စပါယ်ရှယ်၀မ်းရဲ့ နည်းပြသက်တမ်းတစ်လျှောက် အကြီးမားဆုံးရှုံးပွဲ

မော်ရင်ညိုက ဘိုဒိုအသင်းကို အဝေးကွင်း၌ ၆ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရခြင်းမှာ သူ၏အပြစ်သာ ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသည်။ ယူရိုပါကွန်ဖရန့်လိဂ်တွင် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရသာ ထိုပွဲ၌ ရိုမာအသင်းသည် အရန်ကစားသမား အများအပြားကို အသုံးပြု၍ ပွဲထွက်ခဲ့ပြီး ထိုသို့ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရိုမာသည် ၃ ပွဲကစား ၆ မှတ်ဖြင့် အုပ်စုဒုတိယနေရာတွင် ရပ်တည်နေပြီး ဘိုဒိုအသင်းကမူ ၃ ပွဲကစား ၇ မှတ်ဖြင့် အုပ်စုထိပ်ဆုံးနေရာတွင် ရပ်တည်နေသည်။

ယခုကဲ့သို့ အရှုံးပွဲသည် မော်ရင်ညို၏ နည်းပြချုပ်ဘဝ ကိုင်တွယ်ခဲ့သည့် ၁၀၀၈ ပွဲအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ပြိုင်ဘက်ကို ၆ ဂိုး ခွင့်ပြုခဲ့ရသည့်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မော်ရင်ညိုက ၎င်း၏ကစားသမားများထံမှ ပိုမို၍ မျှော်လင့်ခဲ့သည်ဟု ပြောဆိုခဲ့ပြီး ယခုအခါ ကစားသမားများအနေဖြင့် သူသည် အဘယ်ကြောင့် အလှည့်ကျ ကစားသမားစနစ်ကို မသုံးဘဲ တူညီသည့် ကစားသမားများကိုသာ ပွဲတိုင်းကစားခိုင်းသည်ကို နားလည်သွားပြီဟု ယူဆကြောင်း ထုတ်ဖော်ပြောဆိုသည်။

သို့ရာတွင် မော်ရင်ညိုက ယခုအရှုံးပွဲသည် သူ့တွင်တာဝန်ရှိကြောင်း ပြောဆိုလိုက်သည်။ “ကျွန်တော် ဒီအသင်းနဲ့ကစားဖို့ ရွေးချယ်ခဲ့တာ ဖြစ်တာကြောင့် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ အကောင်းဆုံး ရည်ရွယ်ချက်နဲ့ ဒီအသင်းကို ပွဲထုတ်ခဲ့တာပါ။ အရမ်းကြိုးစားပြီး ကစားခွင့်မရတဲ့သူတွေကို ပွဲကစားချိန် ပေးချင်တာလည်း ပါပါတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့အသင်းရဲ့ ကစားရမယ့် ပြိုင်ပွဲတွေကို ချိန်ဆတာပါ။ ပုံမှန်ပွဲကစားနေရတဲ့ ကစားသမားတွေကို အနားပေးချင်တာလည်း ပါပါတယ်။ အရည်အသွေးပိုရှိတဲ့အသင်းကို ရှုံးတယ်လို့ ရှင်းရှင်းပဲ ပြောချင်ပါတယ်။ မနေ့ညက ပွဲထွက်ကစားတဲ့ ရိုမာအသင်းထက် ဘိုဒိုအသင်းက ပိုကောင်းပါတယ်”

“ကျွန်တော် ပုံမှန်ဆိုရင် တူညီတဲ့ ကစားသမားတွေနဲ့ပဲ ပွဲထွက်လေ့ရှိပါတယ်။ ဒါပေမယ့် အုပ်စုပွဲစဉ် ၆ ပွဲ ကစားရမှာဖြစ်ပြီး အိမ်ကွင်း ၂ ပွဲကျန်တဲ့အချိန်မှာ ၆ မှတ်လည်း ရပြီးသားဖြစ်လို့ လူအပြောင်းအလဲ လုပ်ခဲ့တာပါ။ ကျွန်တော်တို့ ကစားသမားတချို့ရဲ့ အကန့်အသတ်တွေကို သိပါတယ်။ ဘာမှ မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီထက်တုံ့ပြန်နိုင်ဖို့ မျှော်လင့်တာပါ။ ဆုံးဖြတ်ချက်က ကျွန်တော့်ဆုံးဖြတ်ချက်ပါ။ ဒါကြောင့်လည်း ကျွန်တော့်တာဝန်ပါပဲ”ဟု မော်ရင်ညိုက ပြောဆိုခဲ့သည်။

မော်ရင်ညို၏အသင်းသည် ပထမပိုင်းအပြီးတွင် ၂-၁ ဖြင့် ရှုံးနိမ့်နေပြီး ဒုတိယပိုင်းတွင် ဂိုးများထပ်မံပေးရကာ ၆-၁ ဖြင့် ပွဲပြီးခဲ့ခြင်းဖြစ်သလို အရန်ကစားသမားများ၏ ခြေစွမ်းမှာလည်း ထင်ရှားခဲ့သည်။ မော်ရင်ညိုက “ကျွန်တော် ဘယ်တုန်းကမှ ဖုံးကွယ်ဖို့ မကြိုးစားခဲ့ပါဘူး။ အသင်းမှာ အကန့်အသတ်တွေရှိတာ သိပါတယ်။ ကောင်းတာတစ်ချက်ကတော့ တစ်ချိန်လုံး ဒီလူတွေပဲ ကစားခိုင်းတယ်လို့ ကျွန်တော့်ကို ပြောလို့မရတော့ဘူးပေါ့”ဟု ပြောဆိုခဲ့သည်။

မော်ရင်ညိုသည် တနင်္ဂနွေနေ့တွင် နာပိုလီနှင့် စီးရီးအေပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Unicode