးဇူးတင်စကား ပြောခဲ့ခြင်းများ စသည်ဖြင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

အဆိုပါ ပြောစကားများအပေါ် ပြည်သူလူထုနှင့် အနုပညာအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုခဲ့ကြသလို မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲသို့ တက်ရောက်ခဲ့ကြသည့် အနုပညာရှင်များလည်း ဝေဖန်ခံခဲ့ရသည်။

Credit