ရော်နယ်ဒို က သမိုင်းရဲ့အကောင်းဆုံးထိပ်ဆုံး၅ဦးထဲတောင် မဝင်ဘူးဆိုတဲ့ ကာဆာနို

ဘောလုံးမှာ ပရိသတ်သန်းပေါင်းများစွာရှိပြီး အဲ့ဒီထဲက ရော်နယ်ဒို ဒါမှမဟုတ် မက်ဆီ ဆိုပြီး သူတို့ရဲ့အိုင်ဒေါလ် ကို အားပေးတဲ့ သူတွေအများအပြား ကွဲပြားခြားနားစွာရှိနေကြတာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ သူ့ရဲ့အချက်အလက်တွေ၊မှတ်တမ်းတွေနဲ့ ဆုဖလားတွေအများအပြားရရှိထားပေမယ့် အချို့လူတွေကတော့ ပေါ်တူဂီအသင်းခေါင်းဆောင် ကို ဘောလုံးလောကရဲ့အကြီးမားဆုံး ပုဂ္ဂိုလ်တွေထဲက တဦးအဖြစ် ထည့်သွင်းစဉ်းစားခြင်းမရှိတာပါ။

ကာဆာနို ကတော့ ရော်နယ်ဒို ဟာ အခြားဂန္တဝင်ကစားသမားတွေရဲ့နောက်ကွယ်မှာသာရှိတယ်လို့ လူသိရှင်ကြားပြောဆိုထားတာဖြစ်ပါတယ်။ကာဆာနို က”ခရစ်စတီယာနို က သမိုင်းတလျှောက် အကောင်းဆုံးကစားသမားလား?သူက ထိပ်ဆုံး(၅)ဦးထဲတောင်မရှိပါဘူး”

“ကျွန်တော့်အမြင်မှာတော့ မက်ဆီ၊မာရာဒိုနာ၊ပီလီ၊ခရိုက်ဖ်နဲ့ ရော်နယ်ဒိုနာဆာရီယို တို့က ကွဲပြားခြားနားတဲ့ အဆင့်မှာရှိနေတယ်”လို့ Bobo Tv နဲ့ တွေ့ဆုံရာမှာ ဆိုခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဂျုဗင်တပ်စ် ကနေ မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာပါ။ရော်နယ်ဒို ဟာ ရောက်ရောက်ချင်းမှာပဲ မန်ချက်စတာယူနိုက်တက် အတွက် ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ရော်နယ်ဒို ဟာ ခြေစွမ်းမပြနိုင်တာနဲ့ အတူ အသင်းရလဒ်ပိုင်းတွေဟာလည်း အတော်လေးဆိုးရွားလာခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဘောလုံးဝေဖန်သုံးသပ်သူတွေက ရော်နယ်ဒို ရဲ့ခြေစွမ်းကို ဝေဖန်ခဲ့ကြပါတယ်။

ရော်နယ်ဒို ဟာ အသင်းကို အကူအညီပေးနိုင်ခြင်းမရှိဘူးလို့ သုံးသပ်နေကြတာဖြစ်ပါတယ်။ဒါ့အပြင် နည်းပြဆိုးလ်ရှား အနေနဲ့ ရော်နယ်ဒို ကို အဲဗာတန်နဲ့ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့လို့ နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန် ရဲ့ပြစ်တင်ခြင်းကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ မနက်ဖြန်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အတ္တလန်တာ နဲ့ ကစားရမှာဖြစ်ပြီး၊ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်နဲ့ ကစားရမှာဖြစ်တာကြောင့် ရော်နယ်ဒို အနေနဲ့ အသင်းအတွက် ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

unicode

Credit to sports myanmar