ငါ့ကိုလိုချင်ရင် မက်ဆီထက် ပိုက်ဆံပိုပေးဆိုပြီး အပြတ်ပြောမယ့် ဟာလန်း

ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ လာမယ့်နွေရာသီမှာ ဥရောပထိပ်တန်းအသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

ဟာလန်းနဲ့ဒေါ့မွန်တို့အကြား စာချုပ်သက်တမ်း ကျန်ရှိနေဆဲဆိုပေမယ့် ဒေါ့မွန်အနေနဲ့ သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ ခက်ခဲနေပြီဖြစ်ပြီး လာမယ့်နွေရာသီမှာတော့ ဟာလန်းကို သေချာပေါက် လက်လွှတ်ရဖွယ်ရှိနေတာပါ။

ဟာလန်းကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) နဲ့အောက် ဝန်းကျင်သာ အသုံးပြုရမှာဖြစ်ပေမယ့် ကစားသမားရဲ့ လုပ်ခလစာနဲ့ အေးဂျင့်ခက ပြဿနာတစ်ခုဖြစ်လာဖို့တော့ ရှိနေပါတယ်။

ဟာလန်းအနေနဲ့ စံချိန်တင်လုပ်ခဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင် (၅) သိန်းအထိ တောင်းဆိုသွားမှာဖြစ်ပြီး တစ်နှစ်ကို ပေါင်သန်း (၃၀) အဖြစ် စံချိန်တင်တောင်းဆိုသွားမှာပါ။ ဒါဟာ မက်ဆီ PSG မှာ လက်ရှိရရှိနေတဲ့ အပိုဆုကြေးမပါတဲ့ ယူရို (၂၅) သန်းထက် ပိုမိုများပြားနေပါတယ်။

ဒါ့အပြင် ကစားသမားရဲ့ အေးဂျင့်ရွိုင်အိုလာကလည်း ကစားသမားအပြောင်းအရွှေ့အတွက် မြင့်မားတဲ့ အေးဂျင့်ခကို တောင်းဆိုဖို့ စိုင်းပြင်းနေပါပြီ။ ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးက ဟာလန်းကိုခေါ်ယူဖို့ ချဉ်းကပ်ခဲ့သေးပေမယ့် ဒေါ့မွန်က လက်လွှတ်မခံသလို ရွိုင်အိုလာကလည်း အင်မတန်ကိုများပြားတဲ့ အေးဂျင့်ခကို တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ဖူးပါတယ်။

ဟာလန်းတောင်းဆိုတဲ့ တစ်ပတ်လုပ်ခ ပေါင် (၅) သိန်းကို ပေးချေနိုင်တဲ့အသင်းက များများစားစားမရှိဘဲ ရီးရဲယ်မက်ဒရစ်၊ PSG၊ ယူနိုက်တက်၊ မန်စီးတီးတို့သာ ဟာလန်းကိုခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားရဖွယ်ရှိနေပါတယ်။

Unicode