ဆိုးလ်ရှားနေရာတွင် အစားထိုးခံရလျှင် သရဲနီစတားတို့ရဲ့လိင်မှုဘဝကိုပါ ပြောင်းလဲဖို့ အသင့်ဖြစ်နေတဲ့ ကွန်တီ

အန်တိုနီယိုကွန်တီဟာအိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ယူနည်းပြရာထူးတွင်သာအစားထိုးခန့်အပ်ခြင်းခံရပါကသူ့နည်းပြဆိုင်ရာကျွမ်းကျင်မှုများအပြင် မန်ယူစတားများရဲ့လိင်မှုဘဝအတွက်အကောင်းဆုံးနည်းလမ်းကောင်းများကိုလည်းယူဆောင်လာပါမယ်။

အန်တိုနီယိုကွန်တီဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအင်တာမီလန်ကို စီးရီးအေဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့ပြီးနောက်ရာထူးမှထွက်ခွာခဲ့ပြီးနောက်အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပါတယ်။

အီတလီလူမျိုးနည်းပြဟာနောက်ဆုံးငါးပွဲမှာနိုင်ပွဲတစ်ပွဲသာရရှိထားတဲ့ဆိုးလ်ရှားနေရာတွင်အစားထိုးခံရမယ့်နည်းပြအဖြစ်ထိပ်ဆုံးမှရေပန်းစားနေတဲ့နည်းပြများထဲမှတစ်ဦးဖြစ်ပါတယ်။

ကွန်တီဟာအီတလီနှင့်အင်္ဂလန်တို့တွင်အောင်မြင်မှုများရယူထားတဲ့အပြင် ကလပ်အအဆင့်မှာသာမကအီတလီအသင်းကိုလည်းကိုင်တွယ်ဖူးကာ အတွေ့အကြုံများစွာရင့်ကျက်တဲ့နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာနည်းပြပိုင်းဆိုင်ရာ၊ကစားသမားစီမံကိန်းခန့်ခွဲမှုဆိုင်ရာမှာကျွမ်းကျင်ရုံသာမကကစားသမားများကိုစိတ်ဝင်စားစရာကောင်းတဲ့လိင်ပိုင်းဆိုင်ရာအကြံပေးမှုလည်းပြုလုပ်နိုင်သူဖြစ်ပါတယ်။

အသက်၅၀နှစ်ရှိနည်းပြဟာကစားသမားများကိုအိပ်ယာထက်ကကိစ္စကြောင့်အားအင်ကုန်ခန်းတို့မျိုးမဖြစ်စေချင်တဲ့သူပါ။ဒါကြောင့်သူဟာမန်ယူနည်းပြအဖြစ်ခန့်အပ်ခြင်းခံလာရရင်ကစားသမားများရဲ့စွမ်းအင်အပြည့်အဝကိုကွင်းထဲမှာသုံးနိုင်ဖို့အတွက် လိင်မှုရေးရာနဲ့ပတ်သက်ပြီးတော့လည်းအကြံပေးလာမှာသေချာနေပါတယ်။

အင်တာစတားများကို လိင်မှုရေးရာနဲ့ပတ်သက်ပြီးအကြံပြုခဲ့မှုအပေါ် ကွန်တီက “ပွဲတွေကစားတဲ့ကာလအတွင်းမှာကစားသမားတွေအနေနဲ့လိင်မှုရေးရာနဲ့ပတ်သက်ပြီးအကြာကြီးလုပ်လို့မရပါဘူး။သူတို့အနေနဲ့ခပ်ပါးပါးလေးဘဲလုပ်မှအဆင်ပြေပါမယ်။အကောင်းဆုံးပုံစံကတော့ကိုယ့်ပါတနာကိုအပေါ်မှာနေခိုင်းတာမျိုးပါ။ကိုယ့်ဇနီးသည်နဲ့ဆိုရင်တော့ဒီပုံစံအကောင်းဆုံးပုံစံပါ။ဒီနည်းလမ်းကြောင့်သူတို့ရဲ့အားစိုက်ရမှုသက်သာစေပါတယ်”လို့ပြောကြားသွားပါတယ်။

ကွန်တီဟာမန်ယူနည်းပြအဖြစ်ခန့်အပ်ခြင်းခံရပါကနည်းဗျူဟာအပြောင်းအလဲများစွာကိုလည်းမြင်တွေ့ရဖို့သေချာနေပါတယ်။

အီတလီလူမျိုးနည်းပြဟာနောက်တန်းသုံးယောက်စနစ်၊တောင်ပံခံစစ်သမားသုံးတဲ့စနစ်ကိုနှစ်သက်သူဖြစ်ပါတယ်။ယင်းစနစ်ကတိုက်စစ်ဆင်ကစားချိန်မှာရောခံစစ်ကစားတဲ့အချိန်မှာပါအမြဲကျစ်လစ်နေတတ်ပါတယ်။

ကွန်တီဟာမန်ယူနည်းပြဖြစ်လာပါကအင်တာမီလန်မှလူသာရိုမာတီနက်ဇ်နှင့်မီလန်စကာနီယာတို့လည်းအိုးထရက်ဖို့ဒ်သို့ရောက်လာဖို့ရှိနေပါတယ်။