ယူနိုက်တက်ကို အနိုင်ယူပြီး နှစ်ပေါင်း(၁၂၀)အတွင်းမှာ စံချိန်သစ်တစ်ခု ရရှိသွားတဲ့ လက်စတာ

ပရီးမီးယားလိဂ် ပွဲစဉ်(၈)အဖြစ် စနေနေ့ အစောပိုင်းက King Power ကွင်းကြီးထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လက်စတာစီးတီး အသင်းတို့ ရင်ဆိုင်ခဲ့ ကြပါတယ်။

ဒီပွဲစဉ်မှာတော့ ဆိုးလ်ရှားရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အိမ်ရှင် လက်စတာစီးတီး အသင်းကို စိတ်ပျက်ဖွယ် ခြေစွမ်းဖြင့် (၄-၂)ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီရှုံးပွဲကြောင့် ယူနိုက်တက် ပရိတ်သတ်တွေကတော့ ဒေါသဖြစ်လျက် ရှိနေကြပါတယ်။

လက်စတာအသင်းဟာ ယူနိုက်တက်အသင်းကို မေဆင်ဂရင်းဝုဒ်ရဲ့ အစောပိုင်းဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပေမယ့်၊ နောက်ပိုင်းမှာ ယူနိုက်တက်ရဲ့ စုဖွဲ့မှု အားနည်းလာတဲ့ ကစားပုံကို အခွင့်ကောင်းယူပြီး အနိုင်သွင်းဂိုးတွေကို သွင်းယူခဲ့ကြပါတယ်။

ဒီနိုင်ပွဲကြောင့်လည်း လက်စတာစီးတီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၃)ပွဲမြောက် နိုင်ပွဲတစ်ပွဲကို ရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းနဲ့ နောက်ဆုံးတွေ့ဆုံမှု(၃)ကြိမ်ဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ (၃)ကြိမ်တိတိ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပြီး၊ မတ်လမှာ FAဖလား၌ (၃-၁(ဖြင့်လည်းကောင်း၊ မေလထဲမှာ ပရီးမီးယားလိဂ်၌ (၂-၁)ဖြင့်လည်းကောင်း၊ ယခု အောက်တိုဘာလ၌ (၄-၂)ဖြင့်လည်းကောင်း (၃)ကြိမ်စလုံးကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ယခုကဲ့သို့ ယူနိုက်တက်အသင်းကို (၃)ကြိမ်ဆက် အနိုင်ရရှိခဲ့ခြင်းဟာ ၁၉၀၁ ခုနှစ်က တစ်ကြိမ်သာ ရှိခဲ့ဖူးပြီး၊ နှစ်ပေါင်း(၁၂၀)ကြာတဲ့အချိန် ယခု ၂၀၂၁ခုနှစ်၌ ပထမဆုံး (၃)ပွဲဆက် အနိုင်ရလဒ်စွမ်းဆောင်နိုင်တဲ့ စံချိန်မှတ်တမ်းတစ်ခုကို ပြန်လည်ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ လာမယ့် ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ လီဗာပူးလ်၊ စပါး၊ မန်စီးတီးတို့ဖြင့်လည်းကောင်း၊ ချန်ပီယံလိဂ်၌ အက်တလန်တာအသင်းဖြင့်လည်းကောင်း ရင်ဆိုင်ရမယ့် ပွဲကျပ်တွေ တောက်လျှောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဆိုးလ်ရှားအတွက် လူထုတ်ပုံ ကစားကွက် အခင်းအကျင်းတွေဟာ ပရိတ်သတ်တွေအတွက် ဝေဖန်စရာတွေ ဖြစ်နေခဲ့ပြီး၊ လာမယ့် ပွဲကျပ်ကာလတွေမှာ ရလဒ်ပိုင်း ဆိုးရွားလာခဲ့ပါက ယူနိုက်တက်နည်းပြ ရာထူးကနေ ထုတ်ပါယ်တော့မယ့် အခြေအနေတွေ ရှိနေပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဂျေဒန်ဆန်ချို၊ မားကပ်ရက်ရှ်ဖို့ဒ်၊ ဘရူနို ဖာနန်ဒက်၊ ပေါလ်ပေါ့ဂ်ဘာ၊ ဗာရန်း တို့လို ကမ္ဘာ့ထိပ်တန်းကစာသမားတွေ အများစုပိုင်ဆိုင်ထားပေမယ့်၊ ပွဲစဉ်တိုင်းနီးပါးမှာ ရလဒ်ပိုင်းဆိုးရွားနေသလို၊ ခြေစွမ်းပိုင်း ရုန်းကန်နေခဲ့ရတာကြောင့် ယူနိုက်တက်အသင်းအတွက် အပြောင်းအလဲတွေ ပြုလုပ်ရတော့မှာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းရဲ့ နီးစပ်သူတွေကတော့ လက်ရှိ ယူနိုက်တက်နညိးပြဖြစ်သူ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ လာမယ့်ပွဲစဉ်တွေရဲ့ ရလဒ်တွေပေါ်မှာ မူတည်နေတယ်လို့ ဆိုထားပါတယ်။

Unicode

Credit Original uploadeder