ထိုင်ခုံလှုပ်နေတဲ့ ဆိုးရှားအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်လာမယ့် ယူနိုက်တက်နဲ့ အတ္တလန်တာတို့ရဲ့ ပွဲကြိုသုံးသပ်ချက်

ယူနိုက်တက်အသင်းဟာ ချန်ပီရံလိဂ်Group Fရဲ့ တတိယမြောက် ပွဲစဉ် တစ်ပွဲအဖြစ် အတ္တလန်တာအသင်းနဲ့ အို့ထရတ်ဖို့ဒ် ကွင်းကြီးမှာ ယှဉ်ပြိုင်ရမှာပါဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်ကိုတော့ ဗုဒ္ဓဟူးနေ့ည ကြာသာပတေးနေ့ မနက် 1နာရီ ခွဲမှာ ကစားကြမှာဘဲ ဖြစ်ပါတယ်။

အတ္တလန်တာ အသင်းကတော့ ယူနိုက်တက်နဲ့ သမိုင်းကြောင်းတစ်လျှောက် ပထမဆုံးတွေ့ဆုံတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အတ္တလန်တာအသင်းကတော့ ယူနိုက်တက်ရှုံးနိမ့်ထားတဲ့ ရမ်းဘွိုင်းအသင်း ကို အနိုင်ရ ဗီလာရီးရဲလ်ကို သရေ ကစားထားကာ Group Fရဲ့ အဆင့် တစ်မှာ ရပ်တည်နေပါတယ်။ ယူနိုက်တက်ကတော့ ဗီလာရီးရဲလ်ကို အနိုင်ရထားတာကြောင့် အဆင့် 3 မှာ ရပ်တည်နေပါတယ်။

ထိုင်ခုံလှုပ်နေတဲ့ နည်းပြဆိုးရှားလ်အတွက် ယခုပွဲစဉ်ဟာ အရေးပါတဲ့ အပြင် ချန်ပီယံလိဂ် အုပ်စုတက်နိုင်ဖို့ကလည်း ယူနိုက်တက်အတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲပါ။ Group Fမှာ ယူနိုက်တက်ဟာ အင်အားကြီး အသင်းဖြစ်ပေမယ့် လက်ရှိခြေစွမ်းပိုင်းအရ အတ္တလန်တာကို လျော့တွက်လို့ မရတဲ့ အခြေအနေမှာ ရှိပါတယ်။

လက်စတာကို ဂိုးပြတ်ရှုံးနိမ့်ပြီး ယူနိုက်တက်ရဲ့ အခြေအနေဟာ အောက်ဆုံးမှာ ရောက်နေပြီး ဒီပွဲစဉ်မှာ နိုင်ပွဲရရှိဖို့ အထူးလိုအပ်ပါတယ်။ လက်စတာနဲ့ ပွဲမှာ မပါခဲ့တဲ့ ဖရတ်နဲ့ ကာဗာနီတို့ ပါဝင်လာမှာဖြစ်ပြီး ဗာရန်းကတော့ ဒီပွဲစဉ်မှာ လွဲချော်အုံးမယ့် အခြေအနေမှာ ရှိပါတယ်။

UEFA က ယူနိုက်တက်ရဲ့ ညာနောက်ခံလူ ‌ဝမ်ဘစ်ဆာကာ ရဲ့ ပွဲပယ်ပြစ်ဒါဏ်ကို ယခင်က ၂ပွဲပယ်အဖြစ် သတ်မှတ်ခဲ့ပေမယ့်လည်း အခုချိန်မှာတော့ တစ်ပွဲသာ ကျခံရန်ဖြေလျော့ပေးခဲ့ပါတယ်။ အတ္တလန်တာ အသင်းနှင့်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာပါလိမ့်မယ်။

လူစာရင်းအားဖြင့် ယူနိုက်တက်ဟာ အတောင့်တင်းဆုံး ပုံစံမှာ ရှိပေမယ့် နည်းပြဆိုးရှားလ်အနေနဲ့ သူရဲ့ပွဲထုတ်ပုံတွေ နည်းစနစ်တွေက မမှားယွင်းဖို့ဘဲ မျှော်လင့်ရမှာပါ။ ခြေစွမ်းထက်နေတဲ့ အတ္တလန်တာကို လျော့တွက်ခဲ့ရင်တော့ အမှားကြီးမှားပါလိမ့်မယ်။ ကံတရားက ဆိုးရှားလ်နဲ့ ယူနိုက်တက်ဘက်မှာ ရှိနေအုံးမလာဆို‌တာကတော့ စောင့်ကြည့်ကြပါလို့ဘဲ သုံးသပ်ပါ‌ရစေ။

TSSoe