နယူးကာဆယ်နည်းပြရာထူးကို စွန့်လွှတ်ရပြီးနောက် စတိဗ်ဘရုစ်ရဲ့ ဝမ်းနည်းဖွယ်ပြောစကားများ

နယူးကာဆယ်ဟာ သူတို့နည်းပြ စတိဗ်ဘရုစ်နဲ့ လမ်းခွဲလိုက်ပြီလို့ တရားဝင်အတည်ပြုကြေညာခဲ့ပြီးနောက် စတိဗ်ဘရုစ်ကတော့ ဒါဟာ သူ့ရဲ့နည်းပြဘဝအတွက် နောက်ဆုံးအလုပ်ဖြစ်သွားနိုင်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ပိုင်ရှင်သစ်လက်ထဲရောက်ပြီးနောက်ပိုင်း ပထမဆုံးကစားခဲ့တဲ့ စပါးနဲ့ပွဲမှာ နယူးကာဆယ်တို့ အိမ်ကွင်းမှာ ၁-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက်ပိုင်း စတိဗ်ဘရုစ်အထုတ်ခံရတော့မယ်လို့ အားလုံးက တွက်ဆခဲ့တဲ့အတိုင်း လက်ရှိအချိန်မှာတော့ စတိဗ်ဘရုစ်နဲ့ နယူးကာဆယ်တို့ အမှန်တကယ် လမ်းခွဲခဲ့ရတာပါ။

အသက် (၆၀) အရွယ် စတိဗ်ဘရုစ်ကို နယူးကာဆယ် ပရိသတ်တွေကလည်း ကြိုက်နှစ်သက်ခဲ့ခြင်းမရှိဘဲ လက်ရှိအချိန်မှာတော့ နည်းပြဘဝက အနားယူမယ့်အကြောင်းကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ စတိဗ်ဘရုစ်က “ကျွန်တော့်အထင် ဒီအလုပ် (နယူးကာဆယ်နည်းပြ) က ကျွန်တော့်အတွက် နောက်ဆုံးအလုပ်ဖြစ်သွားနိုင်ပါတယ်”

“ဒါက ကျွန်တော့်အတွက်ပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်မိသားစုလုံးအတွက်ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့တွေက နယူးကာဆယ်သားတွေပဲဖြစ်ပြီး ကျွန်တော် ဒါကိုလျစ်လျူမရှုနိုင်ပါဘူး။ သူတို့တွေလည်း ကျွန်တော့်ကို စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် ကျွန်တော့်ဇနီးပေါ့။ ကျွန်တော် အခု အသက် (၆၀) ရှိပါပြီ။ ကျွန်တော် ဇနီးအတွက် အချိန်ပေးဖြစ်မလား မသိဘူး”

“ကျွန်တော်တို့က ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ မန်နေဂျာတစ်ယောက်အနေနဲ့ရောပေါ့။ ဒါပေမယ့် အသင်းဥက္ကဌတစ်ယောက်ယောက်က ကျွန်တော့်ဆီကို ဖုန်းမခေါ်မချင်း ကျွန်တော် သေချာတော့ ပြောလို့မရပါဘူး။ ကျွန်တော် ဒါမျိုးကြုံဖူးပါတယ်။ နယူးကာဆယ်ကို ကျွန်တော်ရောက်လာချိန်မှာ အရာအားလုံးကို ကိုင်တွယ်နိုင်မယ်ထင်ခဲ့ပေမယ့် အရမ်း၊ အရမ်းကို ခက်ခဲကြမ်းတမ်းခဲ့ပါတယ်” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

စတိဗ်ဘရုစ်ဟာ ပရီးမီးယားလိဂ်ရဲ့ဝါရင့်နည်းပြကြီးတစ်ယောက်ဖြစ်ပြီး နည်းပြဘဝတစ်လျှောက် အသင်းပေါင်း (၁၁) သင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်။

Unicode