သူကိုယ်တိုင် ကျူးလွန်မိခဲ့တဲ့ အမှားတစ်ခုကို ဝန်ခံလိုက်တဲ့ ဆိုးလ်ရှား


ဒီပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ လိုအပ်ချက်ပေါင်း များစွာဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သလို ယူနိုက်တက် အသင်းရဲ့ ပဲ့ကိုင်ရှင် နည်းပြဖြစ်သူ အိုလေဂမ်နာ ဆိုးလ်ရှား ကိုယ်တိုင်လည်းပဲ သူကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ အမှားကို ဝန်ခံလိုက် ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ၎င်းပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လာခဲ့တဲ့ အသင်းခေါင်းဆောင် ခံစစ်မှုး ဟာရီ မက်ကွိုင်းယားကို ပွဲထွက် လူစာရင်းမှာ ထည့်သွင်းအသုံးပြုခဲ့သလို၊ မက်ကွိုင်းယား+လင်ဒီလော့ဖ် ခံစစ်အတွဲနဲ့ ပွဲထွက် လာခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့  ခွင့်ပြုပေးလိုက်ရတဲ့ သွင်းဂိုးတွေဟာ ခံစစ် ကစားသမားတွေရဲ့ လူကပ် အားနည်းမှုတွေ ကနေ တစ်ဆင့် သွင်းယူ သွားခဲ့တာ ဖြစ်ပြီး၊ ပထမဆုံး လက်စတာ စီးတီးအသင်းရဲ့ ချေပဂိုးဟာ မက်ကွိုင်းယားရဲ့ လျော့တိလျော့ရဲ ပြုလုပ်ခဲ့တဲ့ အမှားကနေ ခွင့်ပြုပေး လိုက် ရတာ ဖြစ်ပါတယ်။

တစ်ပွဲလုံး အတိုင်း အတာအရ ယူနိုက်တက် အသင်းဟာ ကျစ်လစ်မှုမရှိတဲ့ (၄-၂-၃-၁)ကစား ကွက်နဲ့ ပွဲထွက်လာခဲ့တဲ့အပြင်၊ ဘောလုံး ပိုင်ဆိုင်မှု အနည်းငယ်ဖြင့် ပေးပို့မှုတွေဟာ တိုက်စစ်အထိ ရောက်မလာပဲ ကွင်းလယ်နဲ့ ခံစစ်မှာပဲ အပျက်များ နေခဲ့တာ ဖြစ်ပါ တယ်။

ဒါ့အပြင် တစ်ဖက်အသင်းရဲ့ တိုက်စစ် ဖိအားပေးမှုကို အလူးအလဲ ခံနေရတာကြာင့် ယူနိုက်တက် အသင်းအနေနဲ့ Counter Attack ကိုပဲ စောင့်နေရတာ ဖြစ်ပါတယ်။ တန်ပြန် တိုက်စစ် အတွက် ကြိုးစားချိန် မှာလည်း ရော်နယ်လ်ဒို ကိုယ်တိုင် နှေးကွေး နေခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး မှာတော့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကိုယ်တိုင်လည်း ဝန်ခံလိုက် ပါတယ်။ “ ကျွန်တော်တို့ အသင်း အတော်လေး ဆိုးရွား နေခဲ့တာပါ။ မက်ကွိုင်းယား ကို ကျွန်တော် ပွဲထွက် စာရင်းမှာ ထည့်သွင်း ခဲ့တယ်။ ဒါပေမယ့်လည်း သူ့ဆီက ဘာတုံ့ပြန်မှုမှ ကောင်းကောင်း မရခဲ့ ပါဘူး။”

“ ပေးလိုက်ရတဲ့ သွင်းဂိုး(၄)ဂိုးစလုံးက အတော်လေး စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီနေ့ပွဲက ကျွန်တော့်ရဲ့ လူထုတ်ပုံ အမှားတွေ ရှိနေခဲ့တယ်ဆိုတာတော့ ဝန်ခံပါတယ်။ လာမယ့် ရက်ထဲမှာ အရေးကြီးတဲ့ ပွဲစဉ်တွေ ရှိနေပါသေးတယ်” ဆိုပြီး ပြောကြားသွား ခဲ့ပါတယ်။


ယူနိုက်တက်ဟာ လက်စတာနဲ့ ပွဲစဉ် ကစပြီး၊ တောက်လျှောက် ဆိုသလို ပွဲကျပ် ကာလတွေကို ဖြတ်ကျော် ရမှာ ဖြစ်ပြီး၊ အက်တလန်တာ၊ လီဗာပူးလ်၊ စပါး၊ မန်စီးတီး စတဲ့ အသင်း တွေနဲ့ ရင်ဆိုင် ရမှာလည်း ဖြစ်ပါ တယ်။

Credit