PSG ကိုရောက်တာဖြင့်မကြာသေးဘူး၊ ဟိုလူ့ရောင်းခိုင်း၊ ဒီလူ့ရောင်းခိုင်း လုပ်နေပြန်တဲ့ မက်ဆီ

မက်ဆီဟာ PSG အသင်းဖော်တစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး အီကာဒီကို ရောင်းချဖို့ အသင်းကို တိုက်တွန်းထားတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

အီကာဒီနဲ့မက်ဆီတို့ဟာ အာဂျင်တီးနားတစ်နိုင်ငံတည်းသားတွေဖြစ်ပေမယ့် မက်ဆီကတော့ အခုလိုပဲ အံ့အားသင့်ဖွယ်ပြုမူနေတာပါ။ အီကာဒီဟာ ဇနီးသည်ဝမ်ဒါနာရာနဲ့ အိမ်ထောင်ရေးပြဿနာတွေကြောင့် လိုက်ပ်ဇစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ရပါတယ်။

စပိန်သတင်းစာတစ်စောင်ရဲ့ ဖော်ပြချက်အရ မက်ဆီနဲ့အီကာဒီတို့အကြားမှာ တင်းမာမှုတွေရှိနေပြီး နည်းပြပိုချက်တီနိုအနေနဲ့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းဆုံးဖြတ်ရမယ့်အချိန် ရောက်နေပြီလို့ သိရှိရပါတယ်။

အီကာဒီဘက်ကလည်း သူ့အနေနဲ့ အာဂျင်တီးနားလက်ရွေးစင်မှာ နေရာပျောက်ခဲ့ရတာက မက်ဆီကြောင့်လို့ ယုံကြည်နေတာပါ။

အီကာဒီဟာ (၂၀၁၈) က မက္ကဆီကိုနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားအတွက် နောက်ဆုံးကစားခွင့်ရခဲ့ပြီး နောက်ပိုင်းမှာတော့ လက်ရွေးစင်မှာ ပါဝင်ခွင့်မရခဲ့ပါဘူး။

ပြီးခဲ့တဲ့နွေရာသီမှာ PSG ကို မက်ဆီရောက်ရှိလာခဲ့တာကလည်း အီကာဒီကို စိတ်ပျက်စေခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

နောက်ဆက်တွဲအနေနဲ့ PSG က အီကာဒီကို အသင်းကရှင်းထုတ်ဖို့ ပြင်ဆင်နေပြီး မက်ဆီနဲ့ တော်တော်လေး ရင်းနှီးတဲ့ ကစားသမားလည်းဖြစ်၊ ဘာစီလိုနာတိုက်စစ်မှူးလည်းဖြစ်တဲ့ အဂွေရိုနဲ့ တိုက်ရိုက်အလဲအထပ်လုပ်ဖို့ ဆန္ဒရှိနေပါတယ်။

အဂွေရိုဟာ မက်ဆီနဲ့ တွဲကစားချင်လို့ ဘာစီလိုနာကို ပြောင်းခဲ့ပေမယ့် သူပြောင်းလာပြီးချိန်မှာပဲ မက်ဆီက PSG ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်သွားခဲ့တာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေရတာပါ။

အဲ့ဒါကြောင့် PSG သာ အဂွေရိုနဲ့အီကာဒီအလဲအထပ်အတွက် အမှန်တကယ် ကမ်းလှမ်းခဲ့ရင် ဖြစ်နိုင်ခြေ တော်တော်လေးများပြားနေတယ်လို့ ဆိုရပါလိမ့်မယ်။

Unicode