ချစ်စရာကောင်းတဲ့ကောင်မလေးတွေကပိုပြီးသဝန်တိုတတ်ကြောင်းတွေ့ရှိ

စချစ်ပြီဆိုတာနဲ့ အချစ်နဲ့နောက်မှာ သဝန်တိုမှုလေးတွေကတော့ ပါလာစမြဲပါပဲ။ ကိုယ့်ချစ်သူကိုစိတ်မချတာတွေသဝန်တိုလာတာလေးတွေကတော့အမြဲလိုလိုတွေ့ကြုံရမယ့်ကိစ္စလေးတွေပါပဲ။ကိုယ့်ချစ်သူကို သဝန်တိုတယ်ဆိုတာ ချစ်စရာကောင်းတဲ့ အပြုအမူလေးပါပဲ။ကိုယ်ကလွဲပြီး တခြားသူကိုချစ်သွားမှာ ကိုယ့်ထက်ပိုပြီး တခြားသူကိုဂရုစိုက်မှာ ဘယ်သူကမှ မလိုလားကြပါဘူး။ သဝန်တိုတယ်ဆိုတာ ကိုယ့်ကိုတကယ်ချစ်လို့ပါ။ သူတို့ရင်ထဲမှာ သင်ရှိနေလို့သာ သင့်အတွက်တွေးပြီး သဝန်တို ပူပန်ပေးတာပါ။

သဝန်တိုတတ်တဲ့ ကောင်မလေးတွေက ချစ်စရာအကောင်းဆုံးပါပဲ။ ကိုကိုဘယ်သွားလဲ ကိုကိုဘာလုပ်နေလဲ ကိုကိုဘယ်သူနဲ့အတူရှိနေလဲ ကိုကိုဘာလို့သဲကိုဖုန်းမဆက်တာလဲ? အစရှိတဲ့ ရစ်နည်းပေါင်းစုံနဲ့ သင့်ရဲ့တနေ့တာကို စပ်စုပြီး အူတို့ဖို့အသင့် ရှိနေတဲ့ သင့်ချစ်သူကောင်မလေးလောက် ချစ်စရာကောင်းတဲ့ အမျိုးသမီးမရှိပါဘူး။ အူတိုတတ်တဲ့ချစ်သူလေးကို ပိုချစ်ပါနော်။ သူတို့က သင့်ကိုချစ်လို့သာအူတိုတာဖြစ်ပါတယ်။

သင့်ကိုမချစ်ရင် သူတို့စိတ်ထဲတောင်မတွေးပဲ ဖာသိဖာသာနေ နေမှာပါ။ သဝန်တိုတတ်တဲ့ ချစ်သူလေးကို ရထားရင် သင်ဟာကံကောင်းတဲ့လူသားတစ်ယောက်ဆိုတာကိုလက်ခံလိုက်ပါ။ သဝန်တိုတဲ့နေရာမှာလည်း ကိုယ့်ချစ်သူရဲ့ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာကို ထိခိုက်နိုင်တာတွေရှိတာမို့ ပျိုမေတို့အနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်းလေး ချစ်ပါရစ်ပါလို့ ပြောလိုက်ပါရစေ။

credit to original writer